Home Uncategorized နွေဦးတော်လှန်ရေးထဲက ရဲဝင့်စွန့်စား အမျိုးသမီးများ

နွေဦးတော်လှန်ရေးထဲက ရဲဝင့်စွန့်စား အမျိုးသမီးများ

HI

မတ်လ၈ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာတော့ မတ်လ ၈ ရက်နေ့ ရောက် တိုင်း အမျိုးသမီးအခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးတို့အတွက် အသိအမြင်မျှဝေရေးလှုပ်ရှားမှုတွေကို နှစ်စဥ်ပြုလုပ်ကြ ပါတယ်။

၁၉၀၈ ခုနှစ်မှာ အမျိုးသမီးတွေဟာ လမ်းမပေါ်ချီတက်ဆန္ဒပြကာ သူတို့ရဲ့အခွင့်အရေးတွေအတွက်တောင်းဆိုခဲ့ကြတယ်။ အဲ့ဒီ လှုပ်ရှားမှုတွေကနေအစပြုပြီး မတ်လ ၈ရက်ကို ၁၉၇၅ ခုနှစ်မှာ ကုလသမဂ္ဂက တရားဝင်သတ်မှတ်ခဲ့တယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအရွေ့၊ သမိုင်းရဲ့အရွေ့ တိုင်းမှာ အမျိုးသမီးများဟာ ရွပ်ရွပ်ချွံချွံ ရှေ့တန်းကနေပါဝင်ခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေဟာစစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာရှေ့တန်းကပါဝင်နေကြပါတယ်။ နွေဦး တော်လှန်ရေးတွေထဲကနေ စာဖတ်ပရိတ်သတ်တွေအမှတ်တရရှိနေစေမယ့် HI ကရေးသားဖော်ပြခဲ့တဲ့ အမျိုးသမီး အကြောင်း တွေထဲက အမျိုးသမီးအချို့ရဲ့ပုံရိပ်တွေကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြပေးလိုက်ရပါတယ်။  

မြသွဲ့သွဲ့ခိုင်

အသက် ၂၁နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပထမ ဆုံး အသက်ပေးခဲ့ရတဲ့ အမျိုးသမီးငယ်ဖြစ်တယ်။

၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် ၊ သပြေကုန်းအဝိုင်း ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူအုပ်ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကျည်ထိမှန်ခံခဲ့ရပြီး သေလုမြောပါး ဒဏ်ရာ ရခဲ့တာပါ။ အဲ့ဒီနေ့ကစတင်ပြီး မမြသွဲ့သွဲ့ခိုင်ဟာ သတိမရတော့ဘဲ နောက်ထပ် ၁၀ ရက်အကြာ ဖေဖော်ဝါရီ ၁၉ရက်မှာ နေ ပြည်တော်က ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာပြည်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ ပထမဆုံးကျဆုံးတဲ့ အမျိုးသမီးပြည်သူ့သူရဲ ကောင်းတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကြယ်စင်

မန္တလေးမြို့က ဆန္ဒပြလူငယ်တစ်ဦးဖြစ်တဲ့ မကြယ်စင်ကို “Everything will be OK” တီရှပ်နဲ့မိန်းကလေးအဖြစ် မြန်မာနိုင်ငံ သာမက နိုင်ငံတကာကပါ သိရှိခဲ့တယ်။

ကျားရှီ၊ အိန်ဂျယ် စတဲ့အမည်တွေနဲ့လူသိများပြီး တရုတ်သွေးပါတဲ့ ၁၀ ကျော်သက်အမျိုးသမီးငယ်ဟာ ၂၀၂၁ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ မန္တလေးမြို့ ၈၄ လမ်းနဲ့လမ်း ၃၀က ဆန္ဒပြပွဲမှာ သေနတ်ထိမှန်ကျဆုံးခဲ့ပါတယ်။

“အားလုံးအဆင်ပြေသွားမှာပါ”လို့အဓိပ္ပါယ်ရတဲ့ “(Everything will be OK)”  ဆိုတဲ့စာသားပါ အနက်ရောင်တီရှပ်ကို ဝတ် ဆင်ရင်း ဆန္ဒပြလူအုပ်ကြားမှာ တက်တက်ကြွကြွပါဝင်နေတဲ့ သူ့ရဲ့ရုပ်ပုံတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအကြား ယနေ့အချိန်အထိ အမှတ်တရရှိနေဆဲပါပဲ။

