ကောကော်။
အကာရော အခင်းပါ ကွမ်းသီးပင်အခွံများနှင့် ပြုလုပ်ထားသော ဆယ်ပေပတ်လည်အိမ်လေးသည် စိမ်းလန်း သော ကုန်းမြင့်ကလေးပေါ်မှာ တည်ရှိသည်။ အိမ်ပေါ်ကိုရောက်ရန် လှေကားထစ်(၃)ထစ်ကို လှမ်းတက်ခဲ့ ချိန်တွင် အိမ်ဟုခေါ်နိုင်သည့် အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်ဟု မရှိဘဲ အိပ်သည့် ဖျာနှင့်စောင်များ၊ ခေါင်းအုံး များကို ဒေါင့်တနေရာတွင် ခေါက်သိမ်းထားသည့် မိသားစု(၇)ဦးစလုံး စုပြုံနေထိုင်ရာ နေရာလပ်လေးတခု ကိုသာ တွေ့ရပါသည်။
အိမ်ထဲတွင်တော့ အသက်(၄၀)ကျော်အရွယ် အသားညိုစိမ့်စိမ့်နှင့် အမျိုးသမီးတယောက် ခေါင်းမမော့တမ်း အလုပ်ထိုင်လုပ်နေသည်။
သူမဘေးတွင် အသက်(၃)နှစ်ခန့်နှင့် (၁)နှစ်ကျော်အရွယ်ခန့် ကလေးငယ်(၂)ဦးက သူမခန္ဓာကိုယ်ကို ဖက် တွယ်တက်ရင်း ဆော့ကစားနေပြီး အသားညိုညိုပါးကွက်ကျားလေးနှင့် ကွမ်းသီးခြစ်နေသူ အမျိုးသမီးက တော့ “မအိဖြိုးမွန်” ဖြစ်သည်။
မအိဖြိုးမွန်သည် ကလေး(၅)ယောက်မိခင်ဖြစ်ပြီး သူမ၏ခင်ပွန်းသည်ကတော့ ကြုံရာကျဘမ်းနေ့စားအလုပ် သမားအဖြစ် တရက်ကို (၄၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်အကြား ဝင်ငွေရရှိကာ မိသားစု(၇)ဦးကို လုပ်ကျွေးနေ သည်။
၂၀၀၆ ခုနှစ်က မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်နက်ကိုင်အဖွဲ့တို့အကြား ပြင်းထန်သော ထိုးစစ်ဆင်မှုများကြောင့် မအိဖြိုးမွန်တို့မိသားစုသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ နယ်၊ မြောင်ဦးရွာမှ တောင်ပေါ်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ အမျိုးသားများမှာလည်း ပေါ်တာလိုက်ရပြီး ဆက်ကြေးများလည်း လစဉ်ပေးဆောင်နေရကာ စစ်ပွဲများကြောင့် ပြေးရင်းလွှားရင်း နေရပ်ပြန်လာလိုက်၊ တောင်ပေါ်သို့ ပြန်ရောက်သွားလိုက်နှင့် “အခြေအနေတွေက ပိုလို့သာဆိုးလာခဲ့တယ်” ဟု သူမက ပြော ပြသည်။
နေအိမ်များ၊ စပါးများ၊ ပျက်စီးကုန်ကာ ပြေးရင်းလွှားရင်းနှင့်ပင် နေရပ်ကို စွန့်ခွာခဲ့ရပြီး ထိုင်းမြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည် စခန်းတခုဖြစ်သော “အီးသုထ”စခန်းသို့ သူမတို့မိသားစုရောက်ရှိခိုလှုံခဲ့ရပါသည်။
