Entries by webmaster

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် တရားမျှတမှုအလှမ်းဝေးနေသေး

“ယောကျ်ားပဲ ဒီလောက်တော့ရှိမှာပဲ သူကောင်းခဲ့တာတွေရှိတာ ခွင့်လွှတ်လိုက်ပါဆိုတာ ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာဖိုဝါဒရဲ့ လွှမ်မိုးမှုကြောင့် ဖြစ်နေတဲ့ အတွေးအခေါ်အယူအဆဖြစ်တယ် အာဏာရှိတဲ့သူ လက်နက်ကိုင်ထားတဲ့သူ ကျူးလွန် ရင် ကင်းလွတ်ခွင့်ရမယ်ဆိုတာက အာဏာရှင်စနစ်ကလာတာ”

စစ်ဘေးရှောင်စခန်းက အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် အလင်းတစက်

“ကိုယ်မျှော်လင့်ထားတဲ့ ဘဝအခြေအနေ ကိုယ်မျှော်လင့်ထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုးမှာ လုပ်နေရတာ မဟုတ်တော့စိတ်ဓာတ်ကျတဲ့အချိန်တွေရှိတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ အခါတိုင်းတော့ကိုယ့်နားမှာရှိတဲ့ သူတွေထဲစစ်ရှောင်တွေရှိမယ်။ ကိုယ်နဲ့ရွယ်တူ ကိုယ့်လက်ထဲမှာတင် အသက်ဆုံးရှုံးသွားတဲ့ရဲဘော်တွေရှိတယ်။ အမျိုးသမီးငယ်လေးတွေ ရှိတယ်။ သူတို့တွေကိုတွေးပြီးတော့ ပိုပြီးအားယူတယ်”

ပဋိပက္ခများနှင့် ဘေးဖယ်ထားမှုများကြား ရိုဟင်ဂျာအမျိုးသမီးများ၏ ရုန်းကန်မှု

Photo Essay စိုးရိမ်ပူပန်မှု၊ ခံနိုင်ရည်ရှိမှုနှင့် ဝမ်းနည်းမှုတို့နှင့်အတူ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး၏ အနီးကပ်ပုံ ယင်းဓာတ်ပုံသည် ဒုက္ခသည်စခန်းတစ်ခု၏ နောက်ခံကားချပ်ကိုနောက်ခံထား၍ အခက်အခဲများကြားတွင်သူမ၏ ခွန်အားကိုဖမ်းယူထားသည်။ ဤပုံသည် ပိုကြီးသောအကျပ်အတည်း၏ နောက်ကွယ်မှ ကိုယ်ရေးကိုယ်တာဇာတ်လမ်းများကိုအလေးပေးကာ အက်ဆေး၏ အသံကိုဖော်ပြနိုင်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားရှိဒုက္ခသည်စခန်းတခု၏မြင်ကွင်း ကျယ်ပြောလှသောတဲများနှင့် အမိုးအကာများသည်များပြားလှသော ရွှေ့ပြောင်းဒုက္ခသည်များနှင့် စခန်းများရှိ နေရေးထိုင်ရေး ခက်ခဲမှုကို မီးမောင်းထိုးပြနိုင်သည်။ ရိုဟင်ဂျာအမျိုးသမီးတစ်စုရေဗူး (သို့)ပစ္စည်းများသယ်ဆောင်ကာ လမ်းလျှောက်လာနေကြပုံ  ဤပုံသည် မကြာခဏ ကြမ်းတမ်းသောအခြေအနေများတွင် ၎င်းတို့၏မိသားစုအတွက်ရေနှင့် ထောက်ပံ့ရေးအတွက်တာဝန်ရှိသော အမျိုးသမီးများ၏ နေ့စဉ်ရုန်းကန်မှုများကို အလေးပေး ဖော်ပြနိုင်မည်။ ကျဉ်းမြောင်းတဲ့လမ်းနေရာတွေပေါ်မှာ အထုပ်အပိုးတွေဆွဲကလေးကြီး/ငယ်များနှင့်အတူဆွဲပြီးပြေးနေတဲ့ပုံ အပြစ်မဲ့ကလေးငယ်များ၏ မျက်နှာများ၊ မိခင်၏ပင်ပန်းနွမ်းနယ်နေသည့်အမူအရာနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီးနား  မလည်နိုင်တဲ့အခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ပြသနိုင်သည်။ ယာယီအမိုးအကာတစ်ခုတွင်ကလေးနှင့် မိခင်တစ်ဦး၏ ကြည်နူးဖွယ်ကောင်းသော်လည်း ဝမ်းနည်းစရာပုံ အပြစ်မဲ့ကလေးငယ်၏ မျက်နှာများ […]

