Home ဆောင်းပါး အမျိုးသမီးများ၏ကိုယ်စားပြုမှုအတွက် အာမခံချက်မရှိသေးတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးမူ

အမျိုးသမီးများ၏ကိုယ်စားပြုမှုအတွက် အာမခံချက်မရှိသေးတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးမူ

13925508_1051647024954621_8721043684633445569_o

Photo: Yin Cherry (Facebook)

လုဆိုင်း။            ။

“အကယ်၍များ ဒီသုံးပွင့်ဆိုင်မျိုးသာဖြစ်သွားတယ်ဆိုရင်တော့ အမျိုးသမီးအင်အားစုတွေ သပ်သပ်ဆိုပြီး တော့မှ ပါဝင်ကိုယ်စားပြုနိုင်ဖို့ကတော့ ရှိတော့မှာမဟုတ်ဘူး။ ဆိုတော့အမျုးိသမီးတွေ ပါဝင်နိုင်ဖို့အတွက် ကိုယ်စားပြုနိုင်မဲ့တွန်းအားတွေကို ပိုပြီးတော့လုပ်ရမယ်”

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သုံးပွင့်ဆိုင်ဖြစ်သွားခဲ့မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးမှုတွင် အမျိုးသမီးအစုအဖွဲ့တွေရဲ့ကိုယ်စားပြုပါဝင်မှု မရှိတော့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဒုဥက္ကဌစောစံငြိမ်းသူက ပြောပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယာန်တွင် ဇူလိုင်လကုန်ပိုင်းက ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးက နိုင်ငံရေးဆွေးနွေးမှုများတွင် သုံးပွင့်ဆိုင် ဆွေး နွေးရေးမူဖြင့်သွားရန် ဘုံသဘောထားကို ချမှတ်ခဲ့သည်။ သုံးပွင့်ဆိုင်မူသည် အစိုးရ၊ လွှတ်တော်၊ တပ်မတော် က တပွင့်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကတပွင့်နှင့် နိုင်ငံရေးပါတီတွေက တပွင့် အားလုံးသုံးပွင့်ဆိုင်ဆွေးနွေးလိုခြင်းဖြစ်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေနှင့်ဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) ဖြစ်စေ၊ တခြားလူမှုအဖွဲ့အစည်းတွေအနေနှင့်ဖြစ်စေ သီးခြား ပါဝင်ဖို့မျှော်လင့်ခဲ့ကြပေမဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တွေ မျှော်မှန်းထားသလောက် တိုးတက်မှု မရရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်တွေက သုံးပွင့်ဆိုင်ဆွေးနွေးရေးကို ထပ်မံအတည်ပြုဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလာမဲ့ငြိမ်းချမ်းရေးညီလာခံမှာဆိုလို့ရှိရင်လည်း နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍကို ပိုပြီးတော့မှ အဓိက ဇောင်းပေးပြီးတော့ ဆွေးနွေးသွားမဲ့ညီလာခံဖြစ်နေတယ်။ ဆိုတော့ဒီကိစ္စတွေအတွက်ကို အဓိကအကြောင်း ရင်း ကိုယ်စားပြုနိုင်တဲ့အင်အားစုတွေကို သူတို့ပြန်လည်သုံးသပ်ဆွေးနွေးတဲ့အခါမှာ ခုနပြောတဲ့သုံးပွင့်ဆိုင် ပုံစံမျိုး ဖြစ်သွားတာပေါ့လေ” လို့ သူကဆက်ပြောပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လောခီး လာ ညီလာခံတွင် မည်သည့်ပါတီ၊ အဖွဲ့အစည်းမဆို အမျိုးသမီးအနည်းဆုံး(၃၀)ရာခိုင်နှုန်းပါဝင်ရမယ်ဆိုပြီး ထည့်သွင်းဆွေးနွေးလာခဲ့ရာမှ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)နဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ထဲမှာထည့်သွင်းပြီးတော့ အမျိုးသမီးတွေပါဝင်မှုကို ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ် ချက်တွေရှိလာခဲ့တဲ့အတွက်ကြောင့် ပါဝင်မည့်အစုအဖွဲ့တွေမှာ အမျုးိသမီးတွေပါဝင်လာဖို့အရေး တိုက်တွန်း နှိုးဆော်ရန် လိုအပ်တယ်လို့ စောစံငြိမ်းသူက ပြောပါတယ်။

