Home Author
Author

Administrator

  • “ကျွန်မက ကလေးအရွယ်လောက်ကစပြီးတော့ ဝါးထည်ပစ္စည်းအမျိုးမျိုး ရက်လုပ်ခြင်း အတတ်ပညာကို တတ်မြောက်လာတာပါ… ရှေးခေတ်ရခိုင်ဘိုးဘွားမိဘတွေဟာ နေ့လယ်နေ့ခင်း အားလပ်ချိန်တွေဆိုရင် ဝါးထည်ပစ္စည်းတစ်မျိုးမျိုးကိုရက်လုပ်ရင်းအပန်းဖြေတတ်ကြပါတယ် … ကျွန်မ တို့မိဘတွေကလည်း အိမ်မှာနေရင်း ဝါးထည်အသုံးအဆောင်ပစ္စည်းတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ကို ရက်လုပ်ကြတယ်”

  • “ ကျွန်မတို့အောင်နိုင်ခဲ့တယ်ဆိုရင်တောင် သူနဲ့အတူတူပျော်ခွင့်မရတော့တဲ့အတွက် အထူးဝမ်းနည်းကြေကွဲရတယ်။”

  • “ကလေးတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေကို အချိန်မီတားဆီးကာကွယ်ပေးဖို့ လိုအပ်နေပြီဆိုတဲ့ သံချောင်းခေါက်သံ ဟာ ကျယ်လောင်နေပြီ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ဒီထက်အချိန်မနှောင်း ခင်မှာပဲ ဆောလျှင်စွာ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ”

  • Throughout the Spring Revolution against the military coup, despite the risks, women have stood at the forefront of Myanmar’s protest movement. Some have been arrested, brutally harassed, and even killed. Their memory and stories must not be forgotten and must serve as lessons for the next generation.

    Honest Information (HI), a women’s media platform is creating this record of women’s participation in the 2021 Spring Revolution, for the period of February 1 to March 31, 2021. Our hope is for this to become a memorial document for the women’s movement after the revolution is over.

  • “ သုံးရက်လောက်ထိ အိမ်ကပို့တာဘာမှမရောက်တော့ အားမပြတ်အောင် သူတို့ကျွေးတာဝင်သ၍ စားပြီးနေရတာပေါ့။ ထမင်းမျိုချလိုက်တာနဲ့ အစာအိမ်ကတန်းအောင့်လာတာ။ ဘယ်လိုမှဆက်စားလို့မရဘူး။ ပဲဟင်းလေးပဲသောက်ပြီးနေရတာ ပိုများတယ်။ ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး။ တော်တော်များများမစားနိုင်ကြတာ”

  • ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူအများဟာ နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ဆန့်ကျင် ရေး အတွက် ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကိုလည်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာတွေ အကြမ်းဖက် ရိုက်နှက်တာတွေနဲ့ ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်နေဆဲပါပဲ။

    ဒီလိုပြုလုပ်ပေမယ့် ပြည်သူအများက နောက်တွန့်မသွားကြဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် ဆန္ဒထုတ်ဖော်ကာ တော်လှန်နေလျက်ရှိပါတယ်။ ဒီတော်လှန်ရေးထဲမှာ အမျိုးသမီးတွေလည်း ပုံစံမျိုးစုံနဲ့ ရဲရဲရင့်ရင့် ရှေ့တန်းမှာ ပါဝင်တော်လှန်နေကြပါတယ်။

    ဒီအတွက်လည်း တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့အမျိုးသမီးတွေ၊ အနှိပ်စက်ခံ၊ ဖမ်းဆီးခံရတဲ့ အမျိုးသမီးပေါင်း များစွာရှိခဲ့ပါပြီ။ ဒါကြောင့် စစ်အာဏာသိမ်းပြီး ယနေ့အထိ နှစ်လအတွင်း(ရက်ပေါင်း၆၀နီးပါး)မှာ အမျိုးသမီးတွေပါဝင် လှုပ်ရှားမှုအဖုံဖုံကို မှတ်တမ်းတင်စုစည်းဖော်ပြပေးလိုက်ပါတယ်။

  • “ နေစရာမရှိခဲ့ပေမယ့် အလုပ်ပြန်ဝင်ဖို့စိတ်ကူးမရှိခဲ့ဘူး နေဖို့စားဖို့ မရှိခဲ့ရင်တောင် အဆုံးထိဝင်သွားမယ်လို့ ဆုံးဖြတ်ထား တယ် ။ ဒီတော်လှန်ရေးမနိုင်ခဲ့ရင်တောင် အလုပ်ထွက်တဲ့ထိလုပ်သွားမယ် အလုပ်မရှိရင် ဘယ်လိုအခက်အခဲတွေ ကြုံလာ နိုင်တယ်ဆိုတာ ကြိုသိပေမယ့် အဆုံးထိဝင်သွားမယ်။”

  • “ကုန်စျေးနှုန်းက လည်းတက်တယ်။ ဝင်ငွေကလည်း မရှိဘူး။ ဒီလို အခြေအနေက မိခင်နဲ့ကလေးတွေအတွက် ပိုပြီး ထိခိုက်မှုရှိနေတာပေါ့”

  • နွေဦးနှင်းဆီ

    by Administrator
    1567 views

    “ ကျွန်မတို့လူ့အဖွဲ့အစည်းက ရုပ်ချောချောလှလှလေးနဲ့ဆိုရင်၊ အိမ်မှာ အိမ်မှုကိစ္စလုပ်နိုင်တယ်ဆိုရင်ပြီးပြီလို့ ယူဆကြတာများတယ်။ အချိန်တန်ရင် ယောက်ျားတစ်ယောက်က လာတောင်းလိမ့်မယ်။ လုပ်ကျွေးလိမ့်မယ်။ တကယ်တော့ ကိုယ်ကအဲဒီလိုလည်းမဟုတ်ဘူး”

  • တဖက်နဲ့ တဖက် တိုက်ခိုက်ကြလို့ တဖက်ဖက်ကအထိနာကြတဲ့အခါ လက်နက်ကိုင်ယောက်ျားတွေဟာ တဖွဲ့နဲ့တဖွဲ့ ထိုးနှက်တဲ့ စကားလုံးကတော့ “ယောက်ျားမပီသတဲ့လုပ်ရပ်”တဲ့။ “မင်းတို့တွေ ယောက်ျားမဟုတ်ဘူးလား၊ ကိုယ့်အပြစ်ကိုယ် ဝန်မခံရဲတဲ့ကောင်တွေ ထမီဝတ်ထား” တဲ့။