ဖေ့ဘုတ်သုံးစွဲမှုက အမျိုးသမီးတွေအတွက် အန္တရာယ် ဖြစ်နေသလား
နန်းခမ်း။ ။ အမျိုးသမီးတန်းတူအခွင့်အရေးရဖို့ ကျယ်လောင်စွာအော်နေချိန်မှာ“ အိမ်ထောင်ရှိအမျိုးသမီးများနှင့် Facebook (ဖေ့စ်ဘုတ်) အန္တရာယ်” ဆိုတဲ့ ဆောင်းပါးကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြတဲ့အတွက် အမျိုးသမီးအခွင့် အရေး တက်ကြွလှုပ်ရှားနေသူတွေရဲ့ ကန့်ကွက်မှုတွေဖြစ်လာပါတယ်။ ဒီခေါင်းစဉ်ဖြင့် ဇွန်(၃၀)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ကျားမရေးရာခွဲခြားမှု ဖြစ်စေသကဲ့သို့ အမျိုးသမီးတွေရဲ့သိက္ခာကိုလည်း ချလိုက်တယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတွေက ပြောပါ တယ်။ “ ဆောင်းပါးက နိုင်ငံပိုင် သတင်းစာမှာ မထည့်သင့်တဲ့ဆောင်းပါးပါ။ ဆောင်းပါးမှာ ကျားမခွဲခြားတာအပြင် အိမ် ထောင်သည် အမျိုးသမီးတွေကိုပါ ထပ်ပြီးခွဲခြားထားတယ်။ အမျိုးသမီးထုက နှစ်ထပ်နာတယ်။ နိုင်ငံပိုင်သတင်း စာဆိုတာ နိုင်ငံပေါ်လစီ၊ အစိုးရပေါ်လစီတွေ ထင်ဟပ်နေပြီး အမျိုးသမီးတွေကို အစိုးရကိုယ်တိုင်က ဖိနှိပ် ခွဲခြားရာရောက်တဲ့ အကြောင်းအရာနဲ့ အရေးအသားမျိုးတွေ မဖော်ပြသင့်ဘူး”ဟု မြန်မာသတင်းစာကွန်ရက် […]