“ဒီအမျိုးသမီးအင်အားစုတွေက အကယ်၍များ သုံးပွင့်ဆိုင်ညီလာခံဖြစ်လာတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တပ်မတော်၊ လွှတ်တော်၊ အစိုး ရ၊ ဒီအစုအဖွဲ့တွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက်ကို တိုက်တွန်းနှိုးဆော်သွားရမှာဖြစ်တယ်။ ဒီအင် အားစုတွေက တကယ်ဘဲ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်နိုင်မှုအပေါ်မှာ အများကြီးမူတည် နေတယ်”လို့ သူကပြောပါတယ်။

နိုင်ငံရေးဆွေးနွေးမှုမူဘောင်တွင်ပါရှိသော အခြေခံမူတွင် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးကိုယ်စား လှယ် (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရာမှာလည်း ကိုယ်စားလှယ်များ ရွေးချယ်စေ လွှတ်ရာတွင် အမျိုးသမီးကိုယ်စားလှယ်(၃၀)ရာခိုင်နှုန်း ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည် ဟု ဖော်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့သုံးပွင့်ဆိုင်ရပ်တည်မှုကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ကလည်း ထောက်ခံသလို၊ နိုင်ငံရေးကို သုံးပွင့်ဆိုင်နည်းနဲ့ဘဲဖြေရှင်းနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် နိုင်ငံတကာမှာ အမြဲတမ်းတောင်းဆိုခဲ့တာဖြစ်တယ်လို့ WLB မှ အထွေထွေအတွင်းရေးမှူး မဂျူလီယာမာရစ် က ပြောပါတယ်။

“ကျမတို့အတွက် အမျိုးသမီးပါဝင်မှုဆိုတာ သီးသန့်တစုဖြစ်တည်လာဖို့ပြောတာ မဟုတ်ပါဘူး။ ဆွေးနွေးပွဲ တွေမှာ အစုအဖွဲ့ဘယ်လောက်ဖြစ်ဖြစ် အဓိကတော့ အစုအဖွဲ့တွေတိုင်းတွေမှာ အမျိုးသမီးပါဝင်မှု အနည်းဆုံး (၃၀)ရာခိုင်နှုန်းပါရှိရပါမယ်”ဟုသူကပြောပါတယ်။

တကယ်လို့ အမျိုးသမီးများကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဖယ်ချန်ခဲ့မယ်ဆိုရင် စစ်မှန်တဲ့၊ ရေရှည်တည်တံ့ခိုင်မြဲ တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အလှမ်းဝေးနေဦးမှာဖြစ်ကြောင်းနဲ့ စစ်ပဋိပက္ခအတွင်း အမျိုးသမီးတွေရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုနဲ့ နစ်နာဆုံးနာရှုံးမှုကို လစ်လျှူရှုထားလို့ မရသလို၊ လူမှုအသိုင်းအဝိုင်းထဲက အမျိုးသမီးထုတွေကို ဖယ်ကျဉ်ထားလို့ မရပါဘူးလို့ မဂျူလီယာမာရစ်ကပြောပါတယ်။

ကမ္ဘာအရပ်ရပ်က ငြိမ်းချမ်းရေးဖြစ်စဉ် အတွေ့အကြုံတွေပေါ် မူတည်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံး ဖြတ်ချက် ၁၃၂၅ တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်ရန် ဆုံးဖြတ်ထားပါတယ်။

14031101_10202315961777354_1735700918_n

Photo: Ying Cherry (facebook)

ဒါကြောင့်ကျားမတန်းတူရေးကို ပြောဆိုခဲ့တာ WLB ရပ်တည်လာတဲ့ သက်တမ်းတလျှောက်လုံး တောင်းဆိုခဲ့ ခြင်းဖြစ်ပြီး အခုဆိုရင် ကျားမကွဲပြားမှုဆိုင်ရာနှင့် ပတ်သက်လို့ အစဉ်တစိုက်အလေးထားဖို့ ထပ်ဆင့်အဆို ပြုခြင်းလည်းဖြစ်တယ်လို့ မဂျူလီယာမာရစ်က ဆက်လက်ပြောဆိုပါတယ်။ ကျားမကွဲပြားမှုဆိုင်ရာကို မည် သည့်ကဏ္ဍ မည်သည့်အဆင့်တွင်မဆို အစဉ်တစိုက်အလေးထားသွားရန်ဆိုသည့် အခြေခံမူတစ်ရပ် ကို WLB က ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ကျင်းပခဲ့တဲ့မိုင်ဂျာယာန်အစည်းအဝေးတွင် အဆိုပြုခဲ့တာပါ။

