စစ်တပ်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်သူများတွင် မတရားမှုကိုလက်မခံနိုင်သည့် မျိုးဆက်သစ်လူငယ်များ ပါဝင်သလို၊ စစ်တပ်၏ ဆိုးမွေများကို မျက်မြင်ကိုယ်တွေ့ခံစားခဲ့ဖူးကြသည့် (၈၈) မျိုးဆက်များလည်း ပါဝင်ခဲ့ကြပါသည်။ အမျိုးသမီးများသည် ၈၈၈၈ တိုက်ပွဲတုန်းကလည်း စွမ်းစွမ်းတမာန်ပါဝင်ခဲ့ကြသလို ယခု ၂၀၂၁ တကျော့ပြန် တိုက်ပွဲတွင် လည်း အားမာန်မလျော့ဘဲပြန်လည်ပါဝင်လျှက်ရှိသည်။ တိုက်ပွဲဝင်အမျိုးသမီးများသည် နှစ် ၃၀ အပြီး တကျော့ပြန် တိုက်ပွဲ ဝင်နေကြသော်လည်း မမောနိုင်မပန်းနိုင်ကြရှာသေး၊ အာဏာရှင်ကို လုံးဝအမြစ်ဖြုတ် တော်လှန်ရမည်ဆိုသော စိတ်ဓါတ် များလည်း ပိုမိုခိုင်မာခဲ့ကြပြန်သည်။ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အားလုံးကဆန္ဒပြင်းပြနေဆဲပင်။
Administrator
-
-
“I thought that I could go to the jungle with the serious expectation that we would attend the training and fight back, then we would return back home after the fight. And I realized much deeper about the atrocity of military junta and I could see obviously the long- suffering of civilians, that is why I decided seriously that I will only return back home when we get to win this battle. ”
-
“ကျမအပေါ်မှာ မလိုလားတဲ့သူတွေ ရှိမှာကိုလည်း ကြိုတွေးပြီးသားပါ။ ကိုယ့်အတွက် အသက်အန္တရာယ် အချိန်မရွေးရှိနိုင် တယ်လို့လည်း တွေးထားပါတယ်။ မလိုတဲ့ စကားတွေ တိုက်ခိုက်ဝေဖန်တာတွေလည်း ရှိမှာကို တွက်ဆထားပြီးသားပါ။ ကျမ ဒါတွေကိုမကြောက်ပါဘူး။ ဒီအလုပ်ကို ဆက်ပြီး မလုပ်နိုင်မှာကိုပဲ ကြောက်တာပါ”
-
“ဘာသာလည်းမခွဲခြားဘူး။ လူမျိုးလည်းမခွဲခြားဘူး။ ချစ်ချစ်ခင်ခင်နေမယ်။ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်ရှိရင်လည်း လက်တွဲခေါ်မယ်။ ကိုယ်နိုင်သလောက် စည်းစည်းလုံးလုံးနဲ့ လက်တွဲပြီးကြိုးစားမှပဲ ဒီကပ်ရောဂါကနေလွတ်မြောက်နိုင်မယ်”
-
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စောင်၊ ခြင်ထောင်၊ တာပေါ်လင်စ၊ အဝတ်နှာခေါင်းစည်း၊ဆပ်ပြာ၊ အသင့်စားခေါက်ဆွဲခြောက်တွေ ပို့ဆောင်ကူညီခဲ့တယ်ဆိုတဲ့ သတင်းတွေတက်လာတာ ဖတ်ရပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲကူညီရေးလုပ်ငန်းတွေမှာ နိုင်သလောက်ဝိုင်းကူပေးနေတဲ့ ကျမကတော့ ကျမ ရောက်တဲ့နေရာတွေက ဒေသခံ တွေဆီကနေ အဲဒီပစ္စည်းတွေ လက်ခံရရှိတယ်ဆိုတဲ့ ပြောဆိုသံကို ဒီနေ့အထိတော့ မကြားရသေးပါဘူး။
-
သနပ်ဖက်လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းပြုတဲ့ လုပ်ငန်းအဖြစ် သတ်မှတ်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပအိုဝ်းတောင်သူများသာမက တောင်ကြီးမြို့နယ်နဲ့ မြို့စွန် မှာရှိတဲ့ ကျေးရွာတွေမှာလည်း သနပ်ဖက်လုပ်ငန်းကိုဘိုးဘွားအစဉ်အဆက်က တည်းက ယခုထိ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။
-
“ ပူတာမှလေ နေခုနစ်စင်း ရင်မှာပိုက်ထားရသလိုပဲ။ ခုမွေးလူနာတွေကို ဘယ်ဆေးရုံ၊ ဆေးခန်းမှ လက်မခံလို့ သေတာ တွေမြင်ရတော့ ကျမလည်းမွေးခါနီးဆိုတော့ တွေးပူပြီး အရမ်းစိတ်ဖိစီးရတယ်”
-
“ပြည်သူတွေအားလုံး စစ်အာဏာရှင်ကို မလိုချင်တော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်လာအောင် ဘာလုပ်နိုင်လဲလို့ တွေးတဲ့အခါကျတော့ ပြည်သူလူထုကို အသိပညာပေးတဲ့နေရာမျိုး ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်တဲ့နေရာမျိုးမှာ လုပ်နိုင်တာ သေချာတဲ့အတွက် အဲ့လုပ်ငန်းတွေကို ဖမ်းခံရနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ဆက်လုပ်တယ်။ စစ်အာဏာရှင် လက်အောက်မှာ မနေချင်ဘူး။ အဲ့အတွက်ပြည်သူလူထုကို တတ်နိုင်တဲ့ဘက်က စည်းရုံးလှုံ့ဆော်တဲ့ သဘောပဲ”
-
” ဆရာလေးတို့က ဗာဟီရအစုံ ခက်ခဲနေတာ စားစရာနဲ့ ပြင်ပကုန်ကျစရိတ်တွေက ရပ်ထားလို့မရဘူး။ အရင်က မပြေလည် ဘူးဆိုရင် ကလေးတွေကို ကျောင်းလေးတော့မတက်နဲ့ဦးဟေ့ ဆွမ်းခံသွားပြီးနေ့လည်မှတက်ပါ ကိုယ်တိုင်လည်း ရန်ကုန် သွားပြီး ဒါယိကာမတွေဆီ သွားအလှူခံရင် အဆင်ပြေတယ်။ အခုကအဲ့ဒီလို မရတော့ဘူး။”
-
“ ရောဂါကပ်ဘေးကြီး အမြန်ဆုံးပြီးစေချင်ပါတယ်။ နိုင်ငံရေးတွေနဲ့ စစ်ရေးတွေကိုလည်း အမြန်ဆုံးြငိမ်း ချမ်းစေချင်ပါပြီ အရင်ကလိုဈေးရောင်းကောင်းစေချင်ပါတယ်။ ကပ်ဘေးကြားထဲက ကျွန်မတို့လိုမုဆိုးမတွေရဲ့ ဘဝခါးခါး နေ့ရက်တွေကို အမြန်ဆုံး အဆုံးသတ်ခွင့်ရချင်ပါတယ် ။ ”