Entries by Administrator

မိခင်တွေရင်ထဲက အမြဲအောက်မေ့နေမယ့် နွေဦးတော်လှန်ရေး သူရဲကောင်းတွေ

“သူတို့သွားရင် စိုးရိမ်လို့ သတိထားနော်..သား…လို့ ပြောရတာ အားရှိလိုက်တာ။ စစ်သူကြီးတယောက် စစ်ထွက်သွားရသလိုကို ဂုဏ်ယူတာ။ တော်လှန်ရေးမှာ ကိုယ့်သားမပါတော့ပေမယ့် ကလေးတွေ ကိုယ့်သားလို ဖြစ်မှာစိုးရိမ်တယ်။ သူတို့တွေ အခုလို အသက်ပေးပြီး လုပ်သွားရတဲ့အတွက် ဒီတော်လှန်ရေးကြီးကို အောင်မြင်စေချင်တယ်။”

ကျွန်တော့်ဘဝရဲ့ သူရဲကောင်း

“ငယ်ငယ်က အားကိုးတကြီး ဖက်တွယ်ခဲ့ရတဲ့ အမေ့လက်မောင်းတွေက ဒီအချိန်မှာ ပျော့တွဲလာနေပြီ။ သွက်လက်စွာ လှုပ်ရှားတတ်တဲ့ အမေဟာ ခုချိန်မှာတော့ လူပ်ရှားမူတွေ နှေးကွေးလာတယ်။ ရောဂါဒဏ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ ဒါပေမယ့် သားသမီးတွေအပေါ် ကောင်းစေချင်စိတ် ပူပန်စိတ်ကတော့ တရွေးသားမှ လျော့ကျမသွားဘူး။”

အာဏာရှင်နဲ့အတူ အမြစ်ပြတ်ချေမှုန်းရမယ့် ခွဲခြားနှိမ်ချမှုတွေ

“အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာဖော်ပြတဲ့ ပုံသုံးခွင့်မပြု၊ LGBT & disable တွေ၊ တိုင်းရင်းသားတွေကို ထိပါး စော်ကား ခွဲခြားတာတွေ ဖော်ပြခွင့်မပြုတာတို့လိုပါတယ်။ ဒါမျိုးဆွဲတာ လက်မခံပါ ဘာကြောင့် လက်မခံနိုင် တာဆိုတဲ့ အဖြေကိုပါ သေချာပြောပြရမှာဖြစ်ပါတယ်”

ခြိမ်းခြောက်အနိုင်ကျင့်မှုအောက်က လက်လုပ်လက်စား ဈေးရောင်းသမများ

“ဒီစစ်တပ်တက်ကတည်းက တစ်ရက်မှ စိတ်ချမ်းချမ်းသာသာနေရတယ်။ ဈေး ရောင်းရတယ်လို့မရှိဘူး။ အလုပ်ကမရှိရတဲ့ကြားထဲ သူတို့ကခေါင်းပုံဖြတ်ယူနေတော့ ကျွန်မတို့ကငတ်ပြီပေါ့”

နှစ်ကာလရှည်ကြာစွာ မုဒိန်းမှုကျူးလွန်ခဲ့သူ ဟိုပုံးမြို့က ကျေးရွာလူကြီးကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်

“အမျိုးသမီးဘက်ကနေ ကြည့်ရင် ပြစ်ဒဏ်က နည်းနေတယ် ။ စစကျုးလွန်ခံရတဲ့အချိန်လည်း အသက်ကလည်းမပြည့်သေးဘူး။ ကြားထဲမှာ သူဘယ်လောက်တောင် အကျဉ်းအကြပ်ထဲနေရခဲ့မှာလဲပေါ့နော် ၊ သို့ပေမဲ့ တရားသူကြီးက အမှုတစ်စုံလုံးအပေါ်ကို ကြည့်ပြီး အမိန့်ချတာဆို‌တော့ ကိုယ်ကမကျေနပ်လည်း လက်ခံလိုက်ရတဲ့ သ‌ဘောတော့ရှိတယ်”

တွန်းဖို့ တိုက်ဖို့ အဆင်သင့်ရှိနေကြတဲ့ တော်လှန်ရေးမေမေတွေ

“ ကလေးမွေးရင်း ဖမ်းမယ်ဆိုလည်း ဖမ်းပေါ့။ အဆိုးဆုံးတော့ တွေးထားပြီးသားပါ။ ကျမတို့လို ကိုယ်ဝန်ဆောင်တွေအနေ နဲ့ သူများတွေလို လမ်းပေါ်ထွက်ဆန္ဒပြလို့ မရတော့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေဆက်ပြီး အာဏာရှင်ကို တော်လှန်သွား မှာပါ ”

ပုန်းရင်း ခိုရင်း အသက်လုရင်း ဖြတ်သန်းနေတဲ့ ကရင်စစ်ဘေးရှောင်များရဲ့ ခါးသီးတဲ့နေ့ရက်တွေ

“စားသောက်ဖို့ ဆန်၊ ဆီတွေ ဆေးတွေက နောက်လဆိုရင် ဘယ်လိုဆက်ဖြစ်မှာလဲမသိဘူး။ ပစ္စည်းရိက္ခာတွေကလည်း ပို့မရတော့ နိုင်ငံတကာအထောက်အပံ့တွေကလည်းမရှိဘူး။ ဒါကြောင့် ရှေ့ဆက်အတွက် စားနပ်ရိက္ခာအရမ်းလိုအပ်နေတယ်”

စစ်ကောင်စီပေးမယ့် ပညာရေးအတွက် သောကပွေနေရတဲ့ မိဘတွေ

“ပြည်သူတွေအောင်ပွဲခံပြီးလို့ ပြည်သူ့အစိုးရတက်လာတော့ ကျွန်မကလေးတွေကို ကျောင်းပြန်ထားမယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒီယုံကြည်ချက်ကို ကျွန်မ မစွန့်လွှတ်သေးဘူး”

မျှော်လင့်ချက်မဲ့နေပြီး အခွင့်အရေးတွေ အလှမ်းဝေးနေဆဲ မြန်မာနိုင်ငံက အလုပ်သမားအရေး

” မနေ့ကဆို အလုပ်သမားနေ့ဆိုတော့ ရုံးပိတ်ရက်လေ။ ရုံးပိတ်ရက်ဖြစ်ပေမယ့် အလုပ်သွားရတယ်။ အရင်ဆို အဲ့လိုနေ့ မျိုးအလုပ်ဆင်းရရင် သုံးဆပိုရတယ်။ အခုကျတော့ သုံးဆမပေးပဲ ၈နာရီစာပဲပေးတယ် “

ပူပင်သောကတွေဝေနေတဲ့ နေရပ်ပြန် စက်ရုံအလုပ်သမများ

“ ရွာမှာလည်း ဘာအလုပ်မှလုပ်လို့မရတော့ အမှန်တိုင်းပြောရရင် စားရ တာတောင်နပ်မမှန်ဘူး။ အမေနဲ့ကလေးကို အဓိကကျွေးပြီး ကိုယ်က တစ်ခါတစ်လေမစားပဲ နေတာရှိတယ်။ စားစရာ အတွက်ပူရ အကြွေးဆပ်ဖို့အတွက်ပူရနဲ့ ခေါင်းကိုက်ရတဲ့ရက်တွေ များနေပါပြီ”