“အီးသုထ”စခန်းသည် စစ်ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် စစ်ဘေးသင့်ထွက်ပြေးတိမ်းရှောင်လာသူ များ ယာယီခုံလှုံနိုင်ရန် ထိုင်းမြန်မာနယ်စပ်ရှိ ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ သံလွင်မြစ်ကမ်းနံဘေးတွင် ဖွင့်လှစ်ထားသည်။ လက်ရှိအချိန်အထိလည်း လူဦးရေ (၂၀၀၀)ကျော် ခိုလှုံနေဆဲဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် နယ်စပ်ဒုက္ခသည်စခန်းများသို့ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများမှ ထောက်ပံ့မှုရပ် ဆိုင်းတော့မည်ကို ကြားသိရချိန် သူမတို့မိသားစုသည် နေရပ်ကို ပြန်လာရန်ဆုံးဖြတ်ခဲ့သည်။
ဒုက္ခသည်စခန်းမှာနေထိုင်ကြသော ဒုက္ခသည်များမှာ အခက်အခဲများစွာနှင့် ကြပ်တည်းစွာ နေထိုင်ကြ ရခြင်း၊ ဘဝရှေ့ရေးမရေရာမှုများနှင့် စားဝတ်နေရေးအဆင်မပြေမှုများလည်း ရှိခဲ့ကြသည်။
῝ဒုက္ခသည်စခန်းထဲမှာ ဘာမှမလုပ်ရဘူး၊ သူများကျွေးတာ စားရတယ်၊ မုန့်ဖိုးပဲဖိုးကတော့ အဖေက ထွက်ရှာ ရတာပေါ့ ῎ ဟု သူမက ပြောသည်။
ဒုက္ခသည်မိသားစုများကို နေရပ်ပြန်ပို့ရေးအစီအစဉ်ကြောင့် သူမတို့မိသားစုရှေ့ရေးအတွက် ပူပန်ခဲ့ရသည်။ ဒုက္ခသည်စခန်းများကို ဖျက်စီးပစ်မည်ဆိုပါကလည်း နေစရာမရှိတော့မည်ကို စိုးရိမ်လျက် ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးဆိုသည့် အစီအစဉ်များကို နားလည်းမလည်၊ စုံစမ်းမေးမြန်းခြင်းလည်း မလုပ်တော့ဘဲ စစ်ဒဏ်သင့်ခဲ့သော မွေးရပ်မြေသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။
῝ဒုက္ခသည်တွေကို ဆက်ထားမယ်ဆိုရင်တော့ ညီမတို့ဆက်နေဖြစ်မယ်ထင်တယ်။ ဒုက္ခသည်စခန်းတွေကို ဖျက်စီးလိုက်မှ ပြန်လာရမယ်ဆိုရင်တော့ ဒီမှာ နေစရာနေရာ ရှိတော့မှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အိမ်ခြံမြေတွေက ဈေးတက်သွားပြီ῎
မအိဖြိုးမွန်တို့မိသားစုသည် စစ်ဒဏ်သင့်ဇာတိမြေကို ပြန်ရောက်လာစဉ် နေစရာအိမ်နှင့် ခြံဝိုင်းလေးအတွက် ကျပ်ငွေ(၃)သိန်းသာ ပေးဆောင်ခဲ့ရသဖြင့် ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်မှသာ ပြန်လာခဲ့ပါက လက်ရှိကုန်ဈေးနှုန်းကြောင့် ဝယ်နိုင်မည်မဟုတ်ဟုဆိုပါသည်။
အခုချိန်မှာတော့ မိသားစုအတွက် စီးပွားရေးအလုပ်အကိုင်မျှော်လင့်ချက် သိပ်မရှိသော်လည်း ကလေး (၅) ဦး၏ပညာရေးအတွက်တော့ မျှော်လင့်ချက်ထားမိကြောင်း သူမက ပြောသည်။ သူမအနေဖြင့် အပြင်အလုပ် များကို မလုပ်တတ်သောကြောင့် အိမ်မှာပင် လုပ်ရသော ကွမ်းသီးခြစ်သည့်အလုပ်ကို တလုံးတကျပ်နှုန်းဖြင့် တနေ့လုံးနီးပါးလုပ်ပါသည်။
