ဆီဆိုင်မြို့နယ်၊ ဘုရားဖြူရှိ စစ်ရှောင်စခန်းဆိုလျှင် ဇန်နဝါရီလအစောပိုင်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်တဲ့ အထိ ရှိခဲ့ပါတယ်။ စစ်ရှောင်တချို့တွေဟာ နေအိမ်ကို ပြန်သွားကြတာလည်း ရှိတာကြောင့် လက်ရှိမှာ ထိုစစ်ရှောင်စခန်းမှာ လူဦး ရေ လေးရာအထိ ကျန်ရှိနေပါသေးတယ်။ ထိုစစ်ရှောင်စခန်းကို HI က ရောက်ရှိခဲ့ပြီး စစ်ရှောင်တွေရဲ့ အခက်အခဲကြားက နေထိုင်မှုတွေကို လေ့လာမိခဲ့သလောက် ဖော်ပြပေးလိုက်ရပါတယ်။
ဓါတ်ပုံ အက်ဆေး
-
-
ဓါတ်ပုံ – သျှန်ကီခမ်း တပို့တွဲလပြည့်ညဆိုရင် ရှမ်းပြည်နယ်မှာ နှစ်စဉ်ပြုလုပ်ကျင်းပလျှက်ရှိတဲ့ ရိုးဓလေ့တစ်ခုရှိပါတယ်။ အဲ့ဒီပွဲတော်ကတော့ သျှားမီးပူဇော်တဲ့ပွဲပဲ ဖြစ်ပါတယ်။ တပို့တွဲလဟာ ဆောင်းရာသီကာလမှာ အအေးဆုံးဖြစ်တာကြောင့် မြတ်စွာဘုရားရှင်ကို…
-
ဟိုပုံးမြို့နယ်ထဲက ဒေသခံအများစုဟာ အရင်အချိန်တွေတုန်းကတော့ ဘိန်းစိုက်ပျိုးတဲ့ လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဘိန်းခင်းတွေကို အစိုးရအဆက်ဆက် မကြာခဏလာဖျက်စီးတာနဲ့ ဥပဒေကြောင်းအရ ပြဿနာတွေရင်ဆိုင်ရတာကြောင့် စားဝတ်နေရေး အပါအဝင် အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ကြရပါတယ်။
ဒါ့ကြောင့်နောက်ပိုင်းမှာ ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီကို ရွေးချယ်စိုက်ပျိုးခဲ့ကြပါတယ်။ ဓာတုဆေးဝါးတွေမသုံးဘဲ သဘာဝနည်းအတိုင်း ရှမ်းတောင်တန်းတွေပေါ်မှာစိုက်တဲ့ ဟိုပုံးကော်ဖီဟာ စျေးကွက်မှာ တဖြည်းဖြည်း နေရာရလာ ပါတယ်။
အခုဆိုရင် ဟိုပုံးဒေသခံ အမျိုးသမီးတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ဟိုပုံးကော်ဖီဟာ ပြည်တွင်းစျေးကွက်မှာလည်း စျေးကွက် ဝင်လာပြီး ပြည်ပပို့ကုန်အဖြစ် နယ်သာလန်အထိ ခြေဆန့်လာနိုင်ပါပြီ။
-
ဆန်ရရှိနိုင်ဖို့ စပါးကို ကိုယ်တိုင်ထောင်းပြီး လုပ်ကိုင်စားသောက်ကြသော ပအိုဝ်းအမျိုးသမီးများ ဓာတ်ပုံရသ
by webmaster873 viewsဓလေ့ထုံးတမ်းတွေကြားထဲက ကြီးပြင်းလာတဲ့ အမျိုးသမီးအများစုကလည်း ဒီလို မီးဖိုချောင်ကိစ္စတွေဟာ အမျိုးသမီး တွေရဲ့ အလုပ်သာဖြစ်ကြောင်း လက်သင့်ခံထားကြပါတယ်။ ဒါကြောင့် ဆန်စပါး စစိုက်တဲ့အချိန်ကစပြီး စပါး ၊ဆန်ကြမ်း ၊ ဆန်ချော ရသည်အထိ အမျိုးသမီးတွေပဲ လုပ်ကိုင်ကြပါတယ်။
-
ပဲပုတ်လုပ်တာက ချက်ရပြုတ်ရတာဖြစ်တာကြောင့် အမျိုးသမီးအလုပ် တစ်ခုလိုပင် သတ်မှတ်ကြပါတယ်။ အမျိုးသားတွေက အထူးတလည် လုပ်တာမျိုး မရှိပါဘူး။
တစ်ချို့တွေဆို ပဲပုတ်ချက်ပြီး ရောင်းရတဲ့ဝင်ငွေကို တစ်ချို့အိမ်ထောင်ဦးစီးတွေက အသိအမှတ်မပြုကြပါဘူး။ ဘာကြောင့် လဲဆိုတော့ များပြားတဲ့ ဝင်ငွေမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ -
