နောက်မဆုတ်တမ်းရှေ့ဆက်လှမ်းနေသူ (သို့မဟုတ်) Peace Award အတွက် အဆိုပြုထားခြင်းခံရသူ ဒေါ်ခင်မမမျိုး
ပိုးဝါ(ရန်ကုန်)။ ။ အေးချမ်းလှတဲ့တောင်ပေါ်မြို့လေးမှာ မွေးဖွားခဲ့ပေမဲ့ သူမက မိသားစုနဲ့ အေးအေးဆေးဆေးအချိန် ပေးနေခွင့်ရတယ်ဆိုတာ ရှားပါတယ်။ မြန်မာနိုင်ငံကြီးငြိမ်းချမ်းရေးရဖို့ကိုသာ မိသားစုအရေးထက် ပိုမိုအားသွန်ခွန်စိုက်လုပ်နေခဲ့ပါတယ်။ သူမရဲ့လူမူကွန်ရက်စာမျက်နှာမှာဆိုရင်လည်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးသင်တန်းတွေကို မြန်မာနိုင်ငံအနှံ့သွားရောက်ပို့ချနေတဲ့ ပုံတွေတင်ထားတာကို တွေ့ရမှာပါ ။ ပြီးတော့ သူမရဲ့သားလေးနဲ့ ဝေးကွာနေတဲ့အကြောင်းကိုလည်း တခုတ်တရတင်ထားတာတွေလည်း ရှိပါသေးတယ်။ သူမရဲ့လူမူကွန်ရက်စာမျက်နှာပေါ်က မှတ်မှတ်ရရရှိတာတခုက “ငြိမ်းချမ်းရေးရေ… အမြန်ရပါတော့။ ဖိုးကောင်းလေးကို လွမ်းလှပြီ ” ဆိုတဲ့စာသားလေးပါပဲ။ သူမကတော့ အခမ်းအနားပွဲတွေကလွဲလို့ ရှပ်အကျီၤအမြဲဝတ်တယ်။ ယောကျာ်းလေးတွေသာ အညှပ် များတဲ့ ဆံပင်ပုံစုံနဲ့ အရပ်က ငါးပေမပြည့်တပြည့် လူကောင်က ခပ်သေးသေး အမျိုးသမီး ဒေါ်ခင်မမမျိုးပဲဖြစ်ပါတယ် ။ သူမဟာ […]


