Home ဆောင်းပါး လုံခြုံရေးစိုးရိမ်နေရတဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေ

လုံခြုံရေးစိုးရိမ်နေရတဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေ

သန့်ရှင်းထွန်း

ရသေ့တောင်မြို့နယ်၊ကျွန်းပေါ်ပေါက်တောကျေးရွာနှင့် ပန်းဖော်ပြင်ကျေးရွာကို ဆက်သွယ်ထားတဲ့ ရွာချင်းဆက်လမ်းက လမ်းသွားလမ်းလာသိပ်မရှိဆိုပေမယ့် အဲဒီလမ်းပေါ်က နေ့စဉ်သွားလာနေတဲ့ ဒေါ်နှင်းယုနွယ်အတွက်တော့ သိပ်မစိမ်းတော့ပါ ဘူး။

နေ့စဉ်နဲ့အမျှသူ့ရဲ့ တာဝန်တွေကိုထမ်းဆောင်ဖို့ အဲဒီလမ်းကိုအသုံးပြုသွားလာခဲ့တာဟာ ရက်ပေါင်းမနည်းတော့ပါဘူး။ ဒေါ် နှင်းယုနွယ်အတွက် နေ့တိုင်းခလုတ်မထိ ဆူးမငြိဘဲ ဖြောင့်ဖြောင့်ဖြူးဖြူးသွားလာနေတဲ့ အဲဒီရွာချင်းဆက်လမ်းကတော့ စက် တင်ဘာ ၁၆ ရက်မှာ ငရဲလမ်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

အသက် ၃၅နှစ်အရွယ် ဒေါ်နှင်းယုနွယ်ဟာ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး တော့ ပန်းဖော်ပြင်ကျေးရွာရှိ အလယ်တန်းကျောင်းမှာ တာဝန်ကျနေတဲ့ အလယ်တန်းပြဆရာမတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်း ကျောင်းတက်သွားချိန် လမ်းခုလပ်မှာ အသတ်ခံခဲ့ရပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်က ဓာတ်ပုံတွေနှင့် မျက်မြင်တွေရဲ့ ပြောကြားချက်အရ ဆရာမနှင်းယုနွယ်ဟာ ကျောင်းဝတ်စုံ ဖရို ဖရဲနဲ့ လည်ပင်းလှီးဖြတ်ဒဏ်ရာအပါအဝင် တခြားခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်မှာ ဆရာမဒေါ်နှင်းယုနွယ်အသတ်ခံရသလို ငရဲခန်းနဲ့ကြုံတွေ့သေဆုံးခဲ့ရတဲ့ အမျိုးသမီးငယ်တွေဟာ မနည်းတော့ သလို အမျိုးသမီးတွေရဲ့လုံခြုံမှုနှင့်ပတ်သက်လို့ တာဝန်ရှိသူတွေကို မေးခွန်းထုတ်စရာဖြစ်နေပြီလို့ အမျိုးသမီးအရေး လှုပ်ရှား နေတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတချို့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၀ ရက်နေ့က စစ်တွေမြို့ စက်ရုံစုရပ်ကွက်နှင့် ဓညဝတီ(ခ)ရပ်ကွက်ကြား မီးလောင် ကွင်း မှာနေထိုင်တဲ့ မုန့်လက်ကောက်ရောင်းတဲ့ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ မြို့ပေါ်ရပ်ကွက်က ဆောက်လုပ် စအဆောက်အဦးတစ်ခုမှာ အသတ်ခံခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက ရခိုင်ပြည်တရားဥပဒေစိုးမိုးရေးကို အစိုးရလက်အောက်ခံရဲတွေက ဆောင်ရွက်နေချိန် ဖြစ်ပြီးတော့ သေဆုံး သူအမျိုးသမီးငယ်ရဲ့အမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးကို မလုပ်ဆောင်ပေးနိုင်ခဲ့ဘူးလို့ သေဆုံးသူရဲ့မိသားစုဝင်တွေ က ပြောပါတယ်။

စစ်တွေမြို့တွင်းတစ်နေရာ

အဲဒီလို အမှုအခင်းတွေမှာ အမှုမှန်ပေါ်ပေါက်အောင် မဆောင်ရွက်ပေးနိုင်တဲ့ အစိုးရရဲဌာနကို အယုံအကြည်မရှိတဲ့ ရခိုင်ပြည်သူ တွေဟာ အင်အားတောင့်တင်းလာတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ကို ယုံကြည်အားကိုးလာခဲ့ကြတယ်လို့ ဆို ကြပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်ကလည်း ရခိုင်ပြည်တွင်းမှာဖြစ်ပွားနေတဲ့ အမှုအခင်းတွေကို တိုင်တန်းဖို့ တရား ဝင်အသိပေးလာသလို မှုခင်းဖြစ်စဉ်တချို့ကိုလည်း ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းတာတွေ ပြုလုပ်လာခဲ့ပါတယ်။

အဲဒီလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က အမှုအခင်းတွေကို ကိုင်တွယ်နေချိန်မှာပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ်၊စေတီတောင်တိုက်နယ်ဆေးရုံမှာ တာဝန်ကျနေတဲ့ သူနာပြုဆရာ မနွေးနွေးနှင်း သန့်ကို ဆေးရုံအုပ်နဲ့ဇနီးဖြစ်သူက သေလုမျောပါးရိုက်နှက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအမှုမှာလည်း ပြစ်မှုကျူးလွန်ခဲ့တဲ့ ဆရာဝန်လင်မယားကို စစ်ကောင်စီဘက်က ရဲဌာနမှာ အမှုဖွင့်ထားပြီး မှုခင်းဖြစ်ပွားပြီး တစ်နှစ်ကျော်ကြာချိန်မှာ တရားရုံးတင်စစ်ဆေးတာတွေ ပြုလုပ်နေပြီး ဆရာဝန်လင်မယားကိုတော့ အာမခံပေးထားတယ်လို့ ကာယကံရှင်က ပြောပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်က စစ်တွေမြို့ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးက ပလက်စတစ် နှင့် လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈နှစ်အရွယ် မနွယ်သန္တာဝင်းဟာ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာ များစွာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြပြီး အဲဒီအမှုမှာကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်က မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခဲ့ပါတယ်။

ဒါပေမယ့် ကျူးလွန်သူဘက်က အယူခံဝင်ထားတာကြောင့် ပြစ်ဒဏ်ချမချကိုတော့ အခုအချိန်ထိ မသိရသေးဘူး လို့ သေဆုံးခဲ့ သူရဲ့ မိသားစုတွေက ပြောပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ဘက်ကလည်း ဘယ်လိုဆက်လုပ်ထားတယ် ဆိုတာကို ချပြတာမရှိသေးပါဘူး။

“ အမိန့်ချထားပြီလေ။ ဟိုကလည်း(အယူခံကို) ပလပ်ထားတယ်။ ပလပ်ထားတယ်ဆိုတော့ ဒီအတိုင်းနေလို့ရမလား။ ကျနော် တို့ဘက်လည်း နစ်နာတယ်လေ။ တစ်နှစ်ကျော်ပြီ။ ဗိုလ်ချုပ်(ULA/AA)ကို တိုက်ရိုက်သိစေချင်တယ်။ ဘာတစ်ခုမှလည်း ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလေ။”လို့ မနွယ်သန္တာဝင်းရဲ့အဖေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံအကွက် ၁၃ ရထားသံလမ်းဘေးမှာ အသက် ၁၁ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ရခိုင်အခြေစိုက် Border News Agency ရဲ့ သတင်းတစ်ပုဒ်မှာ ရေးသား ဖော်ပြထားပါတယ်။

 ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က မင်းဂံအကွက် ၁၃ ရထားသံလမ်းဘေးမှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြီးသေဆုံးခဲ့သည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေး

အဲဒီအမှုမှာလည်း ပြစ်မှုကျူးလွန်သူတွေကို စစ်ကောင်စီဘက်ကရော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ဘက်ကပါ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးနိုင်တာ မတွေ့ရသေးဘူးလို့ ဆိုကြပါတယ်။

အခုလို ပြစ်မှုကျူးလွန်သူတွေကို မဖော်ထုတ်နိုင်သေးတဲ့အချိန်မှာပဲ ရသေ့တောင်မြို့နယ်က ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်ရဲ့ ဖြစ်စဉ်ဟာ ထပ်မံပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

“ ကျမညီမက အရမ်းအေးတယ်။ ရည်းစားလည်းမရှိဘူး။ ဘယ်လိုရည်စူးပြီး ဒီလိုလုပ်တာလဲဆိုတာကို ကျမတို့ အရမ်းသိချင် နေတယ်။”လို့ ဒေါ်နှင်းယုနွယ်ရဲ့ အစ်မဖြစ်သူ ဒေါ်ညိုညိုလွင်က ပြောပါတယ်။

ဆရာမဒေါ်နှင်းယုနွယ် အသတ်ခံရတဲ့နေရာဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားတဲ့နယ်မြေ ဖြစ် ပြီးတော့ အမှုကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က ကိုင်တွယ်ဖြေရှင်းနေတာ ဖြစ်ပါတယ်။

ဆရာမရဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့ သေဆုံးသူရဲ့မိသားစုတွေအပါအဝင် ရခိုင်ပြည်သူတရပ်လုံးက တောင်းဆို မှုတွေပြုလုပ်နေပါတယ်။

