Home မေးမြန်းခန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်ထုတ်ပြန်ခြင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်ထုတ်ပြန်ခြင်း

အင်တာဗျူး

စစ်သည်တော်ကျင့်ဝတ်တွေနဲ့ဆက်စပ်ပြီး လိုအပ်ချက်တွေထပ်မံဖြည့်စွက်ကာ မွန်းမံထားတဲ့စစ်သည်တော်ကျင့်ဝတ်အသစ် ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်မှာ ထပ်မံထုတ်ပြန်လိုက် ပါတယ်။

ဒေသကာကွယ်ရေး(PDF)တပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ်တွေကို NUG က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာပထမဦးဆုံးပြဌာန်းခဲ့တာဖြစ်ပါတယ်။

ဒီထဲမှာ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းများ၊ ပစ်မှတ်သတ်မှတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေအပေါ် ပြုမူဆက်ဆံ ခြင်း၊ အရပ်သားပြည်သူများအပေါ်ပြုမူဆက်ဆံခြင်း၊ အမျိုးသမီး၊ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTIQ)နဲ့ ကလေးများအပေါ် ပြုမူဆက်ဆံခြင်းဆိုတဲ့ခေါင်းစဉ်ကြီး ၅ ခုနဲ့စည်းကမ်းချက်တွေကို ဖော်ပြထားပါတယ်။

ကျင့်ဝတ်အရ ဒေသကာကွယ်ရေး(PDF)တပ်ဖွဲ့ဝင်များအားလုံးဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေနဲ့ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာကျင့်သုံးရမယ်လို့ ဆိုထားပါတယ်။

ကျူးလွန်သူတွေဟာ တည်ဆဲဥပဒေတွေအရ ထိရောက်စွာ အရေးယူခြင်းခံရမယ်လို့လည်း အသိပေးထားတာဖြစ်ပါတယ်။

ဒီကျင့်ဝတ်တွေထဲမှာ အမျိုးသမီးတွေအပေါ်ထားရှိရမယ့်ကျင့်ဝတ်တွေနဲ့ ဒီကျင့်ဝတ်တွေက မြေပြင်မှာဖြစ်ပွားနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကို ဘယ်လောက်ထိလျော့ပါးသွားစေနိုင်မလဲစတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ အမျိုးသမီးနဲ့ Gender ဌာနရဲ့ဌာနမှူး ဒေါ်သန္တာကို HI(Honest Information) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ NUG ရဲ့စစ်သည်တော်ကျင့်ဝတ် ပြန်လည်မွမ်းမံမှုမှာ အမျိုးသမီးများအပေါ်ထားရှိရမယ့် စစ်သည်တော် ကျင့်ဝတ်တွေက ဘာတွေပါလဲရှင့်။

ဖြေ ။ ။ အဓိကကတော့ စစ်သည်တော်ကျင့်ဝတ်ထဲမှာ အခန်းတစ်ခန်းအနေနဲ့ ထည့်ထားတာတော့ရှိတယ်။ အမျိုးသမီး လိင်စိတ်ခံယူမှုကွဲပြားသူ LGBT နဲ့ ကလေးများအပေါ်ပြုမူဆက်ဆံခြင်းဆိုတဲ့အခန်းမှာဆိုရင် တခန်းလုံးထည့်ထားတာရှိတယ်။ နောက်တစ်ခုက စစ်သည်တော်ကျင့်ဝတ်စည်းကမ်းပေါ့။ အဲ့ဒီမှာလည်း အချက် ၁၀ ချက်ထဲမှာလည်း အချက် တစ်ချက် အနေနဲ့ ထည့်ထားတာရှိတယ်။ အဲ့ဒါက လူမျိုးဘာသာ ကျား၊ မ လိင်စိတ်ခံယူမှုကွဲပြားမှုနဲ့ ယုံကြည်မှုအပေါ် မူတည်၍ ခွဲခြား ဆက်ဆံခြင်းမပြုရဆိုတာက မူလစစ်စည်းကမ်းထဲမှာ ထည့်ထားပါတယ်။

