Home ဆောင်းပါး ဖေ့ဘုတ်သုံးစွဲမှုက အမျိုးသမီးတွေအတွက် အန္တရာယ် ဖြစ်နေသလား

ဖေ့ဘုတ်သုံးစွဲမှုက အမျိုးသမီးတွေအတွက် အန္တရာယ် ဖြစ်နေသလား

13692453_642837969217498_4959756271085962168_n

နန်းခမ်း။      ။

အမျိုးသမီးတန်းတူအခွင့်အရေးရဖို့ ကျယ်လောင်စွာအော်နေချိန်မှာ“ အိမ်ထောင်ရှိအမျိုးသမီးများနှင့် Facebook (ဖေ့စ်ဘုတ်) အန္တရာယ်” ဆိုတဲ့ ဆောင်းပါးကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြတဲ့အတွက် အမျိုးသမီးအခွင့် အရေး တက်ကြွလှုပ်ရှားနေသူတွေရဲ့ ကန့်ကွက်မှုတွေဖြစ်လာပါတယ်။

ဒီခေါင်းစဉ်ဖြင့် ဇွန်(၃၀)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ကျားမရေးရာခွဲခြားမှု ဖြစ်စေသကဲ့သို့ အမျိုးသမီးတွေရဲ့သိက္ခာကိုလည်း ချလိုက်တယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတွေက ပြောပါ တယ်။

“ ဆောင်းပါးက နိုင်ငံပိုင် သတင်းစာမှာ မထည့်သင့်တဲ့ဆောင်းပါးပါ။ ဆောင်းပါးမှာ ကျားမခွဲခြားတာအပြင် အိမ် ထောင်သည် အမျိုးသမီးတွေကိုပါ ထပ်ပြီးခွဲခြားထားတယ်။ အမျိုးသမီးထုက နှစ်ထပ်နာတယ်။ နိုင်ငံပိုင်သတင်း စာဆိုတာ နိုင်ငံပေါ်လစီ၊ အစိုးရပေါ်လစီတွေ ထင်ဟပ်နေပြီး အမျိုးသမီးတွေကို အစိုးရကိုယ်တိုင်က ဖိနှိပ် ခွဲခြားရာရောက်တဲ့ အကြောင်းအရာနဲ့ အရေးအသားမျိုးတွေ မဖော်ပြသင့်ဘူး”ဟု မြန်မာသတင်းစာကွန်ရက်  (MJN) အတွင်းရေးမှူး-၂ အမျိုးသမီးသတင်းထောက် မဝေမာသိမ့်ကပြောပါတယ်။

အဲဒီဆောင်းပါးက နိုင်ငံပိုင်မီဒီယာမှာ နေရာပေးရလောက်အောင် စာဖတ်သူတွေအတွက် အကျိုးရှိသလား၊ စဉ်း စားစရာတွေ ဖြစ်နေပါတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဆောင်းပါးမှာ ဖေ့စ်ဘုတ်သုံးနေတဲ့ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံနေရတာတွေ၊ အမျိုးသမီးဆိုတာ လင်ယူသားမွေး အိမ်မှုကိစ္စတွေ၊ လင်ယောက်ျားကိစ္စတွေပဲ လုပ်ရမယ်ဆိုတဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ ပါဝင်နေတာတွေ့ရပါတယ်။

“ဒီဆောင်းပါးရဲ့ခေါင်းစဉ်က အိမ်ထောင်ရှင်အမျိုးသမီးအားလုံးရဲ့ ကိုယ့်ကျင့်တရားကို ထိခိုက်စေတယ်။ သစ္စာရှိ တယ်ဆိုတာ ဖေ့စ်ဘုတ်သုံးခြင်း၊ မသုံးခြင်း၊ မိန်းမဖြစ်ခြင်း၊ မဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း၊ အိမ် ထောင်ရှိခြင်း၊ မရှိခြင်းနဲ့ မဆိုင်ဘူး။ လူတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားနဲ့ပဲဆိုင်တယ်” ဟုလည်း မဝေမာသိမ့်က ပြောပါတယ်။