မအားခူ

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး Women for Justic (WJ)ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မအားခူဟာ နွေဦး တော်လှန်ရေးမှာ အသက်ပေးခဲ့ရပါတယ်။

ကလေးမြို့၊ တာဟန်းလူထုသပိတ်ကို စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဖြိုခွဲရာမှာ မအားခူတစ်ယောက် ရင်ဘတ်ကို ကျည်ထိ မှန်ပြီး ၂၀၂၁ ၊ မတ် ၂၈မှာ ကျဆုံးခဲ့တာဖြစ်တယ်။ ကျဆုံးပြီးနောက်ရုပ်အလောင်းကို နာမည်မထိုးနိုင်ဘဲ ဂူသွင်းသဂြိုလ်ခဲ့ရ ပါတယ်။  

မပန်းသီး

စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာကိုမခံဘဲ ရန်ကုန်မြို့လယ်မှာရှိတဲ့ တိုက်ပေါ်ကနေ ခုန်ချသွားခဲ့တဲ့ အသက် ၂၉နှစ်အရွယ် မပန်းသီး (ခေါ်) မဝေဝေမြင့်ဟာ မြို့ပြတော်လှန်ရေးအမျိုးသမီးတွေထဲက တစ်ယောက်ပါ။

စစ်ကောင်စီတပ်တွေက မပန်းသီးနဲ့ သူ့ရဲဘော်တွေကို ခြေရာခံမိသွားခဲ့ပြီး ၂၀၂၁ခုနှစ် ၊ သြဂုတ်လ ၁၀ ရက်မှာ ရန်ကုန်မြို့လယ် ၄၄ လမ်းက သူတို့စခန်းချရာတိုက်ခန်းကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ စစ်တပ်ဖမ်းတာမခံလိုတဲ့ မပန်းသီးအပါအဝင် လူငယ် ငါးဦးဟာ သုံးလွှာအမြင့်ရှိတဲ့ တိုက်ခန်းကနေ ခုန်ချခဲ့ကြပါတယ်။

အသက်ငါးနှစ်အရွယ်သမီးငယ်ရဲ့ မိခင်မပန်းသီး(ခေါ်)မဝေဝေမြင့်နဲ့ သူ့ရဲဘော်တွေရဲ့ အဖြစ်အပျက်ကို “ကောင်းကင်ဆီ ခုန်ချ သွားတဲ့ ပန်းသီး”“၄၄လမ်းတွင် ကြွေလွင့်ခဲ့ရသော ပန်းသီး” စသဖြင့် သတင်းဌာနတွေက ရေးသားဂုဏ်ပြုခဲ့ကြသလို ပြည်သူ တစ်ရပ်လုံးက မှတ်မှတ်ရရရှိနေခဲ့ကြပါတယ်။  

မအိသဥ္ဇာမောင်

နွေဦးတော်လှန်ရေးအစပိုင်းမှာ ရန်ကုန်မြို့က စက်ရုံအလုပ်သမားတွေနဲ့အတူတွဲပြီး စစ်ကောင်စီကိုဆန့်ကျင်ဖို့ လမ်းမတွေပေါ် ထွက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ မအိသဥ္ဇာမောင်ဟာအမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ ၂၀၂၁ နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ရသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ ရဲစွမ်းသတ္တိရှိသူ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများဆု (International Women Of Courage) ကို ၂၀၂၂ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ရရှိခဲ့ပါတယ်။ မအိသဥ္ဇာမောင်ဟာ NUGဝန်ကြီးမဖြစ်ခင်က တည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ယောက်ဖြစ်ခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

အက်စတာဇေနော

နွေဦးတော်လှန်ရေး အစပိုင်းမှာ ရန်ကုန်မြို့က စက်ရုံအလုပ်သမားတွေနဲ့အတူတွဲပြီး စစ်ကောင်စီကိုဆန့်ကျင်ဖို့ လမ်းမတွေ ပေါ်ထွက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အက်စတာဇေနောဟာ ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ ၂၀၂၁ နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ရသူဖြစ်တယ်။

