Home ဓါတ်ပုံ အက်ဆေး ပအိုဝ်းနှင့် ဓနုတိုင်းရင်းသားတို့၏ ဝါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ်မြင်ကွင်း

ပအိုဝ်းနှင့် ဓနုတိုင်းရင်းသားတို့၏ ဝါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ်မြင်ကွင်း

ကြည်ဖြူ/HI ။ ။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ သရက်ပင်လှရွာမှာ ပအိုဝ်းလူမျိုး နှင့် ဓနုတိုင်းရင်းသားတို့ အတူယှဉ်တွဲနေ ထိုင်ကြတဲ့ ‌ကျေးရွာလေးတစ်ရွာဖြစ်ပါတယ်။

ထိုရွာသူ ရွာသားအများစုဟာ လူမျိုးချင်းမတူပေမယ့် စည်းလုံးကြပြီး ကျေးရွာရဲ့ သာရေး၊နာရေးများကို အတူတကွ လှုပ်ရှား ဆောင်ရွက်လေ့ ရှိကြပါတယ်။

ဗုဒ္ဓဘာသာအစဉ်အလာအရ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားတဲ့ ဝါတွင်းသုံးလစဝင်ချိန် ဝါဆိုလပြည့်နေ့တွေဆိုရင် လည်း ဓနုတိုင်းရင်းသားနဲ့ ပအိုဝ်းတိုင်းရင်းသား လူပျို၊ အပျိုတွေက ဘုရားဆွမ်းကပ်ရန် နေအိမ်မှ ဘုန်းကြီးကျောင်းဆီသို့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။

အမျိုးသမီးများက မုန့်၊ ပန်းတွေနဲ့ ဘုရားဆွမ်းတော်ခွက်ထဲမှာ ပြင်ဆင်ထားတဲ့ ဆွမ်းတော်ပန်းကန်ကို အ‌ရှေ့ဘက်ကနေ ယူဆောင်လာရပြီး အမျိုးသားတွေကတော့ ရိုးရာ အိုးစည်၊ ဗုံမောင်း၊ ဝါးလက်ခုပ်၊ စတဲ့ ရိုးရာသံစဉ်မျိုးစုံဖြင့် တီးမှုတ်ကာ ပျော်ရွှင်စွာဖြင့်နေ့ထူးနေ့မြတ်လေးကို ဖြတ်သန်းလေ့ ရှိကြပါတယ်။

ဘုရားဆွမ်းတော် ကပ်ပြီး ရွာဦးဘုန်းကြီးကို ကန်တော့ ကုသိုလ်ယူကြပြီး အဲဒီနေ့ မှာဆိုလျှင်လည်း ခြံ၊ အလုပ်တွေကိုမလုပ်တော့ဘဲ ကျေးရွာရဲ့ ဝေယျာစ္စလုပ်ရင်းနဲ့ သူတို့ရဲ့ တစ်နေ့တာကို ဖြတ်သန်းကြပါတယ်။

အ‌ရှေ့ဘက်မှာပအိုဝ်းတိုင်းရင်းသား လူပျိုတွေက ပအိုဝ်းရိုးရာ အိုးစည်တွေကို တီးခတ်ကြပြီး၊ အလယ်မှာတော့ အပျိုမ လေးတွေက ဆွမ်းတော်အုပ်တွေကို ကိုယ်စီကိုင်ထားကြပြီး ၊ ဓနုတိုင်းရင်းသား လူပျိုတွေကဓနုရိုးရာ အိုးစည်တွေကို တီးခတ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ကြပါတယ်။

ဝါတွင်း သုံးလမှာတော့ သက်ကြီးရွယ်အိုအများစုဟာ ဘုန်းကြီးကျောင်းနဲ့ ဇရပ်တွေမှာ လာရောက် တရားအားထုတ်လေ့ ရှိကြပါတယ်။ လာရောက်ပြီး ဥပုသ်သီလဆောက်တည်တဲ့ သက်ကြီးရွယ်အိုတွေကို အပျို၊ လူပျိုတွေက မနက်စာ ကျွေးမွေးဧည့်ခံ တည်ခင်းတာ၊ လှူဖွယ်ပစ္စည်းတွေကို လှူကြပြီး တဖက်မှာ အိုးစည်တွေတီးကြလေ့ရှိကြပါတယ်။

Related Articles