အမျိုးသမီးလူရွှင်တော်တွေ ဆက်ရှိနေမယ်..
ပစ်တိုင်းထောင်မ။ ။ မြင်ကွင်းက ပုံမှန်တွေ့နေကျမဟုတ်။ တောင်ရှည်တဖားဖား၊ ခေါင်းပေါင်းတကားကားနဲ့ အမြင်အသစ်တွေစပေးခဲ့တဲ့ အမျိုးသမီးလူရွှင်တော်တွေ ဇာတ်စင်ပေါ်မှာ ကပြဖျော်ဖြေနေတဲ့မြင်ကွင်း..။ ဟိုး… လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖြစ်ပါတယ်။ ဇာတ်သဘင်လေးရဲ့နာမည်ကတော့ ချိုး လင်းပြာသဘင်ဖြစ်ပါတယ်။ အဲဒီပွဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ/သားတချို့၊ နိုင်ငံခြားသားတချို့နဲ့ ထိုင်းနိုင်ငံသားတချို့လည်း လာရောက်ကြည့်ရှု့အားပေးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်းမှာလည်း မြန်မာနိုင်ငံအမျိုးသမီးများနေ့နဲ့ တခြားသော ဖျော်ဖြေမှုတွေမှာ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတွေက အမျိုးသမီးလူရွှင်တော်များအဖြစ် ကပြဖျော်ဖြေလာတာကို တွေ့မြင်ရပါတယ်။ ခုနောက်ဆုံး ခေတ်သစ်ဧကရီအမည်ရတဲ့ အမျိုးသမီးလူရွှင်တော်တွေရဲ့ ကပြဖျော်ဖြေမှုအပြီးမှာတော့ သဘင်ပညာရှင်များအစည်းရုံး(ဗဟို)က “သဘင်သမားစဉ်အရ အမျိုးသမီးများသည် လူရွှင်တော်အနေဖြင့် ဆောင်ရွက်ရန် မသင့်လျော်ကြောင်း” ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုမျှသာမက “အလားတူအမျိုးသမီးများ လူရွှင်တော်များအဖြစ် ကပြခြင်းကို မြန်မာအမျိုးသမီးများနေ့ ဖျော် ဖြေပွဲများတွင်လည်း […]


