၂၁ ပင်လုံကြိုဆိုသည့်အတွက် ကူကီး အမျိုးသမီးစင်တာဥက္ကဌ တရားစွဲခံရမည်ဟု ခြိမ်းခြောက်ခံရ
၂၃၊ သြဂုတ်၊ ၂၀၁၆ ကချင်မလေး (ရန်ကုန်)။ ။ (၂၁)ရာစု ပင်လုံညီလာခံ ကြိုဆိုရေးနှင့် ကူကီး တိုင်းရင်းသား ဖိုရမ် ကျင်းပခဲ့ခြင်းကြောင့် ပွဲကျင်းပရေး ကော်မတီ ဥက္ကဌဖြစ်သော အမျိုးသမီးရေး လှုပ်ရှားသူတစ်ဦးအား မြို့နယ်အုပ်ချုပ်ရေးက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ခေါ်ယူ အသိပေးခဲ့သည်။ သြဂုတ် ၁၉-၂၀ ရက်များတွင် အခန်းအနားကျင်းပခဲ့ပြီး ၂၁ ရက်နေ့တွင် ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါ်ငိုင်းငိုင်းအား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်စာ ပေးပို့ခေါ်ယူခဲ့သည်။ တမူး မြို့နယ်အုပ်ချုပ်ရေးရုံးတွင် အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိများ၊ လဝက အရာရှိ၊ ရှေ့နေများ၊ ခရိုင်အုပ်ချုပ်ရေးကသူတွေအားလုံးပေါင်း အယောက် ၃၀ နှင့်အတူ “တားမြစ်ထားတဲ့ကြားကလုပ်တဲ့ အတွက်ကြောင့် ဥပဒေနဲ့အရေးယူမှာဖြစ်တဲ့အကြောင်း အသိပေးဖို့ ဒီနေ့ခေါ်ယူတာလို့” ပြောခဲ့ကြောင်း ဒေါ်ငိုင်းငိုင်းကပြောပါသည်။ “၁၉-၂၀မှာ […]


