Home ဆောင်းပါး သီးခြားဥပဒေ ပြဌာန်းဖို့ လိုအပ်နေတဲ့ သက်ငယ် မုဒိန်းမှု

သီးခြားဥပဒေ ပြဌာန်းဖို့ လိုအပ်နေတဲ့ သက်ငယ် မုဒိန်းမှု

20150213092621_89732

Photo: http://blogs.timesofindia.indiatimes.com/random-harvest/could-castration-be-the-cure-for-child-rape/

နန်းခမ်း။           ။

အခရာအဖွဲ့က မခိုင်ကသက်ငယ်မုဒိန်းမှုတွေမှာ ကူညီဆောင်ရွက်ပေးနေသူတယောက်ဖြစ်ပါတယ်။

“လက်ရှိ ကျမတို့သက်ငယ်မုဒိန်းမှုအတွက် ကူညီဆောင်ရွက်နေတာ (၃)ခုရှိပါတယ်။ အသက်အငယ်ဆုံးက(၄) နှစ်ပါ။ သူတို့အမှုတွေကို ငွေကြေးနဲ့ပြီးသွားတာမျိုး မဖြစ်အောင်လို့ ကျမတို့ကြိုးစားလုပ်နေရပါတယ်” လို့ ဆိုပါ တယ်။

မြန်မာနိုင်ငံမှာ ကလေးတွေအပေါ် ကျူးလွန်တဲ့ သက်ငယ်မုဒိန်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပေမယ့် ထိ ရောက်တဲ့ အရေးယူမှုတွေ မရှိသေးဘူးလို့ ကလေးအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး ကလေးအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ထိ ရောက်စွာ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးက အားနည်းနေတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ကမာရွတ်မြို့နယ်မှာ ၂၀၁၅ ခုနစ် မတ်လပိုင်းက ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှုမှာဆိုရင် အသက်(၆) နှစ်အရွယ် မိန်းကလေးကို အသက်(၆၈)နှစ်အရွယ် အမျိုးသားကြီးက ပြုကျင့်ခဲ့ပြီး ကျူးလွန်တဲ့အမျိုးသားကို ပြစ် ဒဏ်ချတဲ့အခါ ပုဒ်မ(၃၇၆)ဖြင့် ထောင်ဒဏ်(၄)နှစ် ချမှတ်ခဲ့ပါတယ်။

ဒီအမှုတွေမှာ ကူညီဆောင်ရွက်နေတဲ့ မခိုင်ကတော့ “ကျမအနေနဲ့ကတော့ သက်ငယ်မုဒိန်းမှု ကျူးလွန် တဲ့သူတွေကို သေဒဏ်ချစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျူးလွန်တဲ့သူတွေကပြစ်ဒါဏ်(၁၀)နှစ်ဆိုရင် (၁၀) နှစ်ထောင်ဒဏ်ချခံပြီး ပြန်ထွက်လာမယ်။ ဒါပေမယ့် ကျူးလွန်ခံရတဲ့ ကလေးတွေက တဘဝလုံးနစ်နာသွားနိုင် တယ်” လို့ ဆိုပါတယ်။

လက်ရှိဥပဒေအရတော့ သက်ငယ်မုဒိန်းမှုကိုလည်း သာမာန်မုဒိန်းမှုနှင့် အတူတူသာ စဉ်းစားဆုံးဖြတ်ပါ တယ်။ အဓမ္မပြုကျင့်မှုကျူးလွန်လျှင် ဥပဒေအရ တရားခံကို ပုဒ်မ(၃၇၆)နဲ့ အရေးယူပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁၀)နှစ်(သို့မဟုတ်) ထောင်ဒဏ်တသက်တကျွန်းကျခံရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါပေမယ့် လက်ရှိမှာ တရားခံတွေကို ပြစ်ဒါဏ်အနည်းငယ်သာ ချမှတ်သကဲ့သို့ တချို့အမှုတွေက ကွယ် ပျောက်သွားတာမျိုးလည်းရှိပါတယ်။

တချို့ပြည်နယ်တွေမှာ သက်ငယ်မုဒိန်းမှုကို ရိုးရာအရ ကျေအေးရတာရှိသလို တချို့က ငွေကြေးနဲ့ပဲ   ကျေအေးနေရတယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိန်းမှုတွေကိုတော့ ငွေ ကြေးဖြင့်သာ ကျေအေးနေရတယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂက ပြောပါတယ်။

သက်ငယ်မုဒိန်းမှု အများဆုံးဖြစ်ပွားတဲ့ကျေးရွာက ပြည်သူတွေက အမှုဖွင့်ဖို့ကိစ္စ ဥပဒေကြောင်း နားမ လည်တာတွေကို ကျူးလွန်တဲ့သူတွေက အခွင့်ကောင်းယူနေကြသလို ရဲစခန်းက ရဲဝန်ထမ်းတွေကလည်း ကျူး လွန်တဲ့သူတွေကို ကာကွယ်ပေးနေတာတွေ တွေ့ရတယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂမှ အထွေထွေအတွင်း ရေးမှူး မစုစုဆွေက ဆိုပါတယ်။

“ကျမတို့ ထားဝယ်မြို့နယ်မှာ ဖြစ်နေတဲ့ သက်ငယ်မုဒိန်းမှုတွေက ငွေကြေးတွေနဲ့ပဲ ကျေအေးနေရတယ်။ ရဲတွေ ကလည်း ငွေကြေးတွေယူတာတွေရှိတယ်။ ရဲတွေအနေနဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး ကူညီပေးတာ မတေ့ွ ရဘူး။ ဒါကြောင့် မိန်းကလေးငယ်တွေအတွက် လုံခြုံရေးက စိုးရိမ်စရာတွေ ဖြစ်နေပါတယ်” ဟု ထားဝယ်မြို့ နယ်၊ သက်ငယ်မုဒိန်းမှုများကို ကူညီဆောင်ရွက်ပေးနေတဲ့ မသီတာမိုးက ဆိုပါတယ်။