နောက်တခါ ဖမ်းဆီးထိန်းသိမ်းခံရသူများအပေါ်မှာ ပြုမူဆက်ဆံခြင်းမှာဆိုလည်း အမျိုးသားနဲ့ အမျိုးသမီးကို သီးခြားခွဲခြား ချုပ်နှောင်ရမယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ လူ့အခွင့်အရေးတွေနဲ့အညီ သက်ဆိုင်ရမယ်ဆိုတာမျိုး အဲ့ဒါ မျိုးတွေထည့်ထားတယ်။ တခုရှိသေးတယ်။ အရပ်သားပြည်သူအပေါ်ပြုမူဆက်ဆံခြင်းပေါ့။ အဲ့ဒီမှာလည်း ထိရှလွယ်အုပ်စု များဖြစ်တဲ့အမျိုးသမီး၊ ကလေးများ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအပေါ်မှာ အကူအညီပေးပြီး အထူး ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ ထည့်ထားတယ်။

အခန်းတစ်ခုအနေနဲ့ သီးသန့်ထည့်ထားတာလည်းပါတယ်။ အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)နဲ့ ကလေးများ အပေါ်ပြုမူဆက်ဆံခြင်းဆိုတာ အခန်းတစ်ခုအနေနဲ့ အချက် ၆ ချက်ထည့်ထားပါတယ်။ ဒီတခေါက်ထုတ်ပြန်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်ထဲမှာတော့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး တော် တော်များများပါဝင်နေတယ်လို့ ပြောလို့ရတယ်။

Photo credit – Original uploader
Photo credit – Original uploader

မေး ။ ။ လက်ရှိဖြစ်နေတဲ့ လိင်အခြေပြု အကြမ်းဖက်မှုတွေကို ဘယ်လောက်အထိ လျော့ပါးပပျောက်သွားစေနိုင်မလဲရှင့်။

ဖြေ ။ ။ အဲ့ဒါကတော့ စိန်ခေါ်မှုတော့ အများကြီးရှိဦးမယ်။ နံပါတ် တစ်အချက်ကတော့ စစ်စည်းကမ်းတွေထုတ်ပြန်တယ်။ ဒါပေမဲ့လိုက်နာတာက ဘယ်လောက်အထိလိုက်နာသလဲ။ မလိုက်နာရင် သူတို့ကို ဘယ်လောက်အထိ အရေးယူအပြစ်ပေး သလဲ။ ဆိုတော့ စည်းကမ်းလိုက်နာမှုဆိုတာ အပြစ်ပေးအရေးယူတာနဲ့ တတွဲထဲပါလာတာ အဲ့ဒီအပေါ်မှာလည်း အများကြီး တော့ တည်မှီနေဦးမယ်လို့ ထင်တယ်။ ဒါပေမဲ့ စစ်သည်တော်ကျင့်ဝတ်ထုတ်ပြန်လိုက်ခြင်းအားဖြင့်တော့ ထိန်းချုပ်မှုတစ်ခု တော့ ဖြစ်သွားတယ်လို့တော့ ယူဆလို့ရတယ်။ သို့ပေမယ့် GBV case တွေ လျော့ပါးဖို့ဆိုရင်တော့ စစ်သည်တော်ကျင့်ဝတ် တင်မဟုတ်ဘဲ လိုက်နာလာအောင် တကယ်လုပ်ဖို့ရယ် မလိုက်နာတဲ့သူကို တိကျတဲ့ပြစ်ဒဏ်ပေးဖို့ရယ် နောက်ထပ် ရှိဦး မယ်လို့တော့ ထင်ပါတယ်။

Photo credit – Original uploader
Photo credit – Original uploader

မေး ။ ။ ဒီကျင့်ဝတ်တွေကို အမှန်တကယ်လေးစားလိုက်နာမှုရှိအောင် ဘယ်လိုပညာပေးစည်းရုံးမှုတွေလုပ်မလဲ။

ဖြေ ။ ။ အခုတော့ စစ်ဥပဒေချုပ်ရုံးက အနေနဲ့တော့ မြို့နယ်တပ်ရင်း၊ တပ်ဖွဲ့တွေရော မြို့နယ်ပကဖ အဖွဲ့ဝင်တွေပါ ဒါတွေကို လိုက်နာဖို့ဆိုပြီး အသိပညာပေးတဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲ(workshop)တွေပေးနေတာတွေရှိတယ်။ ကျမတို့ဝန်ကြီး ဌာနကလည်း ဒါနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး စစ်ဥပဒေချုပ်ရုံးကို ပြောထားတာ ရှိတယ်။

