Home ဆောင်းပါး
Category:

ဆောင်းပါး

ဆောင်းပါး

  • ကျွန်မတို့က စစ်အာဏာရှင်တွေရဲ့လုပ်ရပ်တွေကို လက်မခံနိုင်လို့တော်လှန်နေကြတာ ဖြစ်တယ်။ ကိုယ်လက်မခံနိုင်လို့ တော် လှန် ပါတယ်ဆိုခါမှ အဲ့ဒီသူတွေနဲ့ အလားတူတဲ့လုပ်ရပ်မျိုးတွေ လုပ်တယ်ဆိုတာကို ဘယ်လို နည်းနဲ့မှ လက်သင့်ခံလို့ မရပါဘူး။ ဒါကို ဖုံးထားဖိထားတယ်ဆိုတာကမှ တော်လှန်ရေးကိုထိခိုက်စေတာဖြစ်တယ်လို့ မြင်ပါတယ်။

  • ” သစ်တောတွေမရှိရင် ကမ္ဘာကြီးမှာ ရေရရှိနိုင်မှုခက်ခဲတာနဲ့ အလွန်အမင်းပူလောင်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာတွေကို လေ့လာသိရှိခဲ့ရတာကြောင့် နောင်မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်း လေ့လာသိရှိနိုင်ဖို့ ကိုယ်နိုင်ရာကနေ ကြိုးစားလုပ် ဆောင်နေပါတယ်။”

  • ဘာမထီတဲ့ ဇာမဏီ

    by webmaster
    427 views

    “ခုချိန် ငါက ရန်သူ့ လက်ထဲရောက်နေတာ၊ ပါးနပ်မှ တော်ကာကျမယ်။”

  • “ နှစ်ဖက်စလုံးမှာ အမျိုးသမီးတွေအတွက် အကာကွယ်ပေးတဲ့ ဥပဒေတွေ သီးသန့်မရှိဘူး။ အကာကွယ်ပေးရမယ့် အမိန့်ညွှန် ကြားချက်လည်း မရှိဘူး။”

  • ” ပုံမှန်ဆို များများစားရမယ်၊ ကလေးအတွက်ပါ ပိုစားရမယ်လို့ပြောပေမယ့် စစ်ရှောင်မိခင်တွေမှာ နှစ်ယောက်စာမ‌ပြောနဲ့ တစ်ယောက်စာကိုတောင် ပြည့်ပြည့်ဝဝမစားရဘူး။”

  • “ သူဘာလုပ်နေလဲလာမေးလို့ ညီမက ဇာတ်ကားကြည့်နေတယ်ပြောရင် ဘာကားကြည့်နေတာလဲ ဟိုကားလား။ စိတ်ကြွ နေတာ ဘုန်းဘုန်းနဲ့ပြောပေးပါဦး။ အဲ့လိုမျိုးတွေပြောတယ်။ ညီမအလုပ်လုပ်နေတယ်ပြောရင်လည်း အေးအေးဆေးဆေး အလုပ် လုပ်နေတာ အားကျတယ်။ ကောင်လေးနဲ့လည်းတစ်နိုင်ငံထဲလာတွေ့လို့ရတာဆိုတော့ ကောင်လေးနဲ့နေလို့ရတာပေါ့။ ဘုန်းဘုန်းက အထီးကျန်နေတာ တရားတွေလည်းမဟောချင်တော့ဘူး။ အဲ့လိုမျိုးတွေပြောတယ်။”

  • “ ဟိုမုန်းဆေးသောက်သုံးပြီး ခန္ဓာကိုယ် အချိုးအဆ အပြောင်းအလဲအတွက် အသိသာဆုံးက အိပ်နေရင် အသက်ရှူရခက်တာ မျိုး ၊ နောက်ဝိတ်တက်တာ၊ အသက်ရှူလမ်းကြောင်း ပန်းနာရင်ကြပ်ရှိတဲ့သူတွေ အထူးသတိပြုဖို့လိုပါတယ်။”

  • အလှပြင်ဆိုင်တွေနဲ့ ဆံပင်ဒိုင်တချို့ထံက ရရှိတဲ့ အချက်အလက်တွေအရ ဆံပင်ဖြတ်ရောင်းကြသူတွေဟာ အခြေခံလူတန်း စားအမျိုးသမီးတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို အမျိုးသမီး ၁၀ ဦးမှာ တစ်ဝက်ကျော်ကျော်လောက်က စား ဝတ်နေရေးအတွက် သူတို့ရဲ့ဆံပင်တွေကို အနည်းဆုံးတစ်ကြိမ်တော့ ဖြတ်ရောင်းဖူးကြတယ်လို့ သိရပါတယ်။

  • “အများကြီးတောင်းပန်ခဲ့တယ်၊ ငိုပြီးလည်း တောင်းပန်တယ်၊ ငါ့ကို မလုပ်ပါနဲ့ပေါ့၊ သူက မရဘူး။ အဲ့အချိန်မှာ သူ့ဘယ် ဘက် ပုခုံးကို အိကိုက်လိုက်တယ်။ သွေးတွေစို့တဲ့အထိပဲ။ အဲ့တော့မှ အိကိုလွှတ်လိုက်တယ်။”