TIME မဂ္ဂဇင်းအနေနဲ့ သူတို့ရဲ့လေ့လာဆန်းစစ်မှုတွေအရ မအိသဉ္ဇာမောင်နဲ့အက်စတာဇေနောတို့ဟာ ဖေဖော်ဝါရီလ ၆ ရက် ကစ ရန်ကုန်မြို့မှာ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ စတင်ဆန္ဒပြခဲ့တာက မြန်မာနိုင်ငံရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးလှိုင်းကို ပြည်သူလူထုရဲ့နိုင်ငံရေးရေချိန်နဲ့ ချိန်သားကိုက်လှုံ့ဆော်နိုင်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်ကြောင့် ဖော်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။ အက်စတာဇေနောဟာ စစ်ဘေးရှောင်အရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ၂၀၁၁ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သူ လည်းဖြစ်ပါတယ်။

စစ္စတာအန်းရိုဇားနူးတောင်

သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီတပ်သားတွေရှ့မှာ ဒူးထောက်နေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးကို နွေဦးတော်လှန်ရေးရဲ့ နေ့စွဲတွေထဲမှာမြင်တွေ့ခဲ့ရပါတယ်။ သူကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က အသက် ၄၆နှစ်အရွယ် ခရစ်ယာန်သီလရှင် စစ္စတာအန်းရိုဇားနူးတောင်ပါ။ စစ္စတာဟာ  “မလိဂင်ဒိုင်လို့အမည်ပေးထားတဲ့ ပရဟိတဆေးခန်းတာဝန်ခံလည်း ဖြစ်ပါတယ်။

မလိဂင်ဒိုင်ပရဟိတဆေးခန်းဟာဆင်းရဲနွမ်းပါးသူတွေ၊ စစ်ဘေးရှောင်တွေကို အခမဲ့ဖြစ်စေ၊ စရိတ်မျှပေးဖြစ်စေ ကုသပေးပါ တယ်။ စစ္စတာအန်းရိုဇားနူးတောင်ရဲ့လုပ်ရပ်ကြောင့် “ရဲရင့်သောသီလရှင်”အဖြစ် နိုင်ငံတကာမီဒီယာတွေကြားမှာ ထင်ရှားခဲ့ တယ်။

ကတိကဆရာမ ဒေါ်ရတီအုန်း

စာသင်ခန်းကိုစွန့်ကာ မြေဖြူကိုင်တဲ့လက်ကနေ သေနတ်ကိုင်ခဲ့သူတစ်ဦးလည်းရှိပါတယ်။ သူကတော့ ကလေးမြို့အစိုးရ နည်း ပညာအထက်တန်းကျောင်းက ကထိကဌာနမှူး ဒေါ်ရတီအုန်း ဖြစ်တယ်။

ကထိကတစ်ဦးဖြစ်တဲ့ ဒေါ်ရတီအုန်းဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှာ ပါဝင်ရာကနေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အဖြစ် တော်လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့ပါတယ်။ ဒေါ်ရတီအုန်းဟာ တော်လှန်ရေးတပ်သားအဖြစ်တင်မက ဆေးတပ်သားအဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့တယ်။

ရှေ့တန်းမှာ ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရုံတင်မက  စစ်ဘေးရှောင်နေကြရ တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မိသားစုတွေနဲ့ အရပ်သားပြည်သူ ၊ အမျိုးသမီး၊ ကလေးငယ်တွေကို ကျန်းမာရေးစောင့် ရှောက်မှုပေးနေသူ ဖြစ်တယ်။

ပါဝါရိန်းဂျားအညိုကောင် (ခေါ်) ဆရာလေးဒေါ်ဝရဉာဏီ

နွေဦးတော်လှန်ရေးကာမှာ ပါဝါရိန်းဂျားအညိုကောင်လို့ ပြည်သူတွေကြားထူးထူးခြားခြား ပြောစမှတ်ပြုခဲ့သူတစ်ဦးရှိပါတယ်။ သူကတော့ ဆရာလေးဒေါ်ဝရဉာဏီပါ။