“ ဒီအမှုကိုအမှုမှန်ပေါ်ပေါက်စေချင်တယ်။ ဘာကြောင့်ဒီလောက်ထိ ရက်ရက်စက်စက်လုပ်ရတာလဲဆိုတာကို သိချင်တယ်။” လို့  ဒေါ်ညိုညိုလွင်က ဆက်ပြောပါတယ်။

အမှုမှန်ပေါ်ပေါက်ဖို့အတွက် တောင်းဆိုနေကြတဲ့အချိန်မှာပဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာတော့ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အသတ်ခံရမှုနဲ့ပတ်သက်လို့ အဓိကသံသယရှိသူ အမျိုးသားနှစ်ဦး ထဲက တစ်ဦးဟာ အမှုစစ်ဆေးနေချိန် စက်တင်ဘာ ၁၇ ရက်နေ့ညက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရေးသားထား ပါတယ်။

ကျန်တဲ့အဓိက သံသယရှိသူတစ်ဦးနဲ့ အလောင်းကိုစတင်တွေ့ရှိခဲ့သူ ခြောက်ဦးကိုလည်း စစ်ဆေးနေပြီး ထွက်ပြေးလွတ် မြောက်သွားသူကိုလည်း ဖမ်းဆီးရမိဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ဦးခိုင်သုခရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူကိုတော့ စက်တင်ဘာ ၂၆ ရက်နေ့မှာပြန်လည် ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်မှာနေထိုင်နေကြတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုက စစ်ကောင်စီနှင့်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ကြားမှာ ပိုပြီးစိန်ခေါ်မှုရှိလာတာတွေ့ရတယ်လို့ စစ်တွေအခြေစိုက် Women Generation အဖွဲ့ရဲ့ ဒါရိုက်တာ မခင်မြင့်ဇော်က ပြောပါတယ်။

“ကျမတို့အမျိုးသမီးတွေ သွားလာဖို့အတွက်တောင်မှ မလုံခြုံတဲ့အနေအထားတွေရင်ဆိုင်လာရတယ်။”လို့ သူကပြောပါတယ်။

ရခိုင်ပြည်ဟာ စစ်ကောင်စီနှင့်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်တို့ရဲ့ အားပြိုင်မှုကြားမှာရှိနေပြီး ပြည်သူထောက်ခံမှု ရရှိဖို့ နှစ်ဖက်စလုံးက ကြိုးစားနေကြပေမယ့် အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ အကာအကွယ်ပေးရေးလုပ်ငန်းစဉ်တွေကိုတော့ ထိထိရောက်ရောက် လုပ်နိုင်တာမတွေ့ရဘူးလို့ စစ်တွေမြို့မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ နှစ်ဖက်စလုံးမှာ အမျိုးသမီးတွေအတွက် အကာကွယ်ပေးတဲ့ ဥပဒေတွေ သီးသန့်မရှိဘူး။ အကာကွယ်ပေးရမယ့် အမိန့်ညွှန် ကြားချက်လည်း မရှိဘူး။” လို့ သူက ထောက်ပြပါတယ်။

စစ်တွေမြို့တွင်းတစ်နေရာ

နိုင်ငံတကာမှာတော့ အမျိုးသမီးတွေအတွက် အခွင့်အရေးနှင့် အကာအကွယ်ပေးရေး ဥပဒေတွေကို အထူးအစီစဉ်တစ်ရပ် အနေနဲ့ ပြဌာန်းထားပေမယ့် ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနှင့် အကာကွယ်ရရှိရေး ထက် စိုးရိမ်စရာတွေဟာ ပိုများလာတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားနေသူတွေက ထောက် ပြပါတယ်။

ရခိုင်ပြည်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေအပါအဝင် အမျိုးသမီးတွေဟာ အသတ်ခံရလိုက်၊ ကျူးလွန်သူကို မဖော်ထုတ်နိုင်လိုက်၊ နောက်ထပ် အသတ်ခံလိုက်ရနဲ့ သံသရာလည်နေတယ်လို့ အမျိုးသမီးတွေက ဝေဖန်ကြပါတယ်။

ဒီလိုဖြစ်စဉ်မျိုးတွေ ထပ်မံမပေါ်ပေါက်ဖို့အတွက် အမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြစ်မှု ကျူးလွန်သူကို သေချာစုံစမ်းဖော်ထုတ်ပြီး သေဒဏ်ချမှတ်ပေးဖို့ လိုအပ်မယ်လို့ မနွယ်သန္တာဝင်းရဲ့ မိခင်က အခုလို ပြောပါတယ်။

“ ကျမတို့ဖြစ်စေချင်တာက ကျမတို့သမီးလို့ နောက်ထပ်အမျိုးသမီးတွေမဖြစ်ဖို့အတွက်ပါပဲ။ အမှုမှန်ကိုဖော်ထုတ်ပေးပါ။ ပြစ် ဒဏ်ချတာကို ပြည်သူသိအောင် ဆောင်ရွက်ပေးပါ။”

Author:

Related Articles