မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထောက်ရှာပင်ရွာက အိမ်ထဲတွင်ထိုင်နေသည့် အမျိုးသမီးတဦး

အာဏာရှင်ကြောင့် ပြာကျခဲ့တဲ့အိမ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့ဘဝတွေ 

တင်စိုး (အညာမြေ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထောက်ရှာပင်ရွာမှာ  ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ဝင်ရောက်စီးနင်းမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ အမျိုးသမီးတဦးအပါအဝင် ရွာသား ၄ဦးကို လက်ပြန်ကြိုးတုတ် သတ်ဖြတ်မြေမြှုပ်ခဲ့တာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။   

ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး  စစ်ကောင်စီတပ်တွေဟာ  ရွာအတွင်း ၁၅ ရက်ကြာ နေထိုင်ခဲ့ပြီး ပြန်လည်ထွက်ခွာချိန်မှာ  သူတို့ စတည်းချခဲ့တဲ့ နေအိမ်အပါအဝင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၅၅ လုံး ပြာကျခဲ့ပါတယ်။ စစ်ကြောင်းဝင်ရောက်လာချိန်ကစပြီး ဒေသခံရာနှင့်ချီဟာ နီးစပ်ရာ တောတောင်တွေနဲ့  အခြားကျေးရွာတွေဆီ  အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ 

ဒီဖြစ်စဉ်အပြီး ယခု  ၂လခွဲနီးပါး ကြာမြင့်လာတဲ့တိုင် ထောက်ရှာပင်ရွာက အမျိုးသမီးတွေ၊  သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဟာ လုံလောက်တဲ့ အကူအညီမရရှိသေးဘဲ အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့  နေထိုင်ရေး အခက်အခဲတွေကြား ရှင်သန်နေကြရဆဲဖြစ်ပါတယ်။  

မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်တွေနေရာဆီ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးတဲ့ ဒေသခံတချို့က နီးစပ်ရာ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်မှာ ခိုလှုံနေကြရပြီး၊ တချို့က အိမ်ဝင်းတွေ၊ သင့်တော်ရာနေရာ တွေမှာ  မိုးကာတဲတွေထိုးပြီး  ယာယီနေထိုင်နေကြရပါတယ်။ စားနပ်ရိက္ခာရှားပါးမှုနဲ့  နေထိုင်ရေး ကျပ်တည်းမှုတွေအပြင် ရာသီဥတုဒဏ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ခြင်းတို့ကလည်း သူတို့ရဲ့ နေ့စဉ်ဘဝကို ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။  

အထူးသဖြင့် အမျိုးသမီးတွေနဲ့  ကလေးငယ်တွေဟာ  အခြေခံလိုအပ်ချက်များ မပြည့်မီရုံသာမက စစ်ကြောင်းဝင်ရောက်စီးနင်းမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ ရွာခံတချို့ အသတ်ခံခဲ့ရတဲ့  ဖြစ်စဉ်တွေကြောင့်  ကြောက်လန့်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုပါ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ 

“ကျမကတော့ အသက်ကြီးပြီ၊ သွေးလည်းဆုံးပြီ၊ မြေးမလေး နှစ်ယောက်ရှိတယ်၊ သူတို့က အသက် ၁၃၊ ၁၄ အရွယ်ပါ၊ သူများပေးစာကမ်းစာလေးနဲ့ အခုဝတ်နေတယ်။ မရိုသေစကားပြောပါ့မယ် အတွင်းခံက ၃ ထည်၊ ဘော်လီက ၂ ထည်ပဲရှိတယ်” လို့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးက ဖွင့်ဟပြောဆိုပါတယ်။ 

ဒါ့အပြင် နောက်ထပ် ထောက်ရှာပင်ရွာခံ အမျိုးသမီးတဦးကလည်း ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင် ရာ ထိတ်လန့်နေရတဲ့ အခြေအနေကို အခုလို ရင်ဖွင့်ပြပါတယ်။ 