ဆရာလေးဒေါ်ဝရဉာဏီရဲ့ကျောင်းကို စစ်သားတွေဝင်ရောက်ရှာဖွေခဲ့ပြီး ဆရာလေးကိုရိုက်နှက်ခဲ့တယ်။ ဆရာလေးဟာ စစ်သားတွေလက်ကနေ လွတ်အောင်ထွက်ပြေးခဲ့တယ်။

သာသနာ့နွယ်ဝင်သီလရှင်တစ်ဦးဖြစ်တဲ့ ဆရာလေးဒေါ်ဝရဉာဏီက တရားကျင့်ကြံအားထုတ်မှုတွေကနေ စစ်ကောင်စီရဲ့ ရက် စက်ကြမ်းကြုတ်မှုတွေကြောင့် သင်္ကန်းကိုဖယ် လူဝတ်လဲပြီး လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်အာဏာရှင်ကို ဆန့်ကျင် နေ တဲ့ အခြားသောရဲဘော်တွေနဲ့အတူ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူပါ။

မဟန်နီနွေဦး

တက်သစ်စမော်ဒယ်၊သရုပ်ဆောင်အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ ဟန်နီနွေဦးဟာ စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ သပိတ်တိုက်ပွဲတွေမှာပါဝင်ခဲ့တယ်။ ၂၀၂၂ခုနှစ်ထဲမှာတော့ စစ်သင်တန်းတက်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်ဖြစ်လာခဲ့တယ်။ အလားအလာကောင်းတွေရှိတဲ့ သူ့ရဲ့အနာဂတ်ကိုစွန့်လွှတ်ကာ စစ်အာဏာရှင်ကိုတော်လှန်ပုန်ကန် နေသူ တစ်ဦးဖြစ်ပါတယ်။ 

မအဲလစ္စဘတ်

မအဲလစ္စဘတ်ဟာစစ်တပ်က ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ဆောင်ဒူလာကျေးရွာကို လက်နက်ကြီး တွေနဲ့တရစပ်ပစ်ခတ်ပြီး လေကြောင်းကနေပါဗုံးကျဲတိုက်ခိုက်တာကြောင့် စစ်ရှောင်နေရတဲ့ အရပ်သားပြည်သူတွေကို ကယ် ထုတ်ရင်း အသက်ပေးသွားခဲ့တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။

သားဖွားသင်တန်းကျောင်းသူဖြစ်ဦးဖြစ်တဲ့ မအဲလစ္စဘတ်ဟာ CDMလှုပ်ရှားမှုမှာလည်းတက်တက်ကြွကြွပါဝင်ခဲ့တယ်။

အကြမ်းဖက်စစ်တပ်က CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပုဒ်မမျိုးစုံတပ်ကာဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးတာ တွေ လုပ်နေတာကြောင့် တိမ်းရှောင်ရင်းနဲ့ Free Burma Ranger အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။

Free Burma Ranger အဖွဲ့ဟာ စစ်ပဋိပက္ခတိုက်ပွဲဖြစ်ရာဒေသတွေမှာ ပိတ်မိနေတဲ့အရပ်သားပြည်သူတွေကို ကူညီကယ် ဆယ်၊ ဆေးကုပေးတာနဲ့လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

မဖြူပန်းနုခင်

အမေရိကန် စိတ်ပညာအသင်းကြီးကချီးမြှင့်တဲ့ ၂၀၂၂ခုနှစ်အတွက် စိတ်ပညာရပ်ဆိုင်ရာထူးချွန်ကျောင်းသားဆုကို ဗားမောက် ပြည်နယ်၊ ဗားမောက်တက္ကသိုလ်မှာပညာသင်ကြားနေတဲ့ ဘွဲ့လွန်ကျောင်းသူမဖြူပန်းနုခင်ကရရှိခဲ့ပါတယ်။ ကုသရေးဆိုင်ရာ စိတ်ပညာဘာသာရပ်မှာထူးချွန်ရုံတင်မကဘဲ လူမှု့အသိုင်းအဝိုင်းအတွင်း အကျိုးပြုလုပ်ငန်းတွေမှာ ရွတ်ရွတ်ချွံချွံပါဝင် ဆောင် ရွက်နေတဲ့ ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်။

