Home သတင်း ကချင်တော်လှန်ရေးစတင်ချိန်ကတည်းက အမျိုးသမီးများပါဝင်ခဲ့ကြောင်း ကချင်အမျိုး သမီးအဖွဲ့များပြောဆို

ကချင်တော်လှန်ရေးစတင်ချိန်ကတည်းက အမျိုးသမီးများပါဝင်ခဲ့ကြောင်း ကချင်အမျိုး သမီးအဖွဲ့များပြောဆို

IMG_2068

ထိုင်းနိုင်ငံ (ချင်းမိုင်) မြို့တွင်ပြုလုပ်သည့် အခမ်းအနား

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။

လုဆိုင်း။            ။

ကချင်အမျိုးသမီးများသည်လည်း တော်လှန်ရေးစတင်သည့်အချိန်မှ စတင်၍ အမျိုးသား များနှင့်အတူ တာဝန်များကို ထမ်းရွက်ခဲ့ကြသည်ဟု သြဂုတ်လ(၁၉)ရက်နေ့က ကျရောက် သော ကချင်အမျိုးသမီးအစည်းအရုံး (KWA) ၃၈ နှစ်ပြည့် အခမ်းအနားတွင် ကချင် အမျိုးသမီးခေါင်းဆောင်များက ပြောကြားလိုက်သည်။

ကချင်အမျိုးသမီးအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ကချင်လွတ်လပ် ရေး တပ်မတော် (ကေအိုင်အေ)တော်လှန်ရေး စတင်ချိန်မှ ပါဝင်ခဲ့သူ ဒေါ်ရှန်ထိန်းခေါန် တောင်က ချင်းမိုင်တွင် ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)မှ ကြီးမှူးကျင်းပသော အခမ်းအနားတွင် “၁၉၆၁ ခုနှစ် တော်လှန်ရေး စတင်ချိန်ကတည်းကနေ ကျမတို့ အမျိုး သမီးတွေလည်း တာဝန်ယူနေပြီဖြစ်တယ်။ အမျိုးသားတွေ တောထွက်သွားပြီး ရွာထဲမှာက အမျိုးသမီးတွေပဲ ကျန်တော့တယ်။ အိမ်မှာအမျိုးသမီးတွေပဲ ကျန်တယ်။ တော်လှန်ရေး စတင်ချိန်၊ တက်ကြွတဲ့အချိန်ဆိုတော့ အမျိုးသမီးတွေပဲ စာတွေကို တရွာနဲ့ တရွာပို့ရ တယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေအားလုံးက အမျိုးသမီးတွေပဲ သွားယူရ တယ်။ အဲဒီအချိန်ကတည်းကနေ ကျမတို့ဘိုးဘွားတွေ လုပ်ခဲ့တယ်ဆိုတာကို ပြန်ပြီး သတိ ရစေချင်တယ်” ဟုပြောသည်။

ကေအိုင်အေ ကချင့်တော်လှန်ရေး စတင်ခဲ့သည့် ၁၉၆၁ ခုနှစ်မှစ၍ အမျိုးသမီးများ ပါဝင်မှု ရှိခဲ့သော်လည်း ကချင်အမျိုးသမီးအစည်းအရုံးကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

အလားတူ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မနောကွင်းတွင် ပြုလုပ်ခဲ့သော(၃၈)ကြိမ်မြောက် KWA ဖွဲ့စည်းခြင်း အထိမ်းအမှတ်အခမ်းအနားတွင် အဖွင့်မိန့်ခွန်းကို KWA  ဥက္ကဌ ဒေါ်နန် ဇိန်းကော့ဖန်က ဖတ်ကြားခဲ့သည်။ ကချင်အမျိုးသမီး (၆၀၀) ကျော်တက်ရောက်သော ထို အခမ်းအနားတွင် KWA တွင် တာဝန်ထမ်းဆောင်ခဲ့သော (၁၀) နှစ်ပြည့်သူ အမျိုးသမီး (၅) ဦးကိုလည်း ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။