“ကျမကလေးကတော့ စစ်သားတွေဝင်လာတာနဲ့ ရွာခံတွေ အသတ်ခံထားရတာကြောင့် ကြောက်လန့် နေတယ်၊ ညနေမှောင်တာနဲ့ ဘယ်မှမသွားရဲ၊ မလာရဲဘဲ အထိတ်တလန့် ဖြစ်နေတယ်၊ တချို့ဆို ရွာထဲ မနေချင်တော့ဘူး” 

အမျိုးသမီးတွေရဲ့ လစဉ်ဓမ္မတာကိစ္စကိုတောင် ဖြေရှင်းဖို့ မတတ်နိုင်သူ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ် လို့ ရပ်ကျေးပကဖ တာဝန်ခံ ကိုမုန်းထံက သိရပါတယ်။ ၁ ထုပ်ကို ၄,၅၀၀ ကျပ်အထိ ပေးဝယ်နေရပြီး လက်ရှိမှာ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရကာ ဝယ်ယူသုံးစွဲဖို့ အကြပ်အတည်း တွေ့နေကြရပါ တယ်။  

ထောက်ရှာပင်ရွာမှာ  နေအိမ် ၃၀၀ ကျော်ရှိတဲ့အနက် ၅၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ မိရိုးဖလာ တောင်ယာလုပ်ငန်းကို အားထားအသက်မွေးဝမ်းကျောင်းပြုကြရတဲ့  မိသားစုတွေဟာ နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်းအခြေခံတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ လက်ရှိမှာ  မိုးကာတဲတွေနဲ့  ခိုလှုံ နေရတဲ့  ရွာခံတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အဝတ်အထည်တွေ အမြန်ဆုံးလိုအပ်နေပါတယ်။  

ဒီဓာတ်ပုံအက်ဆေးဟာ မီးလောင်ပြာကျသွားတဲ့ နေအိမ်တွေ၊ အသုံးအဆောင်တွေရဲ့ နောက်ကွယ်  ထောက်ရှာပင်ရွာက  အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့  နေထိုင်ရေးအခက်အခဲတွေ၊ မပြည့်မီသေး တဲ့ အခြေခံလိုအပ်ချက်တွေနဲ့ မငြိမ်းသေးတဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို HI – Honest Information ရဲ့ အလွတ်တမ်းဓာတ်ပုံသတင်းသမားတဦးက မြေပြင်ကွင်းဆင်းပြီး တစိတ်တပိုင်း မှတ်တမ်းတင်ထား တာဖြစ်ပါတယ်။  

ထောက်ရှာပင်ရွာအိမ်များ မီးရှို့ခံရပြီးနောက် မိုးကာတဲများတွင် ယာယီနေထိုင်နေရသော ရွာသားတစ်ဦး
မကွေးတိုင်း ထောက်ရှာပင်ရွာရှိ စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခံရသော လူနေအိမ်များ၏ ပြာကျအကြွင်းအကျန်
မကွေးတိုင်း ထောက်ရှာပင်ရွာရှိ စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခံရသော လူနေအိမ်များ၏ ပြာကျအကြွင်းအကျန်
မကွေးတိုင်း ထောက်ရှာပင်ရွာရှိ စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခံရသော လူနေအိမ်များ၏ အိုးခွက်အကြွင်းအကျန်
ထောက်ရှာပင်ရွာအိမ်များ မီးရှို့ခံရပြီးနောက် မိုးကာတဲများတွင် ယာယီနေထိုင်နေရသော အမျိုးသမီး
မကွေးတိုင်း ထောက်ရှာပင်ရွာရှိ စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခံရသော လူနေအိမ်များ၏ ပြာကျအကြွင်းအကျန်
မကွေးတိုင်း ထောက်ရှာပင်ရွာရှိ စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခံရသော လူနေအိမ်များ၏ ပြာကျအကြွင်းအကျန်
မကွေးတိုင်း ထောက်ရှာပင်ရွာရှိ စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခံရသော လူနေအိမ်များ၏ ပြာကျအကြွင်းအကျန်
ထောက်ရှာပင်ရွာအိမ်များ မီးရှို့ခံရပြီးနောက် မိုးကာတဲများတွင် ယာယီနေထိုင်နေရသော အမျိုးသားတစ်ဦး