2433691

Photo: http://www.desicomments.com/user-submitted/stop-child-rape/

သက်ငယ်မုဒိန်းမှုတွေမှာ ကျူးလွန်သူတွေက နည်းမျိုးစုံနဲ့ ပရိယာယ်သုံးပြီး မြူဆွယ်နေတာကို တွေ့ရပါ တယ်။ “ကလေးငယ်ကို ဘုရားပွဲသွားမယ်၊ မုန့်သွားစားမယ်၊ မိဘတွေက ခေါ်ခိုင်းလို့ဆိုပြီး လိမ်ညာခေါ်ဆောင် သွားပြီး အတင်းအဓမ္မကျင့်တာတွေ လုပ်ကြပါတယ်”ဟု မသီတာမိုးက ပြောပြပါတယ်။

ကျေးရွာပြည်သူများက မြို့ပေါ်တက်ပြီးအမှုဖွင့်ရန် အခက်အခဲဖြစ်ကြပြီး၊ ခရီးဝေးသွားရပြီး အမှုရင်ဆိုင် ရသဖြင့် ငွေကုန်ကြေးကျများသောကြောင့် အမှုမဖွင့်လိုတော့သဖြင့် အမှုမှန်ပျောက်သွားရကြောင်း၊ အမျိုးသမီး အခွင့်အရေးများကို ကူညီဆောင်ရွက်နေတဲ့ ကျားမရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူက ဆိုပါတယ်။

အမျိုးသမီးတွေကို အကာအကွယ်ပေးမှုနဲ့ ပတ်သက်လို့တော့ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အမျိုးသမီးတွေအတွက် ကာကွယ်နိုင်ရန် ဥပဒေမူကြမ်း တခု ရေးဆွဲနေကြောင်း၊ ထိုဥပဒေကြမ်းတွင် အခန်း(၁၉)ခန်းပါရှိပြီး ပြစ်မှုပြစ်ဒဏ်တွေနဲ့ ကျန်အခန်းများတွင် လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အသက်အရွယ်ပြည့်သည်ဖြစ်စေ၊ သက်ငယ်မုဒိန်းမှုဖြစ်စေ မုဒိန်းမှုဆိုတာ ကျေအေးလို့ရတဲ့ အမှုမျိုးမဟုတ်ဘူးလို့ ရှေ့နေတွေက ထောက်ပြပါတယ်။ “ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိန်းမှုတွေကို အများဆုံးလိုက်လံကူညီဆောင်ရွက်ပေးနေရပြီး၊ တိုင်းရင်းသားနယ်မြေတွေက ဖြစ်ပွား နေတဲ့ သက်ငယ်မုဒိန်းမှုတွေကိုတော့ တိုင်ကြားလာရင် အခမဲ့ကူညီပေးသွားမှာပါ” လို့လည်း သက်ငယ်မုဒိန်းမှု တွေကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ Legal Aid Project မှ စီမံကိန်း မန်နေဂျာ တရားလွှတ်တော် ရှေ့နေ ဦးငိုင်ဆာ့ခ်က ပြောပါတယ်။

“ မုဒိန်းမှုဆိုတာ ကျေအေးလို့မရတဲ့အမှုပါ။ ဒါပေမယ့် တရားလိုက ကျေအေးပါတယ်လို့ပြောရင် ဥပဒေအရာရှိ က လွှတ်ကင်းပေးပြီး ရုပ်သိမ်းပါတယ်။ သက်ငယ်မုဒိန်းမှုဖြစ်စေ မုဒိန်းမှုဆိုရင် မကျေအေးသင့်ဘူးလို့ ကျနော် ကတော့ သင်တန်းပေးနေပါတယ်”

အမျိုးသမီးတွေကို အကာအကွယ်ပေးမှုနဲ့ ပတ်သက်လို့တော့ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အမျိုးသမီးတွေအတွက် ကာကွယ်နိုင်ရန် ဥပဒေမူကြမ်း တခုရေးဆွဲနေကြောင်း၊ ထိုဥပဒေကြမ်းတွင် အခန်း(၁၉)ခန်း ပါရှိပြီး ပြစ်မှုပြစ်ဒဏ်တွေနဲ့ ကျန်အခန်းများတွင် လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းထားကြောင်း သိရပါတယ်။

ဒါပေမယ့် သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး သီးသန့်သတ်မှတ်ချက်တွေ မရှိသေးပါဘူး။ အသက် (၁၆) နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် မုဒိန်းမှု ကျူးလွန်းသူတွေကို သေဒဏ် (သို့မဟုတ်) တသက်တ ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပေမယ့် အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ရှေ့နေဦးငိုင်ဆာ့ခ်ကတော့ “သေဒဏ်မသတ်မှတ်နိုင်ရင်တောင် ကျနော့်အနေနဲ့ သက်ငယ်မုဒိန်းမှုကို ထောင်ဒဏ်(၁၅)နှစ်၊ အနှစ်(၂၀) ပေးလိုက်ရင် တရားသူကြီးတွေလည်း လာဒ်စားလို့ မရတော့ဘူး။ အဲဒီလို ဥ ပဒေကို လွှတ်တော်မှာ ပြဌာန်းစေချင်ပါတယ်။ မုဒိန်းမှုမှာ (၁၀)နှစ်ဆိုတာလည်း မထိရောက်ဘူး ဖြစ်နေတယ်။ ကျနေ်ာ့အနေနဲ့ကတော့ တသက်တကျွန်းချစေချင်ပါတယ်။

Related Articles