မဖြူပန်းနုခင်ဟာ နွေဦးတော်လှန်ရေးမှာလည်း စိတ်ပညာရပ်ဆိုင်ရာတွေကို မြန်မာပြည်သူတွေကိုမျှဝေပေးနေသူတစ်ဦးပါ။

မအင်ကြင်းစံ

ဖက်ရှင်ဒီဇိုင်နာ အင်ကြင်းစံကနွေဦးတော်လှန်ရေးကိုဂုဏ်ပြုတဲ့အနေနဲ့ နယူးယောက်ဖက်ရှင်ဒီဇိုင်းပြပွဲတစ်ခုမှာ မြန်မာ့ရိုးရာ ချိတ်ဒီဇိုင်းတွေကိုဖန်တီးပြီး မြန်မာပြည်ရဲ့အခြေအနေတွေကိုဖော်ပြတဲ့ ဆောင်ပုဒ်တွေနဲ့စစ်အာဏာရှင် တော်လှန်ရေး လှုံ့ ဆော်မှုပြုလုပ်ခဲ့ပါတယ်။

ဖက်ရှင်ဒီဇိုင်းဖန်တီးသူတစ်ယောက်အနေနဲ့ တတ်ကျွမ်းတဲ့ပညာရပ်နဲ့မြန်မာ့အရေးကို ကမ္ဘာကပိုသိစေချင်သလို အာဏာသိမ်း မှု တစ်နှစ်ကျော်လာပေမယ့် ပြည်သူတွေ သွေးမအေးသွားဘူးဆိုတာကို ပြဖို့ရည်ရွယ်ပြီး ဖက်ရှင်ဒီဇိုင်းတစ်ချို့ဖန်တီးခဲ့တယ်။

ဒေါ်သန့်ဝေကျော်

အညာဒေသရဲ့ သတင်းတွေကိုတင်ဆက်နေတဲ့ “ဖြစ်ကြောင်းကုန်စင်အညာတခွင်” ဆိုတဲ့ အစီအစဉ်တင်ဆက်သူ ဒေါ်သန့် ဝေကျော်ပဲ ဖြစ်ပါတယ်။

ဒေါ်သန့်ဝေကျော်က နေရပ်ကလေးမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်တိုင် ရွေးကောက်ခံခဲ့ရသူပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုအနေနဲ့ ရွေးကောက်ခံရပြီး စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကလေးမြို့နယ်မှာ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းခဲ့သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ကလေးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။

အာဏာမသိမ်းခဲ့ရင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေသရဲ့တာဝန်တွေကို တက်ကြွစွာထမ်းဆောင်နေမှာ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နေရပ်ကိုစွန့်ခွာကာ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါ ဝင်နေရင်း အင်တာနက်ဖြတ်တောက်ခံထားရတဲ့ အညာဒေသအကြောင်းကို အများပြည်သူသိရှိစေဖို့ကြိုးပမ်းနေတာပါ။

တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေရင်း PVTV အစီအစဉ်မှာပါဝင်နေတဲ့ မိတ်ဆွေတစ်ဦးက အညာ ဒေသမှာဖြစ်ပျက်နေတဲ့ စစ်ကောင်စီရဲ့ယုတ်မာမှုတွေ၊ ပြည်သူတွေရဲ့တွန်းလှန်ခုခံမှုတွေကို တင်ဆက်မယ့် အစီအစဉ်မှာ ပါဝင် ဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ပါဝင်ခဲ့တယ်။

ရဲမေပူတူး

စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ်ကိုဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တချို့သိမ်းဆည်းရယူနိုင်ခဲ့တာက အမျိုးသမီး ရဲဘော်တစ်ဦးဖြစ်တယ်ဆိုတဲ့ သတင်းကပြည်သူတချို့ကို အံ့အားသင့်စေခဲ့ပါတယ်။

