“ အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ပေါ့။ အလုပ်သမားတွေရဲ့ဥပဒေပါအခွင့်အရေးတွေချိုးဖောက်ခံရတဲ့အပြင် ဥပဒေမှာမပါ တဲ့မိန်းကလေးတွေကို ကိုယ်ထိလက်ရောက်စော်ကားတာ၊ မကြားဝံ့မနာသာဆဲဆိုတာတွေကို ပြောင်ကျကျလုပ်လာတယ် ”
webmaster
-
-
” တစ်နိုင်ငံလုံးကလူတွေမှာ ဒီဓာတ်မြေသြဇာ၊ပိုးသတ်ဆေး၊ အချိုမှုန့်တွေကြောင့်ပဲလားမသိဘူး၊ ဆေးရုံ ဆေးခန်းကို ငွေတွေရက်ရောစွာ ပေးနေရတာ။ ရှာသမျှ ဆေးရုံကိုပေးဖို့ မဖြစ်အောင် အတတ်နိုင်ဆုံး တစ်ပိုင်တစ်နိုင် အော်ဂဲနစ်စိုက်ခင်း လေးစိုက်ပြီး ရောဂါကာကွယ်ကြပါစို့”
-
“သတ္တိ ရှိသော ယောက်ျားတိုင်းက အမျိုးသမီးတွေကို လှေပေါ်တက်ဖို့ တိုက်တွန်းကြပါလိမ့်မည်။ ကိုယ့်ကိုယ်ကို လေး စားသော အမျိုးသမီးတိုင်းကလည်း ငြင်းကြပါလိမ့်မည်။ သို့ဖြင့်လှေပေါ် ဘယ်သူမှ မတက်ဘဲ ရှိနေမည်။”
-
“အဓိကကပျူစောထီးတွေပေါ့။ သူတို့တွေက စစ်တပ်အားကိုးနဲ့ ရွာထဲလူတွေကို ပုံစံမျိုးစုံနဲ့ဒုက္ခပေးနေတာ။ အခုဒီလို မုဒိမ်းကျင့်လူသတ်တာတွေဖြစ်လာတော့ စစ်သားတွေနဲ့မတိုးကြဖို့ အမျိုးသမီးတွေကို သတိနဲ့ သွားလာခိုင်းရတယ်”
-
“အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အသိပညာပေး ကမ်ပိန်းတွေလုပ်ပေမယ့် တချို့ကဟာသလုပ်ကြတယ်။ ဒါကအမျိုးသမီးတွေအတွက်ရော အမျိုးသားတွေရဲ့ ပြဿနာဖြစ်သလို ရခိုင်တမျိုးသားလုံးကို အရှက်ရစေတဲ့ ပြဿနာဖြစ်တယ်”
-
“ ကြိုးစားရင်လည်း သန်စွမ်းသူတွေထက်အဆပါင်းများစွာကြိုးစားအားထုတ်ရတယ်။ အပန်းဖြေနားချိန်ထက် အလုပ်လုပ် ချိန်က ပိုပါတယ်။ အများထက်ပိုပြီး ဝိရီယအားစိုက်ရတယ်။ ဇွဲလည်းပိုရှိရတယ်”
-
“ မြန်မာပြည်အာဏာသိမ်းမှုက ကျမတို့လိုပြည်ပမှာအလုပ်လုပ်နေသူတွေပါထိခိုက်ခဲ့တာပေါ့။ ဘာလို့လဲဆိုဒီမှာလည်း ကိုဗစ်ကြောင့် အလုပ်မရှိလို့စိတ်ဓါတ်တွေကျနေရတဲ့အထဲ အိမ်ကငွေတောင်းလို့မပေးနိုင်ရင် ပိုပြီးစိတ်ဆင်းရဲရတယ်။ အဲ့ အချိန်တွေဆိုသေချင်စိတ်တွေဖြစ်လာတယ်”
-
“ ငတ်လည်းငတ်ခါနီးနေပြီ၊ ကျွန်မတို့မှာ ဘာတွေထပ်ပေးဆပ်ဖို့လိုသေးလဲ အိမ်လည်းကုန်ပြီ ဘာများကျန်ဦးမှာလဲ”
-
“ဒီကာလမျိုးမှာ အပျော်ရှာဖို့လည်း စိတ်ကူးလို့မရဘူး။ ပျော်လည်း မပျော်နိုင်ဘူး။ ပေးဆပ်အနစ်နာခံသူတွေကို စာနာကြောင်းပြဖို့ ကိုယ့်အိမ်မှာပဲ ကိုယ်နေလိုက်တော့မယ်”
-
“တတိုင်းပြည်လုံးစိတ်ညစ်ပြီး ဒုက္ခတွေရောက်၊သောကတွေရောက်နေချိန်မှာ သင်္ကြန်ကို အစစ်အမှန် ပျော်နိုင်မှာမဟုတ်ဘူး။ သွေးစွန်းသင်္ကြန်မှာလည်း မပျော်ချင်ဘူး”