Entries by webmaster

စစ်ကောင်စီက မောင်တောဆေးရုံကို ပိတ်ခိုင်းလို့ ကိုယ်ဝန်ဆောင်နှင့် အရေးပေါ်လူနာတွေ အခက်တွေ့

စစ်ကောင်စီက မောင်တောခရိုင်ပြည်သူ့ဆေးရုံကို ပိတ်ထားဖို့ ဖိအားပေးထားတာကြောင့် ကလေးမွေးရမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ အခက်တွေ့နေရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီက ဆေးရုံကို သုံးရက်အတွင်း ပိတ်ဖို့ ဖိအားပေးထားတာကြောင့် ဆေးရုံပေါ်မှာ တက်ရောက်ဆေးကုသနေရတဲ့ လူနာတွေဟာ ဒီကနေ့ မတ်လ ၃ ရက်ကစပြီး ဆေးရုံကဆင်းနေကြသလို ဆေးရုံဝင်းထဲက ဝန်ထမ်းအိမ်ရာမှာနေထိုင်ကြတဲ့ ဆရာဝန်နှင့် သူနာပြုတွေဟာလည်း နေရာပြောင်းရွေ့နေကြတယ်လို့ ဆိုပါတယ်။ “ဆေးရုံကို ပိတ်ထားရမယ်။ ဆရာဝန်နဲ့ သူနာပြုတွေ စစ်တွေကို သွားရမယ်ဆိုပြီး ပြောလာတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အခုလို ဆေးရုံကို ပိတ်ခိုင်းလိုက်တဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုမြင့်တက်နေပြီး ကလေးမွေးရမယ့် ကိုယ်ဝန်ဆောင်တွေ အခက်အခဲတွေ့နေတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။ “ဆေးရုံပိတ်ခိုင်းတာက ကျမတို့ကို အသေသတ်ခိုင်းတာပါပဲ။ တခြားမြို့ကိုသွားပြီးမွေးဖို့က လမ်းတွေပိတ်ထားတယ်။”လို့ သူကပြောပါတယ်။ မောင်တောခရိုင်ပြည်သူ့ဆေးရုံကို ပိတ်ခိုင်းလိုက်တာကြောင့် ကလေးမွေးရမယ့် […]

ကုန်စျေးနူန်းကြောင့် ခက်ခဲလာတဲ့ မြို့ပြက အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းပြဿနာ

“ ဟင်းချက်ရင် ကြက်သွန်နီကြက်သွန်ဖြူ သုံးရတယ်ဆိုရင် တမျိုးပဲသုံးတော့တယ်။ သိသိသာသာလျှော့ချလိုက်တယ်။ လစဉ် သုံးဆိုလည်းဒီလိုပဲ စျေးအရမ်းနည်းတဲ့ဟာတော့မသုံးဘူး။ အရင်သုံးနေကျကိုပဲသုံးတယ်။အခုရေလျှော့သုံးလိုက်တယ်။ တစ်နေ့ ကို သုံးခုလောက်ကုန်တဲ့နေရာကနေ တစ်ခုနှစ်ခုလောက်ပဲသုံးတော့တယ်။”

စစ်ပဋိပက္ခကြား အနာဂတ်ပျောက်နေကြသူများ

“ ကျမရဲ့သား ဒီလိုဖြစ်ရတာ ကျမဘယ်သူ့ကိုသွားပြောရမှာလဲ။ ဘယ်သူကြောင့်လဲ။ ကျမကတော့ ဒီစစ်ပွဲကြောင့်ဖြစ်တာပဲ။ အခုကျမတို့ကို ဘယ်သူမှလာကြည့်တာမရှိဘူး။ ဆေးဖိုးလည်းကိုယ့်ဘာသာပဲကုန်ရတယ်။”

