မြန်မာအမျိုးသမီးများအခြေအနေနှင့်ပါတ်သက်ပြီး စင်ပြိုင်အစီရင်ခံစာ ၅ စောင်၊ စီဒေါကော်မတီသို့ တင်သွင်းနေ
လုဆိုင်း။ ။ ဇူလိုင်လ (၄)ရက်မှ (၂၂)ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံးတွင် ပြုလုပ်ကျင်းပမည့် (၆၄)ကြိမ်မြောက် စီဒေါကော်မတီအစည်းအဝေးသို့ ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ စင်ပြိုင်အစီရင်ခံစာ(၅)စောင်ကို အစိုးရနှင့် စင်ပြိုင်တင်သွင်းမည်ဖြစ်သည်။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများနှင့်ပါတ်သက်ပြီး အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုအပေါ် အဟန့် အတားဖြစ်စေသည့်အချက်များနှင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးသော ဥပဒေများဆိုင်ရာ အ ကြောင်းအရာများ၊ ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုကိစ္စရပ်များနှင့် ကျေးလက်ဒေသအမျိုးသမီးများအခွင့်အရေးအပါအဝင် အမျိုးသမီးများ၏ လက်ရှိအခြေအနေများကို မြန်မာနိုင်ငံအခြေစိုက် အမျိုးသမီးနှင့် လူ့အခွင့်အရေးအဖွဲ့များက အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် – စီဒေါ (CEDAW) ကော်မတီအစည်း အဝေးသို့ အဓိက တင်ပြထားသည်ဟု သိရသည်။ စင်ပြိုင်အစီရင်ခံစာများတင်သွင်းသည့် အဖွဲ့များမှာ Cedaw […]