“ကျမတို့အနေနဲ့စိုးရိမ်တာက ကျားမတန်းတူရေးကို သမရိုးကျဖော်ဆောင်ပေးသွားမှာကိုပါ။ ဒါကြောင့် ကျမ တို့အနေနဲ့ ကျားမကွဲပြားမှုဆိုင်ရာနဲ့ပတ်သက်လို့ အစဉ်တစိုက်အလေးထားခြင်း(Gender sensitivity) ဆိုပြီး တောင်းဆိုတာပါ။ ဒါမှကျားမကွဲပြားမှုဆိုင်ရာနဲ့ပတ်သက်ပြီး အစဉ်တစိုက်အလေးထားလုပ်ဆောင်ရမယ် ဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ရှိမှုဆိုတဲ့ mindset ဖြစ်ပေါ်လာမှာပါ။ ဒီလို mindset တွေပြောင်းလဲလာမှ အမျိုး သမီးပါဝင်မှု အခန်းကဏ္ဍကို ပိုမိုမြှင့်တင်လာနိုင်မှာပါ”ဟုဂျူလီယာမာရစ်ကပြောပါတယ်။

ထို့အတူ အမျိုးသမီးများအနေဖြင့် သီးသန့်တစုဖြစ်တည်လာဖို့ ပြောဆိုခြင်းမဟုတ်ဘဲ ဆွေးနွေးမှုမှာပါဝင်တဲ့ အစုအဖွဲ့တိုင်းမှာ အမျိုးသမီးပါဝင်မှု အနည်းဆုံး(၃၀)ရာခိုင်နှုန်း ပါဝင်ရမယ်လို့ တောင်းဆိုနေတာဖြစ်ပြီး သုံးပွင့်ဆိုင်မူဖြင့် ဆက်လက်သွားသော်လည်း အမျိုးသမီးတွေကို တွဲခေါ်လိမ့်မည်ဟု ယုံကြည်နေသူကတော့ ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းမှ ပြောရေးဆိုခွင့်ရှိသူ၊ WLB မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ယိင်းဟန်ဖဖြစ်ပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တွေက ကျမတို့ တိုင်းရင်းသူအမျိုးသမီးအဖွဲ့တွေကို မည်သည့်နေရာ မည်သည့် အဆင့်မှာမဆို သူတို့အမြဲလက်တွဲခေါ်ပါတယ်။ ကျမတို့ WLB ဆိုရင် တော်လှန်ရေးကာလမှာ မွေးဖွားခဲ့တဲ့ အမျိုးသမီးအဖွဲ့လို့ပြောရင်လည်း မမှားပါဘူး။ ဒါကြောင့်ကျမတို့ယုံကြည်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ ကျမတို့ တိုင်းရင်းသူအမျိုးသမီးတွေကို လက်တွဲခေါ်မှာပါ”ဟု သူကပြောပါတယ်။

လတ်တလောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ သြဂုတ်လ(၁၁)ရက်မှ စတင်၍  “နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်သုံးသပ်သည့်အစည်းအဝေး”ကျင်းပနေပါတယ်။

သုံးရက်တာအစည်းအဝေးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်မှ သုံး ပွင့်ဆိုင် ဆွေးနွေးရေးမူကို တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးမှရရှိသော ရလာဒ်များ ကို လာမဲ့သြဂုတ်လ(၁၅)ရက်နေ့မှာ ကျင်းပမဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်း အဝေးမှာ တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မိုင်ဂျာယာန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ ကဏ္ဍ(၅)ခုဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ သဘာဝသံယံဇာတ၊ လူမှုရေး စသည့် ကဏ္ဍတွေကို အခြေခံပြီးတော့ဆွေးနွေးခဲ့တာဖြစ်တယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးဖြစ်မည့် အဲဒီကဏ္ဍ(၅)ခုထဲ မှ  နိုင်ငံရေးနဲ့ လုံခြုံရေးကို အဓိကဇောင်းပေးဆွေးနွေးနေတာဖြစ်တဲ့အတွက် ယင်းကဏ္ဍနှစ်ခုတွင်လည်း တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ နိုင်ငံရေး၊ လုံခြုံရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာတွေ ပိုမိုဆွေးနွေးခဲ့ခြင်းသာဖြစ် တယ်လို့ စောစံငြိမ်းသူကပြောပါတယ်။