ဆောင်းပါးမှာက အိမ်ထောင်သည် အမျိုးသမီးတွေ ဖေ့စ်ဘုတ်သုံးစွဲမှုကြောင့် အိမ်တွင်းအလုပ်ကိစ္စ ပျက်ကွက် တာတွေ၊ အမျိုးသမီးတွေ ကလေးတွေရဲ့ဝေယျာဝစ္စ ပျက်ကွက်လာတာတွေ၊ တခြားအမျိုးသားတွေနဲ့ ဖောက်ပြန် တာတွေကို ဖေ့စ်ဘုတ်သုံးစွဲသူတဦးရဲ့ ခံစားချက်အပေါ် ပြန်လည်ပြီး ဆောင်းပါးအနေဖြင့် ရေးသားထားပါတယ်။

အဲဒီဆောင်းပါးဟာ သတင်းမီဒီယာအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ မကိုက်ညီမှုတွေရှိပြီး အမျိုးသမီးတွေရဲ့ ကိုယ်ကျင့် သိက္ခာအပေါ် စော်ကားသည့်ဆောင်းပါးတခုလို့လည်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

“ဖေ့စ်ဘုတ်သုံးတဲ့အမျိုးသမီးတွေ မကောင်းကြောင်းကို ပြောတာဆိုရင် ကျမတို့လည်း ဖေ့စ်ဘုတ်သုံးတဲ့ အမျိုး သားတွေ မကောင်းဘူးလို့ ပြောလို့ရတာပေါ့၊ ဒါကအမျိုးသမီးတွေကို အပုတ်ချ၊ နိမ့်ချချင်လို့ပြောတာပဲ။ ဒါကို ဖတ်ပြီး ယုံတဲ့သူရှိရင်တော့ အတွေးအခေါ်အားနည်းတယ်လို့ပဲ ပြောချင်ပါတယ်”  အမျိုးသမီးများအဖွဲ့ချုပ် (မြန် မာနိုင်ငံ) ၏ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် မယ်စုစုဆွေက ပြောပါတယ်။

ဖေ့စ်ဘုတ်က အမျိုးသမီးတွေအတွက် သီးသန့်အန္တရာယ်ဖြစ်နေတာမဟုတ်ကြောင်း၊ မိန်းမပဲဖြစ်ဖြစ် ယောကျာ်း ပဲဖြစ်ဖြစ်၊ ဘယ်သူမဆို ဖေ့စ်ဘုတ်အပါအဝင် ဆိုရှယ်မီဒီယာတွေကို တလွဲသုံးတဲ့သူတွေရဲ့အန္တရာယ်ကို ကြုံ တွေ့ရနိုင်ပါတယ်ဟု ကျားမတန်းတူညီမျှခြင်းကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ မမေစံပယ်ဖြူကလည်း ထပ်မံသုံး သပ်ပြောဆိုပါတယ်။

အမျိုးသမီးတွေကိုမှ အန္တရာယ်ဖြစ်စေတယ်လို့ ယူဆမယ်ဆိုရင် အမျိုးသမီးတွေရဲ့ လွတ်လပ်စွာသတင်းအချက် အလက်တွေကို ရယူခွင့်နဲ့ မျှဝေခွင့်တွေကိုလာပြီး ထိခိုက်ကန့်သတ်ကြမှာ စိုးရတယ်လို့ မမေစံပယ်ဖြူက ဆိုပါ တယ်။

