အမျိုးသမီးများပါဝင်မှ အပြောင်းအလဲရည်မှန်းချက်များ ထိရောက်အောင်မြင်မည်
ကချင်မလေး။ ။ ဒေါ်လှဝတီဟာ ဘွဲ့ရပြီးချိန်မှာ တွဲဖက်ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နေ့စား (၅)ကျပ်စားဘဝနဲ့ ဌာနဆိုင်ရာမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ဗဟိုစာရင်းရုံးမှာ စာရင်းစစ်ဘဝနဲ့ (၁၁) နှစ် လုပ်ပြီး နောက်မှာတော့ ပင်စင်ယူခဲ့ပါတယ်။ “ဒီနေ့ ဝန်ထမ်းဘဝက နှုတ်ထွက်တာဟာ မနက်ဖြန်ခါမှာ သူဌေးဖြစ်ဖို့ ခြေလှမ်းစတယ်“ဆိုတဲ့ ခံယူချက်နဲ့ အလုပ်တွေ လုပ်ခဲ့တယ်လို့ ပြောပြပါတယ်။ အခုအခါမှာတော့ ဒေါ်လှဝတီဟာ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) ရဲ့ ဥက္ကဌဖြစ်နေပါပြီ။ ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းတစ်ခုဖြစ်တဲ့ New Step Services Co. Ltd ရဲ့ ဥက္ကဌ ဖြစ်လာတဲ့ ဒေါ်လှဝတီက စီးပွားရေးလောကထဲကို အခက်အခဲများစွာ ကျော်ဖြတ်ပြီး ရောက်လာခဲ့တယ်လို့ ပြော ပြပါတယ်။ “ကျမတို့အိမ်ဆောက်တဲ့သူတွေ ၈၈ အရေးအခင်းဖြစ်လို့ ဒီအတိုင်းထားခဲ့တယ်၊ […]