ကချင်အမျိုးသမီးအစည်းရုံး(KWA) ဥက္ကဌက အမျိုးသမီးများကို နိုင်ငံရေးဆွေးနွေးနိုင်သည့် အမျိုးသမီးခေါင်းဆောင်များပေါ်ပေါက်လာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်မှ လွတ်မြောက် ရေး၊ နိုင်ငံတကာတွင် ရောက်ရှိနေသော ကချင်အမျိုးသမီးများအား ကချင်ယဉ်ကျေးမှု ထုံး တမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို မိန့်ခွန်းတွင် တိုက်တွန်းထားသည်။

“အမျိုးသမီးစစ်ဘက်ဆိုင်ရာမှာ တာဝန်ထမ်းဆောင်နေသူတွေလည်း ဂုဏ်သိက္ခာရှိရှိနဲ့ ကျ ရာလုပ်ငန်းတာဝန်တွေကို ကျေပြွန်စွာနဲ့ ထမ်းဆောင်နေတယ်ဆိုတာ သိရှိရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ဆက်လက်ပြီးတော့ နိုင်ငံရေးဆွေးနွေးရေးမှာ ပါဝင်လာနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်လာဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်”

KIO တပ်မဟာ(၁) ရှမ်းပြည်နယ်မြောက်ပိုင်းမှ တပ်ကြပ်ကြီးဘောက်မိုင် ဦးဆောင်သည့် အမျိုးသမီးအဖွဲ့သည် KIO နယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအများအပြားတွင် ပါဝင် ခဲ့ကြောင်းနှင့် KIO တော်လှန်ရေးတွင် ပါဝင်ခဲ့သော အမျိုးသမီးအများအပြားရှိခဲ့ရာ မှ KIO တပ်မဟာ (၂)မှ ပထမဆုံးအကြိမ်နှင့် ဒုတိယအကြိမ် စစ်သင်တန်းယူခဲ့သည့် အမျိုး သမီးများ၏အမည်များကိုလည်း မိန့်ခွန်းတွင် ထည့်သွင်းဖော်ပြထားသည်။

laiza pic2

လိုင်ဇာတွင်ပြုလုပ်သည့် အခမ်းအနား

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသော အခမ်းအနားတွင် ဒေါ်ရှန်ထိန်းခေါန်တောင်မှ ကချင်အမျိုးသမီးအဖွဲ့ စတင်ပေါက်ပေါက်လာပုံသမိုင်းကြောင်းကို တင်ပြခဲ့သလို KWAT ၏ အတွင်းရေးမှူး ဒေါ်မွန်းနေလီမှ အမျိုးသမီးများနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို တင်ပြခဲ့သည်။

“ကျမတို့ ကချင်အမျိုးသမီးတွေကလည်း အချိန်ကြာကြာရပ်တည်နေခဲ့ကြတာ (၃၈)နှစ် တောင် ရှိလာပြီဆိုတော့ အထိမ်းအမှတ်တော့ ရှိရတော့မယ်။ ကျမတို့အမျိုးသမီးတွေ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ ပြောပြချင်တဲ့အတွက် အခုလိုအခမ်းအနားကျင်းပတာ ပါ” ဟု KWA အဖွဲ့ဝင်ဟောင်း၊ လက်ရှိ KWAT ကိုထူထောင်သူလည်းဖြစ်၊ အလုပ်အမှု ဆောင်တစ်ဦးလည်းဖြစ်သူ ဒေါ်ရှန်ထိန်းခေါန်တောင်က ပြောသည်။