“ အလွန်အကျွံ နည်းမှန်လမ်းမှန်မသုံးစွဲရင် ဘယ်သူ့ကိုမဆို ထိခိုက်စေနိုင်တာချည်းပါပဲ။ အကျင့်စာရိတ္တ ပျက်စီး တယ်ဆိုတာတစ်ဦးချင်းရဲ့ အပြုအမူ၊ ခံယူချက်နဲ့ပဲဆိုင်ပြီး ဟိုဟာကြောင့် ဒီဟာကြောင့်ဖြစ်တယ်ဆိုတာတွေ ဟာ အကြောင်းပြချက် ဒါမှမဟုတ် ပံ့ပိုးပေးနေတဲ့အရာတွေကို အကြောင်းရင်းတွေအဖြစ် တလွဲယူဆနေကြ တာဖြစ်ပါတယ်” မမေစံပယ်ဖြူက ထပ်မံဖြည့်စွက်ပြောပါတယ်။

ဖေ့စ်ဘုတ်ရဲ့ဖမ်းစားမှုကို ဘယ်လိုရင်ဆိုင်နိုင်မလဲဆိုတာ စိတ်ပိုင်းဆိုင်ရာအပေါ်မှာပဲ မူတည်ကြောင်း၊ အမျိုးသ မီးတွေကြောင့် ဖြစ်တယ်ဆိုတဲ့ တယူသန်တဖက်သတ်ရေးသားမှုကို လက်မခံနိုင်ကြောင်းကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသည့် အဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ ( Equality Myanmar) မှ ဒါရိုက်တာ ဦးအောင်မျိုး မင်းက ဆိုပါတယ်။

“ဖေ့စ်ဘုတ်ကြောင့် အဆင်မပြေမှုတွေ ဖြစ်သွားတဲ့အမျိုးသားတွေ အမျိုးသမီးတွေရှိပေမယ့်၊ အမျိုးသမီးတွေ ကြောင့် ဖြစ်တယ်ဆိုတဲ့ ချုပ်ချယ်တဲ့အကြောင်းအရာကို ကျနော်လက်မခံနိုင်ဘူး”ဟု ဦးအောင်မျိုးမင်းက ပြော သည်။

အမျိုးသမီးတွေ မပျက်စီးစေချင်သည့်သဘောဖြင့် ရေးသားဖော်ပြသော်လည်း အမျိုးသမီးများကြောင့် အိမ် ထောင်ပြိုကွဲသည်ဟု ဆိုလိုသည့်သဘော နိုင်ငံပိုင်သတင်းစာမှာ ရေးသားဖော်ပြခြင်းသည် အစိုးရပေါ်လစီ အလား အထင်လွဲစရာ ဖြစ်သွားစေနိုင်သည်ဟု အမျိုးသမီးရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေသူများက ပြော ဆိုလိုက်ခြင်းဖြစ်ပါတယ်။

နိုင်ငံပိုင်မီဒီယာမှာ ဒီလိုဖော်ပြတယ်ဆိုတာကလည်း မီဒီယာကို အသုံးချပြီးတော့ မိန်းမတွေကို စော်ကားတာ၊ ချိုးနှိမ်ချင်တာဖြစ်ပါတယ်။ အခုချိန်မှာ ဒါတွေကို မီဒီယာမှာ ဖော်ပြတာက Gender sensitive မရှိတာရယ်၊ အခု နောက်ပိုင်း အမျိုးသမီး ၃၀ % အနည်းဆုံး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုး သမီးတွေ ထည့်သွင်းရေးပြောနေတဲ့အချိန်မှာ ဒီလိုဖော်ပြတာက နောက်မှာအကြောင်းရှိမယ်ဟုလည်း မယ်စုစု ဆွေက ဆိုပါတယ်။