῝ ဒီထက်လည်း ဘာမှမျှော်လင့်ထားတာမရှိဘူး῎ ဟု သူမက အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေသည့် မျက်နှာဖြင့် ပြောသည်။
“စစ်ဒဏ်သင့်ခဲ့တဲ့ ကိုယ့်ဇာတိမြေမှာ အခြေအနေကောင်းနေပြီဆိုတဲ့သတင်းကြားလို့ ဒုက္ခသည်စခန်းကနေ ကိုယ့်သဘောနဲ့ပြန်လာခဲ့တယ်” ဟု ကျောက်ကြီးမြို့နယ်၊ မြောင်ဦးရွာမှ ဒေါ်စန်းကြည်ကလည်း ဆိုပါ သည်။
῝ ပြန်ချင်နေတာကြာပြီ၊ အသက်လဲကြီးပြီ၊ သေမှသေရင် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဆွေမျိုးတွေဆီမှာပဲ ပြန် သေချင်တယ်῎ ဟု ဒေါ်စန်းကြည်က ပြောသည်။
နေရပ်သို့ ပြန်ရောက်လာချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းများရှိနေခြင်း၊ မိုင်းအန္တရာယ်များလည်း ရှိနေ ခြင်းတို့ကြောင့် လွတ်လပ်စွာ သွားလာရခြင်း မရှိသလို စီးပွားရေးလုပ်ကိုင်စားသောက်ရာတွင်လည်း ကြပ် တည်းမှုများ ရှိနေသေးသဖြင့် “အရင် အခြေအနေနဲ့ ဘာမှကွဲပြားမှု မရှိပါဘူး” ဟုဒေါ်စန်းကြည်က ပြော သည်။
῝အရင်ကတော့ စစ်ပွဲကြောင့် ကြောက်ကြောက်လန့်လန့်နဲ့လုပ်စားရတာပေါ့။ အခုလဲ ကြောက်နေရတုန်းပါပဲ၊ လက်နက်ကိုင်အဖွဲ့တွေက အာဏာရှိတယ်။ သူတို့က ဒီနေရာမသွားနဲ့လို့ပြောရင် မသွားပဲနေမှရတယ်῎
တတိယနိုင်ငံသို့ ဒုက္ခသည်များ ခေါ်ယူရန် အစီအစဉ်မရှိတော့သည်ကို ကြားသိရပြီး ဒုက္ခသည်စခန်းတွင် လည်း စားနပ်ရိက္ခာလျှော့ချလာသည့်အတွက်ကြောင့် စစ်ဘေးရှောင်များ ရပ်တည်ဖို့ခက်ခဲလာခဲ့ပြီး နေရပ် ကို ပြန်လာခဲ့ကြခြင်းဖြစ်သည်။
အပြန်လမ်းခရီးအတွက် ရှိစုမဲ့စုပစ္စည်းများကို ထုခွဲရောင်းချပြီး ခရီးစရိတ်အဖြစ် အသုံးပြုခဲ့ရသည်ဟု ဒေါ် စန်းကြည်၏သမီးဖြစ်သူက ဒုက္ခသည်စခန်းမှ အပြန်ခရီးကို ပြောပြသည်။
῝ကိုယ့်နေရပ်ကို ပြန်ရင် အဆင်ပြေမှပဲဆိုပြီး ပြန်လာခဲ့ကြတယ်။ ရွာရောက်တော့ ရွာသူကြီးက အိမ်ထောင်စု စာရင်းပဲလုပ်ပေးတာ၊ ရွာသူရွာသားရဲ့ ကောင်းမှုကြောင့် သူတို့အိမ်တွေမှာ တလလောက်နေပြီး ကိုယ်ပိုင် အိမ်လေးဆောက်တယ်၊ ကြုံရာကျပန်းလုပ်ရတယ်῎