တော်လှန်ရေးကာလမှာ မုဒိမ်းမှုကိုရေငုံနှုတ်ပိတ်နေရမလား 

“ကျနော်တို့အညာမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းဟာ အာဏာသိမ်းပြီးနောက်မှာ အင်မတန်မှများလာတယ်။ အဲ့ဒီသက်ငယ်မုဒိမ်းမှုတွေကို အရေးယူမှုရှိလားလို့မေးရင် ငွေနဲ့ကျေအေးပေးလိုက်တဲ့ကိစ္စရပ်တွေ မိသားစုကိစ္စဆိုပြီး အမှု ပျောက်သွားတာမျိုးတွေ ဒါမျိုးတွေနဲ့ပဲ ကျနော်တို့ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ သက်ငယ်မုဒိမ်းမှုတွေကို ထိန်းသိမ်းဖို့ကခက်ခဲလာတဲ့အနေအထားဖြစ်လာပါတယ်။”

အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အမျိုးသားများအသံ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်အောင် ဘယ်လိုတွေပူးပေါင်း လုပ်ဆောင်သင့်လဲဆိုတာကို အမျိုးသားတွေရဲ့ အမြင်သဘောထားနဲ့ စကားသံတွေကို HI က‌စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

တန်းတူအခွင့်အရေးရဖို့ အလှမ်းဝေးနေဆဲ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ

“တော်လှန်ရေးနဲ Transgender တွေကမသက်ဆိုင်ဘူးဆိုပြီး ပါဝင်လာတဲ့အခါမှာလည်းဖမ်းဆီးခံရတာ၊ အပြင်းအထန်ညှင်း ပန်းနှိပ်စက်တာ စစ်ကြောရေးကိုရောက်တဲ့အခါမျိုးမှာလည်း လိင်အမြတ်ထုတ်တာ ရင်သားတွေကိုဆေးလိပ်မီးနဲ့ထိုးတာ၊ စအိုထဲကိုပုလင်းနဲ့ထိုးတာ အကြမ်းဖက်ဆက်ဆံခံရတာတွေကြုံခဲ့ရတာ”

လက်နက်ကိုင်ပဋိပက္ခတွေကြား အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးအချိုးအစား နှစ်ဆတိုးလာ

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ထက် ၂၀၂၃ ခုနှစ် မှာလက်နက်ကိုင်ပဋိပက္ခတွေကြား အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး အချိုးအစားဟာ နှစ်ဆတိုးလာခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာထုတ် ပြန်လိုက်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်စိန်ခေါ်မှုတွေကြား ကြံ့ကြံ့ခိုင်ရပ်တည်နေတဲ့ အမျိုးသမီးသတင်းသမားတွေ

“သတင်းသမားတယောက်အနေနဲ့ အခုချိန်မှာလူသေတယ်လို့ပြောလိုက်ရင် မထူးဆန်းတော့ဘူး။ လူသေအလောင်းတွေတွေ့ရင် စိတ်ထဲမှာထုံပြီးတော့ ဘယ်လိုမှမခံစားရဘူး။ ထုံထုံကြီးဖြစ်သွားတာ အဲ့လို ခံစားချက်တွေဖြစ်သွားတယ်”