ပခုက္ကူမြို့အဝင်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပခုက္ကူ ပြောက်ကျားတပ်ဖွဲ့(၂)မှ အမျိူးသား ရဲဘော်နှစ်ဦးနဲ့ အတူရဲမေ ပူတူးက ၂၀၂၂ခုနှစ်် စက်တင်ဘာလ ၄ ရက်နေ့က တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်။ ရဲမေပူတူးဟာ အသက် ၂၁နှစ်အရွယ်သာရှိ သေးပြီး စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ထားသူတစ်ဦး ဖြစ်တယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လာချိန် မှာ မပူတူးတစ်ယောက် ပခုက္ကူပြောက်ကျားတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့တယ်။

တိုက်ခိုက်ရေးပညာနဲ့ မြို့ပြစစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို အခြားသောတော်လှန်ရေးရဲဘော် အမျိုး သားတွေနဲ့ရင်ဘောင်တန်းကာ လေ့လာသင်ယူနိုင်ခဲ့သူတစ်ဦးလည်းဖြစ်တယ်။

ကျားခင်စိန်

တော်လှန်ရေးသမားတွေအနက် အမျိုးသမီးရဲဘော်တစ်ဦးဖြစ်တဲ့ ကျားခင်စိန်ကထင်ရှားပါတယ်။ သူကတော့ T.G.R Women Drone Force ကိုဦးဆောင်သူတစ်ဦးဖြစ်တယ်။

အမျိုးသမီးတွေဦးဆောင်တဲ့ T.G.R Women Drone Froce အဖွဲ့ဟာ“မီးမကူး၊ ကျည်မတိုးဘူး”လို့ ကြွေးကြော်ထားတဲ့ စစ် ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာက စစ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။

သူတို့ရဲ့တိုက်ခိုက်မှုကြောင့် စခန်းထဲရှိစစ်သား လေးဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာရသွားခဲ့တယ်။  ကျားခင်စိန်ဟာ စစ်အာဏာမသိမ်းခင်က တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့ တယ်။ မန္တလေးမြို့မှာယူဂျီအနေနဲ့ လှုပ်ရှားခဲ့တယ်။

ကျားခင်စိန်တို့အဖွဲ့တွေကွဲပြီး မန္တလေးမှာဆက်ရပ်တည်လို့ မဖြစ်တော့တဲ့ အခါ မြောင်မြို့နယ်၊ T.G.R ပြည်သူ့ကာကွယ်ရေး တပ်မှာ အခြေခံစစ်သင်တန်း နှစ်လတက်ခဲ့တယ်။ သင်တန်းမှာ မိုင်းလုံးတာ၊ မိုင်းဆွဲတာနဲ့ မိုင်းဘယ်လိုထောင်ရတယ်ဆိုတာ သင်ရပါတယ်။

ဒေါ်ကြီးမြင့် (ခ) အမေကြည်

၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင်ရဲ့ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူငါးဦးသေဆုံးခဲ့ပြီး ၁၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံရေးအမှုနဲ့အကျဉ်းကျနေတဲ့ ဗကသကျောင်းသားခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလင်းထက်နိုင်(ခေါ်) ဂျိမ်းစ်စ်ရဲ့မိခင်ဖြစ်သူ အသက်၅၄နှစ်အရွယ် ဒေါ်ကြီးမြင့် (ခ) အမေကြည်ပါ ဝင်ပါတယ်။ အမေကြည် ဟာ သားထောင်ဝင်စာပို့နိုင်ဖို့ ရပ်ကွက်ထိပ်မှာ မနက်စာမုန့်ရောင်းပြီး ပို့ပေးနေခဲ့သူဖြစ်တယ်။ အမေကြည်ရဲ့ဆုံးပါးမှုဟာ ပြည်သူတွေ၊နိုင်ငံရေးအကျဉ်းသားတွေအတွက် ဖြေမဆည်နိုင်စရာဖြစ်ခဲ့တယ်။

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များ

မြောင်မြို့နယ် ၊ အမျိုးသမီးပြောက်ကျားစစ်သစ်တော်များအဖွဲ့ကတော့ ထူးခြားစွာနဲ့ အမျိုးသမီးတွေ သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုပါ။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာပထမဆုံးထွက်ပေါ်လာတဲ့ အမျိုးသမီးပြောက်ကျားစစ်သည်တော် အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

