Home သတင်း တိုင်းရင်းသားညီလာခံက အမျိုးသမီးကိုယ်စားလှယ်များကို ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားမည်

တိုင်းရင်းသားညီလာခံက အမျိုးသမီးကိုယ်စားလှယ်များကို ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားမည်

13639772_1070305963050290_1625520241_o

လုဆိုင်း။                ။

သောကြာနေ့၊ ဇူလိုင်လ(၉)ရက်၊၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB ကို ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ် မည်ဖြစ်သည်။

ဇူလိုင်လ(၈)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း(၈)ဖွဲ့နှင့် လက်မှတ်မထိုးသေးသောအဖွဲ့အစည်းများမှ ခေါင်း ဆောင်များက မိုင်ဂျာယန်တွင်ပြုလုပ်မည့် မျက်နှာစုံညီအစည်းအဝေးအတွက် အကြိုဆွေးနွေးမှုတွင် သဘော တူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ဒုတိယအကြိမ် လော်ခီးလာညီလာခံတွင် တွေ့ ဆုံဆွေးနွေးမှုအဆင့်ဆင့်တွင် အမျိုးသမီးများ အနည်းဆုံး(၃၀)ရာခိုင်နှုန်းပါဝင်နိုင်ရန် ဆုံးဖြတ်ချက်ချထား သည့်အတိုင်း WLB ကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)က ခေါင်းဆောင်ခူးဦးရယ်ကပြောသည်။

“ ဘာဘဲပြောပြော ကျနော်တို့က အဲဒီလိုဆုံးဖြတ်ထားတဲ့ အခြေခံအောက်မှာ အနည်းဆုံး(၃၀)ရာခိုင်နှုန်း မပါ သေးရင်တောင်မှ ကျနော်တို့တွေ့ဆုံဆွေးနွေးရေးအဆင့်ဆင့်တွေမှာ ပြင်ဆင်မှုအဆင့်ဆင့်တွေမှာ အမျိုးသမီး တွေကို ထည့်သွင်းစဉ်းစားတယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့စဉ်းစားတဲ့အတွက်ကြောင့် WLB ကို ရွေးချယ်ခြင်းဖြစ်ပါတယ်”

WLB ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ တရားဝင်မေတ္တာရပ်ခံချက်များလည်း ရှိ သဖြင့် အခုလို ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု သူက ပြောသည်။

“လောလောဆယ်မှာ အမျိုးသမီးအဖွဲ့အစည်းတွေ မတူကွဲပြား ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ သို့သော် ကျ နော်တို့ အခုမိုင်ဂျာယန်မှာ ပြုလုပ်မဲ့အစည်းအဝေးကြီးက  ကျနော်တို့တိုင်းရင်းသားတွေ အဓိကထားပြီး ညှိ နှိုင်း ဆွေးနွေးကြမှာဆိုတော့ ကျနော်တို့နဲ့ အနီးစပ်ဆုံးတောက်လျှောက်ပေါ့နော်။ လက်တွဲပါဝင်ပြီး ထဲထဲ ဝင်ဝင်အားပေးအားမြှောက်လုပ်တာရော၊ ကျနော်တို့ကို support (ပံ့ပိုး)လုပ်တာတွေရောပေါ့။ ညှိနှိုင်းဆွေး နွေးမှုတိုင်းမှာ ကျနော်တို့နဲ့အနီးစပ်ဆုံးရှိနေတာက WLB ဘဲ ဖြစ်ပါတယ်။ ဆိုတော့ ရှိသမျှ အမျိုးသမီးတွေ အားလုံး ဖိတ်ရင်လည်းဘဲ ကျနော်တို့ မတူကွဲပြားတဲ့ အနေအထားရှိတဲ့အတွက် လောလောဆယ် အနေ အထားမှာ WLB က အနီးစပ်ဆုံးရှိနေတဲ့အတွက် WLB ကို ပထမဆုံး ဦးစားပေးအနေနဲ့ ဖိတ်ကြားတဲ့ အနေ အထားမျိုးနဲ့ သွားရင်ကောင်းမယ်လို့ ဆုံးဖြတ်တာဖြစ်တယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

မိုင်ဂျာယန်ညီလာခံသို့ တက်ရောက်ရန်အတွက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အပါအဝင် ပြည် တွင်းမှ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ တိုင်းရင်းသားနိုင်ငံရေးပါတီ(၂၃)ခုဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) တို့ကိုလည်း ကိုယ်စားလှယ်အဖြစ် တစ်ဖွဲ့လျှင်(၅)ဦးနှုန်း ဖိတ်ခေါ်ရန် သဘောတူဆုံး ဖြတ်ခဲ့သည်။

ပြီးခဲ့သည့်၂၀၁၅ ခုနှစ်၊ ဧပြီလက ကျင်းပသော ဒုတိယအကြိမ်လောခီးလာညီလာခံနှင့် ချင်းမိုင်တွင် ကျင်းပ ခဲ့သော EAOs Summit တို့တွင် WLB ကို လေ့လာသူအဖြစ်သာ ဖိတ်ကြားခဲ့ပြီး ယခု မိုင်ဂျာယန် ညီလာ ခံတွင်  WLB ကို ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်မည်ဆိုသည့်အပေါ် ဝမ်းသာပါကြောင်း WLB မှ အထွေထွေ အတွင်းရေးမှူး ဂျူလီယာမရစ်ပ်ကပြောသည်။

