Home ဆောင်းပါး
Category:

ဆောင်းပါး

ဆောင်းပါး

  • “ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်း လိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှ မယှဉ်နိုင်တာမျိုးရရှိတယ်။ ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။”

  • “အမျိုးသမီးတွေက တော်လှန်ရေးနှစ်ခု တစ်ပြိုင်တည်း လုပ်နေရတာဖြစ်တယ်။ အာဏာရှင်ကိုလည်း ဖြုတ်ချနိုင်ရမယ်။ အနာဂတ်နိုင်ငံသစ်မှာ ခေတ်အဆက်ဆက်က ခံခဲ့ရတဲ့ ဖိုဝါဒကြီးစိုးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မရှိတော့အောင်လည်း လုပ်ရမယ်”

  • “ညီမတို့ဆိုဒုတိယနှစ်ဖြေပြီးကျောင်းတွေပိတ်ခဲ့ရတာ အခုဆို အသက်နှစ်နှစ်ထပ်ကြီးလာပြီး ဘာမှလည်းလုပ်စရာမရှိတော့ စိတ်ညစ်မိတယ် ရှေ့လျှောက်လည်း ဘယ်လိုလာဦးမလဲမသိတော့ ကျောင်းတွေတက်ဖို့ဆိုတာ လမ်းမမြင်ဘူး။ ဘာလုပ်ရ မလဲဆိုတာလည်းမသိဘူး”

  • “ ကျနော်တို့ ရှိတဲ့အဝတ်ကိုဖြဲသုံးတယ်။ သန့်ရှင်းမှုပိုင်းကတော့ အခြေအနေဆိုးတယ်။ လျှော်ရဖွတ်ရတာ ဆပ်ပြာမရှိတော့ ဒီတိုင်းလျှော်ဖွတ်သုံးရတယ်။ သုံးပြီးတာလည်း လွှင့်မပစ်ရဲဘူး။ ဒီတိုင်းနေလှန်း ပြန်သုံးရတယ်”

  • ” အခြေအနေကမကောင်းဘူးဆိုလည်း ဒီဟာကို ခဏရပ်ရင်လည်း ရပ်ရမှာပေါ့နော့် ဘယ်လိုဆက်ဖြစ်လာမလဲ မသိဘူး။ လုပ်လို့ရသလောက်လုပ်ပြီး ကူညီလို့ရသလောက်ကူညီမယ်လို့တော့တွေးထားတယ်”

  • စေတနာ့ဝန်ထမ်းဆရာမတွေဟာ စစ်ရှောင်ကလေးတွေအတွက် ပညာရေးကွက်လပ်ကို ဖြည့်ပေးနိုင်ခဲ့ပေမယ့် ကလေးတွေစိတ်ထဲ စွဲကျန်နေတဲ့ စစ်ရဲ့အနိဌာရုံတွေကိုတော့ ဖယ်ရှားပေးဖို့ မစွမ်းနိုင်ခဲ့ပါဘူး။ စစ်ရှောင်စခန်းမှာ ရောက်လာတဲ့ သူအများစုဟာ ကြောက်စိတ်တွေ ရှိနေပြီး “ ရေပုံး ပြုတ်ကျ၊ တစ်ခုခု ပြုတ်ကျဖြစ်ဖြစ် လန့်ပြီး အော်ကြတယ်” လို့ ဆိုပါတယ်။

    ကလေးတွေအချင်းချင်း ပြောကြတဲ့ သူတို့ကြုံတွေ့လာရတဲ့ ဇာတ်လမ်းတွေဟာလည်း တိုက်ပွဲ၊ ဗုံးကြဲလေယာဉ်၊ သေနတ် စတာတွေ ဖြစ်ကြတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့လည်း ဆိုပါတယ်။

  • ” တော်တော်ကို ဒုက္ခများပါတယ်ဗျာ။ ဘယ်ပါတီဝင်မှလည်းမဟုတ်၊ ဘယ်အဖွဲ့မှလည်းမပတ်သက်၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေကို ဒီလိုလုပ်တာ အတော်ကိုရက်စက်လွန်းပါတယ်”

  • ” စာအုပ်ရောင်းတာ စွန့်စားရာတော့ရောက်တယ်။ ငါလက်လွတ်လိုက်ရမလားဆိုပြီးတွေးဖူးတယ်၊ စိတ်ဓာတ်တွေလည်း ကျဖူးတယ်။”

  • “ဒူးထောက်သွားမှာမဟုတ်ဘူး၊ အာဏာရှင်အမြစ်ပြတ်တဲ့အထိ တောထဲကပဲနေနေဘယ်လိုပဲနေနေ တော်လှန်သွား မယ်လို့ဆုံးဖြတ်ထားတယ်”