တော်လှန်ရေးမှာ အမျိုးသမီးတွေကိုယ်တိုင် အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပြန်လည်မြှင့်တင်နိုင်စေဖို့ ရည်ရွယ်ပြီး အမျိုး သမီးသီးသန့်အဖွဲ့အဖြစ် ပေါ်ပေါက်လာခဲ့တာပါ။ ဒီအဖွဲ့ကို ၂၀၂၁ခုနှစ်အောက်တိုဘာ ၂၆ မှာ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့မှာ တက္ကသိုလ်ကျောင်းသူတွေ၊ CDM ကျောင်းဆရာမတွေ၊ သာမာန်ပြည်သူ အမျိုးသမီးတွေပါဝင်ပါတယ်။ မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့အနေနဲ့ လက်ရှိမှာလည်း မိုင်းထုတ်လုပ်ရေး တွေ၊ မြေပြင်တိုက်ခိုက်ရေးတွေကို လုပ်ဆောင်နေကြပါတယ်။

စစ်ရေးမှာထူးချွန်ကြတဲ့အမျိုးသမီးတွေ

စစ်အာဏာသိမ်းပြီးနောက်မှာပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ အမျိုးသမီးတွေလည်းပါဝင်ကြပြီးတော့ စစ်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ကိုယ်တိုင်တာဝန်အသီးသီးထမ်းဆောင်နေကြပါတယ်။

ဗမာပြည့်လွတ်မြောက်ရေးတပ်တော် (BPLA) မှာလည်း အမျိုးသမီးတွေဟာ စစ်ရေးတာဝန်တွေ ထမ်းဆောင်နေကြ တာကို တွေ့ရပါတယ်။

ဗမာပြည်သူ့လွှတ်မြောက်ရေးတပ်တော် BPLA မှာ ဒုစခန်းမှူး၊BPLA ရဲ့စစ်သင်တန်းနည်းပြ၊ကွပ်ကဲရေးရုံး ရုံးအုပ်စတဲ့ ရာထူး တွေမှာ အမျိုးသမီးတွေပါဝင်တာကိုတွေ့ရပါတယ်။ (BPLA)ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ လက်ဖြောင့်ဆုရအမျိုးသမီး ရဲမေ ပါဝင်တာကိုလည်းတွေ့ရပါတယ်။   

KNDF ရဲ့ အမျိုးသမီးအထူးတပ်ဖွဲ့

ကယား (ကရင်နီ) ပြည်နယ်မှာ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ တပ်ရင်း ၅ က အမျိုးသမီးအထူးတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလက ဖွဲ့စည်းခဲ့ပါတယ်။ ဒီတပ်ခွဲမှာအသက် ၁၈ နှစ်ကနေ ၂၈ နှစ်အရွယ်ရှိတဲ့ ကရင်နီဒေသတွင်းက အမျိုးသမီးတွေပါဝင် ကြပါတယ်။

ကရင်နီပြည်နယ်အတွင်း အမျိုးသားများနှင့်တန်းတူ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍကို ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး အမျိုးသမီးတပ်ခွဲကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အညာက တော်လှန်ရေးရဲမေများ

အညာဒေသတွေရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ရဲဝံ့တဲ့အမျိုးသမီးတွေတာဝန်ထမ်းဆောင်နေကြပါတယ်။

စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခဲ့ကြသလို လက် နက်ကိုင်တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတက်ကြတဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်ခဲ့ကြတယ်။ ယခုဆိုရင်တော့ အမျိုးသမီး အချို့ဟာ ရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိနေပါပြီ။

မိုင်းဆင်တဲ့လုပ်ငန်းတွေ၊ ရန်သူ့စခန်းသိမ်းတဲ့စစ်ရေးတွေ၊စစ်ကောင်စီစခန်းချနေတဲ့ နေရာတွေကို ပြောက်ကျားတိုက်ခိုက်တာ တွေအပြင် မြစ်ကြောင်းစစ်ဆင်ရေးတွေမှာပါ အမျိုးသမီးရဲမေတွေထူးချွန်စွာတာဝန်းထမ်းဆောင်နေကြပါတယ်။  

Author:

Related Articles