ကျောက်တလုံးကြီးမှာ ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ကြပြီး သနပ်ဖက်၊ပြောင်း၊ စပါး၊ ကြက်သွန်၊လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ တဖက်မှာလည်း တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ပအိုဝ်းရိုးရာ လွယ်အိတ်၊ ပလိုင်း၊ မုန့်ကျွတ်၊ မုန့်လက်ကောက် စတဲ့ ဒေသထွက်အစားအသောက်တွေကိုလည်း လုပ်ကြပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
မိနစ် ၂၀ လောက် မောင်းလာလိုက်မယ်ဆိုရင် နောင်ဟဲင်းကျေးရွာကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ရွာအဝင်မှာ ပထမဆုံးတွေ့ရမှာက မိသားစုသုံးယောက် တနိုင်တပိုင်မုန့်ကြွပ်လုပ်ငန်း လုပ်ကိုင်နေ တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
-
ခမောက်တွေကို အော်ဒါမှာသူမရှိလဲ တောင်ယာထဲ ဆင်းလို့ မရတဲ့ အချိန်တွေဆို သူငယ်ချင်း အချင်းချင်းဖွဲ့ပြီး ပြုလုပ်ကြ လေ့ရှိပါတယ်။ ခမောက်တွေကို ရက်လုပ်လာတာဟာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့် ကမ်းပြီး လက်ရှိအချိန်ထိ တည်ရှိနေဆဲပါ။
-
သနပ်ဖက်လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းပြုတဲ့ လုပ်ငန်းအဖြစ် သတ်မှတ်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပအိုဝ်းတောင်သူများသာမက တောင်ကြီးမြို့နယ်နဲ့ မြို့စွန် မှာရှိတဲ့ ကျေးရွာတွေမှာလည်း သနပ်ဖက်လုပ်ငန်းကိုဘိုးဘွားအစဉ်အဆက်က တည်းက ယခုထိ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။
-
ဗုဒ္ဓဘာသာအစဉ်အလာအရ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားတဲ့ ဝါတွင်းသုံးလစဝင်ချိန် ဝါဆိုလပြည့်နေ့တွေဆိုရင် လည်း ဓနုတိုင်းရင်းသားနဲ့ ပအိုဝ်းတိုင်းရင်းသား လူပျို၊ အပျိုတွေက ဘုရားဆွမ်းကပ်ရန် နေအိမ်မှ ဘုန်းကြီးကျောင်းဆီသို့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ အမျိုးသမီးများက မုန့်၊ ပန်းတွေနဲ့ ဘုရားဆွမ်းတော်ခွက်ထဲမှာ ပြင်ဆင်ထားတဲ့ ဆွမ်းတော်ပန်းကန်ကို အရှေ့ဘက်ကနေ ယူဆောင်လာရပြီး အမျိုးသားတွေကတော့ ရိုးရာ အိုးစည်၊ ဗုံမောင်း၊ ဝါးလက်ခုပ်၊ စတဲ့ ရိုးရာသံစဉ်မျိုးစုံဖြင့် တီးမှုတ်ကာ ပျော်ရွှင်စွာဖြင့်နေ့ထူးနေ့မြတ်လေးကို ဖြတ်သန်းလေ့ ရှိကြပါတယ်။
-
ယခင်ချိန်တွေမှာ ပအိုဝ်းကျေးရွာအများစုကတော့ ပအိုဝ်းရိုးရာ အိုးစည်တွေကို အမျိုးသားတွေကသာ အမြဲတီးလေ့ ရှိကြပါတယ်။ အမျိုးသမီးတွေ အဲ့ဒီအိုးစည်ကို တီးရင် ဘုန်းနိမ့်တယ်၊ နတ်မကြိုက်ဘူး၊ အိုးစည် အသံကောင်းကောင်း မထွက်ဘူးဆိုပြီး အယူရှိကြတဲ့အတွက် အမျိုးသမီးတွေကို တီးဖို့ နေနေသာသာ ထိတောင် ပေးမထိ ခဲ့ပါဘူး။