နောက်တစ်ခုက ကျမတို့ NUG က ထုတ်ပြန်ထားတဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ် မရာပြုမူခြင်းဆိုင်ရာကာကွယ်ပေးရေးမူဝါဒ(Protection of Sexual Harassment, Exploitation and Abuse Policy ) ဆိုတာ သူ့လွှမ်းခြုံတဲ့နယ်မြေက NUG လား။ NUG ကဝန်ထမ်းတွေတို့ ဒါမှမဟုတ်ရင် ဘော်လန်တီယာ(volunteer)တွေတို့ အကုန်လုံး ဒီပေါ်လစီကိုလိုက်နာရမယ်ဆိုပြီးတော့ NUG တစ်စုံလုံးစာထုတ်ပြန်ထားတဲ့ပေါ်လစီဖြစ်တယ်။ အဲ့ဒီအတွက် ကြောင့် တပ်ရင်းတပ်ဖွဲ့တွေလည်းပါဝင်ပြီးသားဖြစ်တယ်။

ကျမတို့ဝန်ကြီးဌာနက တစ်ဖက်ကနေ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာကာကွယ်ပေးရေးမူဝါဒတွေကို အသိပညာပေးသင်တန်းတွေပေးနေတယ်။ နောက်ပြီးတော့ တကယ်လို့ ဒီလို ကျူး လွန်မှုတွေဖြစ်လာရင် တိုင်ကြားနိုင်ဖို့အတွက် မြို့နယ်အလုပ်အဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ဒီအမှုတိုင်ကြားမှုယန္တရား တွေကို တော့ စတင်တည်ဆောက်တာမျိုးဖြစ်တယ်။ တဖက်ကလည်း ကျင့်ဝတ်စည်းကမ်းထဲမှာ မပါပေမယ့် တခြား ပေါ်လစီတွေနဲ့ ထိန်းကျောင်းတာမျိုးလုပ်နေတာတော့ရှိတယ်။ အဲ့ဒါတွေကိုတော့ ကျမတို့ဝန်ကြီးဌာနကနေ လုပ်ဆောင် နေပါတယ်။

မေး ။ ။ ရှမ်းမြောက်က ပလောင်တပ်မှာဆိုရင် အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့အကြမ်းဖက်တာတွေကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေပေးလေ့ရှိတယ်။ အဲ့လိုအပြစ်ပေးတာမျိုးတွေရှိလား။

ဖြေ ။ ။ အဲ့ဒါတော့ ကျမသေချာမသိဘူးရှင့်။ အဲ့ဒါပဲ စစ်ဥပဒေချုပ်ရုံးက သိလိမ့်မယ်။ ဘာလို့ဆို အဲ့ဒီအမှုတွေကို သူတို့ လက်ရှိစစ်ဆေးနေတာတွေရှိတယ်။ နောက်စစ်ဘက်တရားရုံးက စီစဉ်တာဖြစ်တဲ့အတွက် ကျမတို့က ZOOM ကနေဝင်ပြီး နားထောင်လို့ မရဘူး။ အဲ့ဒါက စစ်ဥပဒေချုပ်ရုံးက ပိုသိလိမ့်မယ်။ သူတို့နဲ့ပိုဆိုင်တယ်။ ကျမတို့ဝန်ကြီးဌာနကတော့ အရပ် ဖက်ကိုပဲ ပိုပြီးအသိပညာပေးလုပ်ရတဲ့ဌာနဖြစ်တယ်။

မေး ။ ။ အမျိုးသမီးတွေအကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်ပြီး အမျိုးသမီးဝန်ကြီးဌာနကို တိုင်ကြားလာတဲ့အမှုတွေရှိလား။ အဲ့ဒီအမှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေတာမျိုးရှိလားရှင့်။

ဖြေ ။ ။ ရှိတယ်။ ကျမတို့မှာ case management team ဆိုတာရှိတယ်။ ဆိုတော့ ကျမတို့ဝန်ကြီးဌာနကနေ မြေပြင်က တိုင် ကြားစာတွေတက်လာတဲ့အခါ ကျမတို့က သိမ်းဆည်းတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပို့တယ်။ နောက်ပြီး တော့ NUG မှာဆိုရင် ကြားကာလဗဟိုတိုင်ကြားရေးကော်မတီဆိုတာရှိတယ်။ အဲ့ဒီကိုပို့တယ်။ ပြီးရင် ကျမတို့က နောက် ဆက်တွဲ အခြေအနေကို ဆက်လိုက်တယ်။ ဒီအမှုက ဘယ်အဆင့်ကိုရောက်ရှိသွားပြီလဲ။ ပြီးတော့ ဆက်စပ်တဲ့ဝန်ကြီးဌာန တွေကို ခေါပြီးတော့ ကျမတို့ဝန်ကြီးဌာနက တွေ့ဆုံမေးမြန်းတာတွေ ဆွေးနွေးတာတွေလည်းလုပ်တယ်။

နောက် ကျမတို့ဝန်ကြီးဌာနက ကျမအနေနဲ့ဆိုရင် စစ်ဘက်အရပ်ဘက်အမှုခွဲဝေချထားခြင်းဗဟိုအဖွဲ့မှာလည်း ဝင်ပြီးတော့ အဖွဲ့ဝင်အနေနဲ့ လုပ်တယ်။ အဲ့ဒါကတော့ တချို့အမှုတွေနဲ့ပတ်သက်ပြီး စစ်ဘက်တရားရုံးမှာ စစ်ဆေးမလား။ အရပ်ဘက် တရားရုံးမှာ စစ်ဆေးမလားဆိုတဲ့အငြင်းပွားဖွယ်တွေဖြစ်လာတဲ့အခါ ဆုံးဖြတ်တဲ့အဖွဲ့မှာလည်း လုပ်တယ်။ ဆိုတော့ ကျမ တို့ဝန်ကြီးဌာနအနေနဲ့ကတော့ case management ကို လုပ်ဆောင်နေတယ်။ နောက်ပြီးတော့ နောက်ဆက်တွဲဆက် လိုက် တာတွေ မြေပြင်က တိုင်ကြားသူတွေဆီကို ပြန်အကြောင်းကြားပေးတာမျိုးတွေလည်း ကျမတို့လုပ်ဆောင်နေပါတယ်။

မေး ။ ။ ဒါဆိုရင် အမျိုးသမီးဝန်ကြီးဌာနကို တိုင်ကြားလာတဲ့အမှုပေါင်းက ဘယ်လောက်ရှိပါသလဲ။ ဘယ်အမှုတွေက အများဆုံးလဲဆိုတာ သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ အမှုစာရင်းကိုတော့ တိတိကျကျပြောနိုင်မယ်မထင်ဘူး။ အရေအတွက်တော့ သိလို့ရတယ်။ ကျမတို့ဆီမှာတော့ အမှုအရေအတွက်တွေကို နေ့စဉ်စာရင်းတွေကို day by day ကောက်ယူနေတာ ထည့်သွင်းနေတာတွေရှိပါတယ်။ အကြမ်း ဖက်(violence case) အမှုကတော့ ကျမတို့ဆီမှာ ၁၄၇ မှုရှိတယ်။ (modifying) လုပ်နိုင်တဲ့ case အမှုက ၁၁၀ ရှိတယ်။ ဒါက သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပေးဖို့ဖြစ်တယ်။

ဒီထဲမှာ စစ်တပ်က ကျူးလွန်တဲ့အမှုတွေကတော့ အများဆုံးဖြစ်တယ်။ ဒုတိယမှာတော့ ပြည်သူ ပြည်သူချင်းဖြစ်ကြတဲ့အမှု တွေများလာတယ်။ တတိယမှာတော့ ဒေသတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက ကျူးလွန်တဲ့အမှုတွေဖြစ် တယ်။ ကျမတို့ဆီမှာ အများဆုံးတိုင်ကြားတဲ့အမှုတွေကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု (sexual violence case) တွေပါပဲ။

Author:

Related Articles