အိမ်ဆောက်ရန် ခြံကွက်များ မဝယ်နိုင်ကြသဖြင့် ရွာသူကြီးမှ တိုးချဲ့အနေဖြင့် ရွာအနောက်ဘက်မှ မြေ ကွက်များကို ဈေးသက်သာစွာ ပြန်လည်ရောင်းချပေးသဖြင့် မိမိကိုယ်ပိုင်အိမ်လေးကို ယခုလို ပြန်ဆောက် နိုင်ပြီး ပြန်လည်ထောင်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင်ပင် လုပ်ဆောင်နေရကြောင်း ဒေါ်စန်း ကြည်၏သမီးက ဆက်ပြောသည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ကရင်စစ်သားသည် ကရင်တပ်မှထွက်ပြီး မိသားစုကို ဒုက္ခ သည်စခန်းမှ ရွာသို့ပြန်ပို့လိုလျှင် ကရင်တပ်ထဲတွင် ရက်ပေါင်း(၄၅)ရက် ပြန်ပြီး အလုပ်လုပ်ရသည်။ ၎င်းမှာ ပြစ်ဒဏ်ချသည့်သဘောဖြစ်ပြီး ထိုပြစ်ဒဏ်ကို မခံယူလိုပါက KNU တပ်ထဲသို့ ပြန်ဝင်ရသည်ဟု ၎င်းတို့ မိသားစု ကြုံခဲ့ရသည်များကို ပြောပြပါသည်။
῝ကျမတို့ဘဝက စုပ်လဲဆူး၊ စားလဲရူးဆိုတဲ့ အခြေအနေမှာ ရောက်နေတာ၊ ၂၀၀၇ ခုနှစ်နောက်ပိုင်း ဒုက္ခ သည်စခန်းရောက်လာတဲ့သူတွေက UN စာရင်းမဝင်တော့ဘူး၊ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရောက်လာတော့လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကိုယ်တိုင်လုပ်ရတယ်῎
သူမတို့မိသားစု ဒုက္ခသည်စခန်းမှ ရွာအပြန်လမ်းတွင် မဲ့သဝေါတိုက်ပွဲဖြစ်နိုင်သည့်အခြေအနေရှိသဖြင့် အန္တရာယ်ကြားမှ ပြန်လာခဲ့ရခြင်းဖြစ်ကြောင်းလည်း ပြောသည်။
စစ်ဘေးဒုက္ခသည်များ မိမိအရပ်ဒေသသို့ ပြန်ရောက်လာသည့်အချိန်တွင် စီးပွားရေးအရ လုပ်ကိုင်စား သောက်၍ မရသေးသလို လမ်းပန်းဆက်သွယ်ရေး၊ သားသမီးများပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ လည်း လိုအပ်နေသေးသည်ဟု သူမက ဆက်လက်ပြောဆိုသည်။
စစ်ပွဲများကြောင့် ရွေ့ပြောင်းနေထိုင်ကြရသူများ ဘဝပြန်လည်ထူထောင်ရေးအတွက် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဆောင်နိုင်သေးသော်လည်း မိမိတို့နေရပ်ကို ပြန်ရောက်လာနိုင်ခြင်းပင်လျှင် ဝမ်းသာစရာ ကောင်း ကြောင်း၊ ယခုအချိန်သည် ယခင်ကထက်စာလျှင် လုံခြုံစိတ်ချအေးချမ်းစွာ နေထိုင်လို့ရသော အခြေအနေမှာ ရှိကြောင်း သူမတို့၏ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက ဆိုသည်။
ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ကြားပင်မကြားဖူးကြောင်း ဒေါ် စန်းကြည်ကပြောသော်လည်း သမီးဖြစ်သူကမူ “ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် တွေ ဘယ်ရောက်နေသလဲဆိုတာတော့ ကျမတို့သိချင်ပါတယ်” ဟု ဆက်ပြောပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021