“ အမျိုးသမီးမို့လို အိမ်ထောင်ရှင်မဖြစ်လို့ ဖေ့စ်ဘုတ်သုံးပြီး ပျက်စီးတယ်လို့ ပြောတာကိုတော့ ကျနော်လက်မခံ ဘူး။ ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် ပျက်စီးတဲ့သူတွေက ဖေ့စ်ဘုတ်မသုံးဘဲ ပျက်စီးကြတာပဲ။ ဒါအမျိုးသမီးထုတွေ အိမ်ထောင်ရှင်မတွေကို သက်သက်စော်ကားတဲ့ ဆောင်းပါးတခုလို့ ကျနော်မြင်ပါတယ်” ဟု ရန်ကုန်မြို့၊ အလုံမြို့နယ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးလှအောင်က ဆို ပါတယ်။

ဇူလိုင်လ (၄)ရက် မှ (၅)ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးတွင် ပြုလုပ်သည့် (၆၄) ကြိမ် မြောက် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ စီဒေါကော်မတီ (CEDAW) အစည်းအဝေးတွင် အစိုးရတွေရဲ့ အစီရင်ခံစာတွေကို ကြည့်မယ်ဆိုရင် ရည်ရွယ်ချက်ကောင်းပေမယ့် ကျားမ ရေးရာပေါ်မှာ တခါတလေကျရင် ပုံစံခွက်ထဲသွင်းနေတာတွေကို တွေ့ရပါတယ်လို့ အဲဒီအစည်းအဝေးကို သွား ရောက်တက်ခဲ့တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုပါတယ်။

ဥပမာအနေဖြင့် ပြောရမယ်ဆိုရင် လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ပြန်လည်ပြုစုရေးလုပ်ဆောင်ရာမှာ အစိုး ရအနေနဲ့ အပ်ချုပ်တို့၊ ဇာထိုးပန်းထိုး၊ ထမင်းချက်၊ မုန့်ဖုတ်ဆိုတဲ့ အသက်မွေးဝမ်းကျောင်းတွေ လုပ်နေတာကို ဂုဏ်ယူစွာပြောနေတယ်။ အဲဒီလိုမျိုးပုံစံက အမျိုးသမီးတွေ အိမ်တွင်းမှုလုပ်၊ အသက်မွေးဝမ်းပြုရမယ်။ အိမ် တွင်းမှု လုပ်တတ်ရမယ်ဆိုတဲ့ပုံစံခွက်ကို ပြန်သွားနေတဲ့သဘောမျိုးပါဟုလည်း ဦးအောင်မျိုးမင်းက  ပြောပြပါ တယ်။

ဖေ့စ်ဘုတ်သုံးစွဲမှုသာမက  အွန်လိုင်းသုံးစွဲနိုင်မှုသည် အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ကမ္ဘာကြီးပေါ်က သတင်းအ ချက်အလက်တွေ အချိန်နဲ့တပြေးညီ ရရှိနိုင်တာမို့ အမျိုးသမီးများအတွက်သာ မဟုတ်ဘဲ လူတိုင်းအတွက် အ သိအမြင်ပြောင်းလဲစေနိုင်သလို အခွင့်အလမ်းအမျိုးမျိုးကိုလည်း လက်လှမ်းမီလာနိုင်ပါတယ်ဟုလည်း မမေစံ ပယ်ဖြူက အွန်လိုင်းသုံးစွဲမှုနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုပါတယ်။

မြန်မာအမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူညီမျှတဲ့ အလုပ်ရာထူးခံစားခွင့် ရဖို့လိုကြောင်း၊ အမျိုးသမီး ရေး အခွင့်ထူးခံအနေဖြင့် တောင်းဆိုခြင်းမဟုတ်ကြောင်း၊ မိရိုးဖလာဓလေ့အယူအဆတွေ ပိတ်ပင်တားဆီးမှု တွေကနေ အမျိုးသမီးထုကြီး လွှတ်မြောက်ဖို့ အမျိုးသမီးတိုင်း ကိုယ့်ခွန်ကိုယ့်အားနဲ့ ရုန်းထွက်ရမယ်ဟုလည်း အမျိုးသမီးရေး လှုပ်ရှားသူများက ပြောဆိုကြပါတယ်။

Related Articles