လက်ရှိ KIO ဗဟိုတွင် အမျိုးသမီးများ အဆင့်မြင့်ရာထူးတာဝန်များ ထမ်းဆောင်မှုမရှိသေး သလို၊ ကချင်အမျိုးသမီးများသည်လည်း နိုင်ငံရေးလုပ်ဆောင်မှုတွင် အားနည်းနေသေး သဖြင့် နိုင်ငံရေးတွင် ကျွမ်းကျင်မှုရှိရန် လိုအပ်နေသေးကြောင်း ဒေါ်ရှန်ထိန်းခေါန်တောင် က ပြောသည်။

“ကျမတို့က အများကြီး ကြိုးစားရဦးမယ်။ အမျိုးသမီးတွေကို ထုံးတမ်းစဉ်လာအရ လက်တွဲ ခေါ်ဖို့ နှောင့်နှေးနေတယ်၊ ဒါပေမဲ့ နိုင်ငံရေးမှာ ထောက်ပြပြောဆိုနိုင်တဲ့ တချို့ကချင်အမျိုး သမီးတွေလည်း အများကြီးရှိလာပြီ။ နောက်ဆိုရင် ကျမတို့အမျိုးသမီးတွေလည်း နေရာ ရလာမှာပါ” ဟု သူက ပြောသည်။

KIO ဥက္ကဌဟောင်း ဦးမရန်ဘရန်ဆိုင်းက အမျိုးသမီးများ၏ စွမ်းရည်ရှိသလောက် အမျိုး သားရေးလုပ်ငန်းများတွင် ပါဝင်လာစေနိုင်ရန် KIO ဗဟိုကော်မတီတွင် တရားဝင် ဆွေးနွေး ညှိနှိုင်း၍ ကချင်အမျိုးသမီးအစည်းအရုံး(KWA) ကို ၁၉၇၈ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့ ပါဂျောင်ကျေးရွာ၊ ရှအဝ်ယန်ဆိုသည့်နေရာတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ရှန် ထိန်းခေါန်တောင်က ယနေ့ ကျင်းပသောအခမ်းအနားတွင် ပြောဆိုခဲ့သည်။

“ဥက္ကဌဟောင်း ဦးဘရန်ဆိုင်းက ကချင်အမျိုးသမီးတွေဟာ ကိုယ့်အစွမ်းအစရှိသလောက် နိုင်ငံရဲ့တာဝန်၊ အမျိုးသားရေးလုပ်ငန်းတွေမှာ ပါဝင်လာပါစေဆိုပြီး တရားဝင်စတင်ဖွဲ့စည်း လာတာဖြစ်တယ်။ အစကတော့ အမျိုးသမီးတွေဆိုရင် အစည်းအဝေးမှာတောင် မထိုင်ရ ဘူး။ အလုပ်လုပ်ရင်းနဲ့ပဲ ခိုးပြီး နားထောင်ရတာ။ အဲဒီအဆင့်ကနေ ဒီအမျိုးသမီးတွေက စွမ်းရည်ရှိသလောက် လုပ်ပါစေဆိုပြီး ဥက္ကဌဟောင်းက ခွင့်ပြုခဲ့တာဖြစ်တယ်” ဟု ကချင် အမျိုးသမီး အစည်းအရုံးပေါ်ပေါက်လာပုံကို သူကပြောသည်။

အဓိကပြောလိုသည်မှာ ကချင်အမျိုးသမီးများသမိုင်းကို မျိုးဆက်သစ်များ သိရှိပြီး သင်ခန်း စာယူနိုင်ရန်၊ ကချင်အမျိုးသမီးများသည် KIO တော်လှန်ရေးစတင်ချိန်မှစ၍ တော်လှန်ရေး အတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ခဲ့မှုကို ယနေ့ခေတ် လူငယ်များ ခွန်အား ယူရန်နှင့် ကချင်တော်လှန်ရေးသမိုင်းဝင် ကချင်အမျိုးသမီးများ ဖြစ်လာစေရန် မျှော်လင့် ကြောင်း အမျိုးသမီးဥက္ကဌ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

Related Articles