“သေနတ်သံတွေက တစ်ညလုံး မိုးလင်းတဲ့အထိပဲ အသံတွေကြားနေရတော့ ကိုယ့်ကိုဘယ်တော့များဝင်ဆွဲမလဲဆိုပြီး မအိပ်ရဲဘူး။ ရပ်ကွက်ထဲတွေများ ဝင်လာမလားဆိုပြီး ငြိမ်နေရတဲ့အနေအထားဖြစ်နေတယ်”
Administrator
-
-
“ကလေးက ညညဆိုအိပ်မပျော်ဘူး၊ ရဲတွေလာနေပြီလားဆိုတာ ခဏခဏ ထထ မေးတယ်၊ တံခါးတွေပိတ်ထား နော်ဆို တာမျိုး သူမအိပ်ခင်မှာ ထပ်ခါထပ်ခါပြောတယ်၊ တကယ်လို့ ရဲတွေလာရင် မေမေက ဘာလုပ်ပေးမှာလဲ ဆိုတာမျိုးမေးတယ်၊ မေမေ့ကို ရဲတွေက သတ်လိုက်ကြပြီလားလို့ မေးတယ်”
-
“ရဲမို့မယုံကြည်တာ၊ လက်ခံရမှာကြောက်တာတွေက ပြည်သူတွေအပြစ်မဟုတ်ဘူး။ လက်ရှိမှာလည်း ယုံချင်စရာအခြေ အနေလည်း မဟုတ်ဘူးလေ။ ရဲယူနီဖောင်းနဲ့လူသတ်နေကြတာ ပုံပြင်တွေမှမဟုတ်ဘဲ”
-
” ကျွန်မတို့ အလောင်းထမ်းစကဆိုရင် လူတစ်ချို့က ရွံ့ရှာတဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့တယ်။ ဒီအလုပ်က စေတနာအရင်းခံ တဲ့ ပရဟိတစိတ်ရှိသူတွေသာ လုပ်လို့ရတာကို သူတို့သဘောမပေါက်ကြပါဘူး၊ ကျွန်မတို့အမျိုး သမီးအနေနဲ့ ဘာမဆိုလုပ် နိုင်တယ်ဆိုတာကိုသက်သေပြချင်တယ်၊ ပြီးတော့ ကိုယ့်နောက်က လူငယ်အမျိုးသမီးတွေကို အတုယူစေချင်တဲ့ ရည်ရွယ်ချက်လည်းပါပါတယ်”
-
“ထဘီဟာ စစ်အာဏာရှင်ရူးတွေအတွက် အဓိက တော်လှန်ရေးလက်နက်ဖြစ်လာတာကို သဘောကျတယ်။ ဘာလို့လည်းဆိုတော့ အာဏာရူးတွေ သေမလောက်ကြောက်ကြတဲ့အရာ ဖြစ်နေလို့ပဲ။”
-
“ ခန္ဓာဗေဒသဘောတရားကွဲပြားတာတစ်ခုနဲ့တော့ လူလူချင်းအတူတူ နှိမ်ချချင်တဲ့ စိတ်တွေတော့ ဖျောက်သင့်တယ်။ ပုဆိုးလည်းအဝတ်ပဲ၊ ထဘီလည်း အဝတ်ပဲ။ အရာတိုင်းဟာ တန်းတူတန်ဖိုးထားနိုင်ရမှာပေါ့”
-
“ငယ်ငယ်ထဲကဒီအတွေးအမြင်ကိုလက်မခံပါဘူး။ ယောကျာ်းလေးတွေရဲ့ ပုဆိုးကဘာမှမဖြစ်ဘူးဆိုရင် မိန်းကလေး တွေရဲ့ ထဘီက ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး။”
-
“တချို့မိန်းကလေးတွေဆို မပြေးနိုင်တော့လို့ ဝပ်လိုက်တယ်။ ဝပ်လိုက်တာကို လာဖမ်းတယ်။ အမေးအမြန်းမရှိဘူး ရိုက် တယ်။ သူတို့ရိုက်ပြီဆိုတည်းက အနည်းဆုံးကျင်စက်မိတယ်။ နံပါတ်တုတ်နဲ့ရိုက်တယ်။ ကျင်စက်စာမိတဲ့သူတွေကနေ့တ ပိုင်းလောက်ကတော့ ထိထားတဲ့နေရာကထုံနေကြတာ။”
-
“စစ်အာဏာသိမ်းလိုက်တဲ့ နေ့ကစပြီး အကြောက်တရား၊ စိုးရိမ်မှုတွေနဲ့နေနေရပြီး စိုက်ပျိုးရေးလည်းမစနိုင် ကုန်ဈေးနူန်း တွေလည်း တက်လာတာကြောင့် စစ်အာဏာရှင်ကို အလိုမရှိဘူး”
-
“ ကျွန်မတို့အနေနဲ့ အမျိုးသမီးနေ့ကို အရင်လို အောင်မြင်အောင် မလုပ်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်။ အကောင်းဆုံးစီစဉ်ထားပေမယ့် ရဲနဲ့စစ်တပ်ရဲ့ဖြိုခွင်းမှုကြောင့် မလုပ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ဒီရက်စွဲကတော့ မြန်မာ့သမိုင်းမှာ သမိုင်းတွင်သွားမယ့် နေ့ဖြစ်သွားမှာ”