အညာမြေက ရှေးဟောင်းသုတေသနပညာရှင် မခင်ကြည်ဖြူသန့်

ရှင်ငြိမ်း    “ အစိုးရက ရှေးဟောင်းသုတေသနပိုင်း သိပ်မလုပ်နိုင်တော့ ကျမတို့မှာရှေးဟောင်းဝင်သင့်ပါရဲ့နဲ့ မဝင်တဲ့အရာတွေ အများ ကြီး ရှိတယ်။ ထိုင်းသင်္ကြန်ဆိုလည်းအဲ့လိုပဲ။ ပုသိမ်ထီး၊ သနပ်ခါးတို့ကျန်သေးတယ်။”လို့ စိုးရိမ်တကြီး ထောက်ပြလာသူကတော့ အသက် ၂၄ သာရှိသေးတဲ့ မခင်ကြည်ဖြူသန့်ပါ။ သူက မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ထိန်းသိမ်းဖော်ထုတ်ပြသချင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ရှေးဟောင်းသုတေသနလုပ်တာမရှိရင် ထိန်းသိမ်းတဲ့သူလည်းမရှိရင် ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေ ပျောက်ပျက်သွားမှာဖြစ်သလို နိုင်ငံခြားဝင်ငွေလျော့နည်းသွားနိုင်တာကြောင့် အခုလိုထောက်ပြရတာဖြစ်တယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ရှေးအကျဆုံးနဲ့ ယဉ်ကျေးမှုထွန်းကားတဲ့ပုဂံဒေသဆိုရင် နှစ်စဉ်နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ ဒေသ ဖြစ်တယ်။ ပုဂံမှာ ဒီလိုရှေးဟောင်းအမွေအနှစ်တွေသာမရှိတော့ရင် နိုင်ငံခြားဝင်ငွေလည်း ဆုံးရှုံးရမှာပါ။ တပြိုင်ထဲ မြန်မာပြည်သူတွေကြားမှာလည်း ယဉ်ကျေးမှုအမွေအနှစ်ကို ဘာကြောင့်ထိန်းသိမ်းသင့်တယ်ဆိုတဲ့ အသိပညာ ဖြန့် ဝေဖို့ လိုအပ်နေသေးကြောင်း သူကအကြံပြုထားပါတယ်။ ဒါကလည်း ယဉ်ကျေးမှုအမွေအနှစ်ရဲ့တန်ဖိုးကိုမသိရှိတဲ့အတွက် […]

အမျိုးသမီးတွေရဲ့အသံတွေကို အနုပညာနဲ့ကိုယ်စားပြုချင်သူ

“ အမျိုးသမီးပန်းချီဆရာမ တစ်ယောက်ပွဲမှာ အမျိုးသားပန်းချီဆရာတွေပဲဖြစ်ဖြစ် အမျိုးသားပရိတ်သတ်တွေပဲ ဖြစ်ဖြစ် အများ ကြီးလာတဲ့အခါ ပန်းချီဆရာမလေးကြောင့် ပန်းချီဆရာမငယ်လို့ ပန်းချီဆရာမကို နှာဘူးထလို့လာတာ အစရှိသဖြင့် ပြောလိုက် တာကလည်းလေ ဒါခွဲခြားဆက်ဆံမှုတစ်မျိုးပါပဲ။ ”

တိုက်ပွဲတွေကြား လူနာတွေရဲ့အသက်ကို ကယ်ဆယ်ပေးနေတဲ့ ဒေါက်တာထရေစီ

“ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ မညာတမ်း၊ မညှာတမ်းပါဝင်ပြီး အဆုံးသတ်ကြဖို့လိုတယ်။ အဲ့ဒါကြောင့် တတ်နိုင်တဲ့ဘက်က ပါဝင်ပေးဖို့ မပါရသေးရင်လည်း ခုကစပြီးပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”

တော်လှန်ရေးအတွက် ပေးဆပ်နေကြတဲ့ချင်းအမျိုးသမီးတွေ

“လေ့ကျင့်ရေးမှာ အမျိုးသား၊ အမျိုးသမီးအားလုံးအတူတူလေ့ကျင့်ရတယ်။ ဒါပေမဲ့ရှေ့တန်းလွှတ်ရင် အမျိုးသားတွေပဲ လွှတ် တယ်။ အမျိုးသမီးတွေကျတော့ အန္တရာယ်များလို့ စိုးရိမ်လို့ဆိုပြီးမလွှတ်ဘူး။ အဲ့တော့ ကျမတို့ဘယ်လောက်လုပ်နိုင်လဲဆိုတာ သူတို့မသိတော့ဘူးလေ။”

တစ်ပတ်အတွင်း အမျိုးသမီး သတင်းဖြစ်ရပ်များ

ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၈ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။