Home Author
Author

webmaster

  • “ကျနော် မောင်းအပြေး၊ မောင်းပြေးလိုက်တဲ့အချိန်မှာ လက်ကိုင်ကိုကိုင်နေရာကနေ အဲ့စစ်သားက ဖင်ထိုင်ခုံ နောက်အစွန်းကို ကိုင်လိုက်လာတာ ဒရွတ်တိုက်ကြီး၊ အတင်းမောင်းတာပဲ။ ဒါမြို့ပြမှာ သပိတ်သမားတွေရဲ့ ဒုက္ခပေါ့ “

  • “ဆေးခန်းသွားတော့ မနက်စစ်ပြီးညနေမှာ ဆေးရလာဒ်သိခဲ့တယ်။ စိတ်ဓာတ်ကတော့ အရမ်းကျသွား ခဲ့တယ်။ ကိုယ်ဖြစ်တာတော့ သိတယ်။ ဒါပေမဲ့အခုလိုကြီး လက္ခဏာပြလာတော့ မယုံနိုင်တော့ဘူး။ ညရောက်တာနဲ့ ငိုပြီ။ အမေကိုလည်း မျက်နှာမပြရဲဘူး။ အမေသမီးမနေချင်တော့ဘူး သမီးကိုတစ်နေရာ ပို့လိုက်တော့။ သမီးဆက်နေရင် အမေတို့နာမည်ပျက်လိမ့်မယ်။ အရမ်အားငယ်ပြီး ကိုယ့်ကိုယ်ကို သတ် သေချင်စိတ်ပေါက်တဲ့အထိဖြစ်ခဲ့တယ်”

  • “ဆီဈေးက ဒီထပ်တက်လာရင်တော့ ဆီကားသမားတွေတော်တော်များများ ဒုက္ခရောက်ကုန်လိမ့်မယ်။ စီးတဲ့ခရီးသည်တွေ အနေနဲ့လည်း ဒီထပ် ပေးပြီးတော့ သူတို့လည်း မိုင်ကုန်နေပြီ ပေးရတာလေ စီးနိုင်ကြမှာ မဟုတ်တော့ဘူး။ကားသမားတွေလည်း ဆွဲနိုင်ကြမှာ မဟုတ်တော့ဘူး။ စီးတဲ့ခရီးသည်တွေက ဒီခရီး ဒီငွေအမောင့်ကသွားနေကြ သွားနေကြ ဆိုပြီးပြောပေမယ့် ကိုယ်က ဒီဘက်မှာ ဆီဈေးက မတရားတက်နေတာ။ဆီဈေးများ ၂၅၀၀ကျော်သွားခဲ့ရင်တော့ အစ်မက တက္ကစီမောင်းတာ ရပ်ရမယ့် ဘဝဖြစ်နေပြီ “

  • “အမှန်အတိုင်း ဝန်ခံရရင် ကျမတို့ကြောက်လို့ ခုလိုတော်လှန်နေတာပါ။ အမိန့်အာဏာနဲ့ ထင်တိုင်းကြဲပြီးအုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကို ကြောက်တာ”

  • “အိမ်တွင်းအကြမ်းဖက်မှု ပြသာနာက နေရာတိုင်းမှာ ရှိနေပေမယ့် မတူတာက ဒီဘက်ဒေသမှာ စစ်ရှောင်နေရတဲ့ အခြေအနေမှာ ပြသာနာက တစ်ခုပြီးတစ်ခု ကြုံရတဲ့အချိန် အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာက ပံ့ပိုးမှုတွေ အများကြီး လိုအပ်တယ်”

  • “ ကျမတို့မြို့မှာက လက်နက်ကိုင်တွေပေါတယ်လေ။ ကိုယ့်တိုင်းရင်းသားလက်နက်ကိုင်တွေ အားကိုးရမယ် မထင်နဲ့ သူတို့တောင်းတဲ့ ဆက်ကြေး (အခွန်)တွေတာပေးရတာ ကျမတို့ရဲ့ လုံခြုံရေးကို တချက်မှ မကြည့်ဘူး။ ဓားပြတွေ သူခိုးတွေလည်း မဖမ်းပေးဘူး။ ဒီမှာ မလုံခြုံတော့ တချို့ဆိုရင် ရန်ကုန်၊ မန္တလေးဘက် ပြောင်းသွားတယ်”

  • “ပစ္စည်းတွေမရရင် ဒီအလုပ်ကို မလုပ်ချင်တော့ဘူးဆိုပြီး ဖော့ပေါ်မှာ စိတ်ကုန်သွားတာလည်းရှိတယ်။ ဆင်းချင်စိတ် မရှိတော့ဘူး။ အော် ငါ့သားသမီးလေးတွေရှိသေးတယ်ဟ၊ ဒီအလုပ်ကိုမလုပ်ရင် သူတို့စားဖို့ခက်လိမ့်မယ် ဆိုပြီး ကိုယ့်ဘာ ကိုယ် စိတ်ကိုအားပေးပြီး လုပ်ရတယ်”

  • “ယောကျာ်းကိုကွာဖို့ သူများအိမ်မှာ အလုပ်လုပ်ပေးရင်း အကြွေးဆပ်ခဲ့ရတယ်။ ယောကျာ်း ယူမသုံးနိုင်အောင် အရိုက်ခံပြီး ငွေစုတယ်။ ငွေပေးလည်း ရွာလူကြီးတွေနဲ့ သူ့မိဘတွေလည်း ကွာမပေးတော့ ထွက်ပြေးရတယ်”လို့ လွေးက ဆိုပါတယ်။