“မိုင်ဂျာယန်မှာ ဖိတ်မယ်လို့ကြားတော့ ဝမ်းသာပါတယ်။ အကယ်၍မဖိတ်ရင်လည်း ကျမတို့က လေ့လာသူ အနေနဲ့ ဖိတ်ကြားဖို့တောင်းဆိုသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ၂၀၁၅ မှာ ကျင်းပတဲ့ လော်ခီးလာ ညီလာ ခံမှာ EAOs ခေါင်းဆောင်တွေအနေနဲ့ Peace Process မှာ အမျိုးသမီးအနည်းဆုံး (၃၀)ရာခိုင်နှုန်းပါဝင်ဖို့ သ ဘောထားကျထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ စက္ကူပေါ်မှာသာ မဟုတ်ဘဲနဲ့ လက်တွေ့မှာ အမျိုးသမီးတွေကို ပါဝင်ဆွေးနွေးတဲ့နေရာမှာရှိနေဖို့ သေချာအောင် လုပ်ဆောင်ဖို့လိုပါတယ်”ဟု သူကပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးတွေအနေဖြင့် အဓိပ္ဗါယ်ရှိသော ပါဝင်မှု ဖြစ်စေရန် ဆက်လက်စည်းရုံးလှုံ့ ဆော်သွားမည်ဖြစ်ကြောင်း သူကဆက်လက်ပြောဆိုသည်။

WLB မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ယိင်းဟန်ဖကလည်း ယခုလို ဖိတ်ခေါ်မှုကို ကြိုဆိုလိုက်သည်။

13632705_1070302786383941_508076386_o

“သူတို့ဖိတ်တဲ့အပေါ်မှာကြိုဆိုတယ်။ ဝမ်းလည်းသာတယ်။ ကျမတု့ိကိုအမြဲတမ်းဆွဲခေါ်တယ်။ အမြဲတမ်းပါဝင် အောင် ကျမတို့ကိုဖိတ်တယ်ဆိုလို့ EAOs တွေဘဲရှိတယ်။ ရှေ့အနာဂတ်မှာ အမျိုးသမီးတွေများများ ပါဝင်နိုင် အောင် ကျမတု့ိကြိုးစားသွားမှာပေါ့နော်။ ကျမတို့လည်း ဒီလိုပါဝင်နိုင်ဖို့အတွက်ကြိုးစားခဲ့တာကြာပြီ။ အခုမှ မဟုတ်ဘူး။ ဟိုးအရင်ငြိမ်းချမ်းရေးမစခင်ကတည်းက တိုင်းရင်းသားတွေအတွက် ဖွဲ့စည်းပုံရေးဆွဲတုန်းက လည်း ကျမတို့အမြဲတမ်းပါတယ်။ အဲဒီကတည်းကနေ အမျိုးသမီးတွေပါဝင်ဖို့ လှုပ်ရှားလာခဲ့တာ။ အခုတောင် နေရာ နည်းနည်းဘဲရှိသေးတယ်”

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ချနိုင်သည့်နေရာတိုင်းတွင် အမျိုးသမီးများကို ပါဝင် နိုင်ရန် ပြည်သူလူထုအတွက် ကိုယ်စားပြုသည့်အမျိုးသမီးများကို ထည့်သွင်းစေလိုကြောင်းနှင့် အမျိုးသမီး များပါဝင်မှုအပေါ် ယခင်စစ်အစိုးရလက်ထက်မှ လုပ်ပုံလုပ်နည်းများနှင့် ပါတ်သက်ပြီး သူ၏စိုးရိမ်မှုကိုလည်း ပြောကြားခဲ့သည်။

“သူတို့ကတော့ ဟန်ပြ၊ အမျိုးသမီးတွေကို အမြန်ဖွဲ့၊ တချို့ဆိုရင် သူတို့လူကြီးတွေရဲ့မိန်းမတွေကိုထည့်၊ အဲဒီ လို မဖြစ်စေချင်ဘူးလေ။ ကျမတို့က တကယ့်အမျိုးသမီးတွေအတွက် လှုပ်ရှားသူတွေ ပါဝင်စေချင်တယ်။ ပါဝင်တဲ့ အမျိုးသမီးတွေကလည်း တကယ့်ကို ပြည်သူလူထုအတွက် ကိုယ်စားပြုတဲ့အမျိုးသမီးတွေ၊ ဘန်း ပြတာ မဟုတ်ဘဲနဲ့ တကယ့်အမျိုးသမီးတွေအတွက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေကို ပါဝင်စေချင်တယ်” ဟု သူကပြောသည်။

လာမည့် ဇူလိုင်လ(၁၁)ရက်မှ (၁၆)ရက်နေ့ထိ WLB ၏(၈)လတစ်ကြိမ် ကျင်းပမည့်မူဝါဒရေးရာ ဦးဆောင် ကော်မတီ၏ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံညီလာခံတွင် တင်ပြမည့် အချက်များ၊ လူထုအခြေပြုအဖွ့ဲအစည်း (CSOs) ဖိုရမ်တွင် ထည့်သွင်းဆွေးနွေးမည့်အချက်များနှင့် မိုင်ဂျာ ယန် အစည်းအဝေးတွင် တင်ပြမည့်အချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သူကပြောသည်။

လာမည့်သြဂုတ်လတွင် အစိုးရမှခေါ်ယူကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစု ပင်လုံ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်၍ ဘုံသဘောတူညီချက်များကို ရယူရန်မိုင်ဂျာယန် ညီလာခံ ကို ကျင်းပခြင်းဖြစ်သည်ဟု ခူဦးရယ်က သတင်းထောက်များကို ပြောဆိုထားသည်။

 

Related Articles