Home ဓါတ်ပုံ အက်ဆေး သုံးရက်တာပြသသည့် “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ” ဓာတ်ပုံပြပွဲ

သုံးရက်တာပြသသည့် “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ” ဓာတ်ပုံပြပွဲ

ချင်းမိုင်

Photo – Hi


မြန်မာအမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB နှင့် The Salween Institute for Public Policy တို့ ပူးပေါင်း ပြုလုပ်သော “ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်းများ” ဓာတ်ပုံပြပွဲတွင် မြန်မာ့အရေးနှင့်ပတ်သက်သည့် စကားဝိုင်း ဆွေးနွေးပွဲများ၌ အမျိုးသားများသာ ပါဝင်နေခြင်းကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများ၊ ပိုစတာများကို မတ်လ ၅ ရက်မှ ၇ ရက်အထိ ချင်းမိုင်မြို့တွင် သုံးရက်တာ ပြသခဲ့သည်။

ပြပွဲတွင် ဖိုဝါဒီစကားဝိုင်းများ၏ အကြောင်းအရာများနှင့် ပတ်သက်ပြီး ရှင်းပြချက်များကိုလည်း ဖော်ပြထားသည်။

စကားဝိုင်းများကို ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ စောင့်ကြည့်မှတ်တမ်းယူထားခြင်းဖြစ်ပြီး စကားဝိုင်းပေါင်း ၁၅၀ ကျော်ကို စုစည်းမှတ်တမ်းတင် ပြသထားသည်။

ပြပွဲတွင် တိုင်းရင်းသားရိုးရာ အစားအသောက်များကိုလည်း ခင်းကျင်းရောင်းချခဲ့သည်။

Author:

Related Articles