Entries by webmaster

ရခိုင်စစ်ရှောင်ဦးရေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ထိ တိုက်ပွဲကာလတစ်နှစ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေဟာ ငါးသိန်းငါးသောင်းကျော်(၅၅၀,၀၀၀)ကျော်ရှိနေပြီး အဲဒီအထဲက သုံးသိန်းခြောက်သောင်းနီးပါး(၃၅၇,၀၀၀)ဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေ တုံ့ပြန်နိုင်ဖို့ အမျိုးသမီးတွေကို ကိုယ်ခံပညာသင်ပေးနေသူ  

“မိန်းကလေးဆိုတာ အချိန်တန်လို့ယောကျာ်းယူရင် လုံခြုံပြီလို့ထင်တာ အဲ့လိုအတွေးလောက်ရှိတဲ့ ပတ်ဝန်းကျင်ပေါ့။ မိန်းကလေးတယောက်က သူ့ကိုယ်သူကာကွယ်နိုင်ရင် ပိုလုံခြုံမယ်ဆိုတဲ့အတွေးမျိုး သူတို့မှာ ရှိမနေဘူး။ အဲ့ကြောင့် ညီမဒီသင်တန်းတက်ချင်တာ။ ဘာတွေပြောင်းသွားလဲဆိုတာ မိဘတွေကိုပြချင်တယ်။”လို့ မိဆုက ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအပေါ် စက်ရုံအလုပ်ရုံ အလုပ်သမားအမျိုးသမီးတွေရဲ့ စိုးရိမ်မှုစကားသံများ

အလုပ်သမားထုအမျိုးသမီးတွေအနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေ ကြုံနေရလဲဆိုတာ HIက မေးမြန်းထားတာကိုစုစည်းဖော်ပြလိုက်ပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။   ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီးနိုင်ကျဉ်းတွေ အသက်အန္တရာယ်စိုးရိမ်ရ စစ်ကောင်စီဟာ ကျန်းမာရေးအခြေအနေဆိုးရွားတဲ့ သက်ကြီးနိုင်ကျဉ်းတွေကို ကွယ်လွန်ခါနီးအချိန်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့အတွက်နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အသက်အရွယ် ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှသာ လွတ်ငြိမ်းချမ်းသာခွင့်ပေးနေတာဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရလို့ သေဆုံးတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ PPNM ကဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့ […]

မသန်ပေမယ့် အောင်မြင်မှုကို ထွေးပိုက်နိုင်ခဲ့တဲ့ ချင်းဒီဇိုင်နာ လားလျန်မွဲ

“ငယ်ငယ်တုန်းက နားမကြားတဲ့အတွက် လူတွေက အမကို အရူးလို့ လက်ညှိုးထိုးကြလို့ လေးတန်းနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းသွားတိုင်း  သူအမြဲတမ်းငိုတယ်။ အဲ့အချိန်က သူစာအရမ်းသင်ချင်ခဲ့တယ်လို့ ကျွန်တော် ကို ပြောပြတယ်။”လို့ မောင်ဖြစ်သူက ရှင်းပြပါတယ်။

ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ

“ပြီးတော့ ဘာရောဂါပဲဖြစ်ဖြစ် ပါရာစီတမောဆေးတမျိုးပဲပေးနိုင်တယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ၂၀၂၁ မှာ လည်ပင်းမှာ ကြက်ရိုးဆူးတဲ့သူကို ပါရာကတ်ဆေးလေးလာပေးတယ်။ ဒါလေးသောက်ထားပါတဲ့။ အဲ့ဒါက မြန်မာတနိုင်ငံလုံးကအကျဉ်းထောင်တွေမှာ ဖြစ်နေတဲ့အခြေအနေပါ။”လို့ သူကရှင်းပြပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

ထောင်တွင်းငရဲခန်းကို ဖြတ်ကျော်လွတ်မြောက်လာသူ ပန်းချီဆရာမ

“သူတို့ကခေါင်းထောင်ပြီး ကိုယ့်ကိုလှမ်းကြည့်တယ် သူ့ကိုအဲ့ဒီနားခေါ်ပါလားပြောတယ် သူ့ကိုလည်းသွားမခေါ်နိုင် အဲ့ဒီနားလည်းမသွားရဲကြဘူး ဆက်တိုက်အသံတွေကြားနေတော့ မျက်စိ‌ရှေ့မှာကြည့်ပြီးစိတ်မချမ်းမသာနဲ့ ငိုပြီး ဘယ်လိုလုပ်ပေးရမလဲမသိ တကယ့်ကိုကူကယ်ရာမဲ့အနေအထားပဲ”

ရေကြီး၊ မြေပြိုမှုများကြား အမျိုးသမီးလစဉ်သုံးပစ္စည်းလိုအပ်ချက်စိန်ခေါ်မှုဖြစ်နေ

“မိုးလေးကျလိုက်တာနဲ့ ရေကကြီးလာတာ ကျမ တစ်သက်မှာ တခါမျှမကြုံဖူးဘူး။ မိုးလေးတိတ် ရေပြန်ကျသွားလို့ သန့်ရှင်းရေးလုပ်မယ်ကြံသေး။ မိုးပြန်ရွာလို့ ရေပြန်ဝင်၊ ဒီနှစ်မှာ ကျမတို့ ၉ကြိမ် ရေကြီးတာပဲ”