“အမျိုးသားတွေဘက်ကနေကြည့်ရင်၊ သူတို့ဘက်က စဉ်းစားကြည့်သလောက်ဆိုရင် အခုဆွေးနွေးနေတဲ့ အပိုင်းက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူကို အဓိကဆွေးနွေးနေတာဖြစ်တယ် ပေါ့။ ဒီအစည်းအဝေးမှာက လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးဖြစ်မဲ့ နိုင်ငံရေးနဲ့လုံခြုံရေး ဆိုင်ရာကိစ္စတွေကို ဆွေးနွေးနေတော့ အဲဒီကဏ္ဍတွေကျတော့ အမျိုးသမီးရေးကိုပြောဖို့ထက် တစ်နိုင်ငံလုံး ကိုလွှမ်းခြုံတဲ့နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ အခြေအနေတွေကို ပိုပြီးတော့ ဆွေးနွေးသွားရမယ်ဆိုတဲ့ အမြင်သဘောထားတွေရှိကြတယ်လို့ နားလည်တယ်။ နောက်တချက်ကတော့ အခြေခံမူကိုဘဲ အဓိကစဉ်းစားနေကြတဲ့အနေအထားမျိုးမှာ အသေးစိတ်လုပ်ကိုင်ဆောင်ရွက်လာမဲ့ ဥပဒေပြ ဌာန်းချက်တွေမှာမှ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုပြီးတော့မှဇောင်းပေးပြီးတော့ ဆွေးနွေးသွားရမယ်”လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူထဲမှာ အခြားကဏ္ဍသုံးခုဖြစ်တဲ့ စီးပွားရေး၊ သဘာ ဝ သယံဇာတနှင့် လူမှုရေးစသည့် ကဏ္ဍများဆွေးနွေးမှုတွင် အဓိကအားဖြင့် အမျိုးသမီးအရေးကို ပိုမို ကျယ် ကျယ်ပြန့်ပြန့်ဇောင်းပေးဆွေးနွေးရမယ်လို့ သူကဆိုပါတယ်။

13895126_1051647001621290_5081588307131705250_n

Photo: Ying Cherry (facebook)

ဒါကြောင့် ဒီအမျိုးသမီးကဏ္ဍဟာ ဘယ်အချိန်၊ ဘယ်အဆင့်၊ ဘယ်ခေါင်းစဉ်မှာမဆို ဆက်နွယ်နေပြီး အရေး တကြီး ထည့်သွင်းစဉ်းစားရမဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာကို ပိုပြီးလက်ခံလာနိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်မှုများလုပ်သွားဖို့နဲ့ ဒါဟာလက်တွေ့ကျတဲ့အမျိုးသမီးတွေအပေါ် စဉ်းစားမှုတွေ ပိုဖြစ်လာ စေမယ် လို့ စောစံငြိမ်းသူကပြောသည်။

“လိုရင်းပြောရမယ်ဆိုရင်တော့ အချိန်အခါမသင့်သေးဘူးဆိုတဲ့ အမျိုးသားတွေဘက်က အမြင်ရှုထောင့် ပေ့ါလေ။ အမှန်ကဘယ်လိုဘဲဖြစ်ဖြစ်ပေါ့။ ကျမတို့အမျိုးသမီးတွေအနေနဲ့မြင်တာက ဘယ်အချိန်အခါ၊ ဘယ် အဆင့်၊ ဘယ်ကဏ္ဍမှာမဆို ဒီအမျိုးသမီးရေးက အားလုံးနဲ့ ဆက်နွယ်နေတယ်။ နိုင်ငံရေးကိစ္စကိုဘဲ ပြောပြော၊ လုံခြုံရေးကိစ္စကိုဘဲပြောပြော၊ စီးပွားရေး၊ သဘာဝသယံဇာတ၊ လူမှုရေးကိစ္စ၊ ဒီကဏ္ဍငါးခုထဲက ကဏ္ဍတွေအားလုံးက အမျိုးသမီးတွေနဲ့ ဆက်နွယ်နေတာဖြစ်တယ်။ ဆက်နွယ်နေတယ်ဆိုတာကို များသော အားဖြင့် အမျိုးသားတွေက မမြင်ကြဘူး။ ဒီအခြေအနေတွေကို မမြင်ကြတဲ့အခါမှာ အရေးကြီးတယ်ဆိုတာ ကိုလည်း သိသိသာသာမမြင်တဲ့ အနေအထားမျိုးမှာလည်း အမျိုးသမီးတွေ အခန်းကဏ္ဍကို အရေးတကြီး လက်ခံစဉ်းစားဖို့ မလိုဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေဦးမှာဖြစ်တယ်” လို့သူက ဆက်လက်ပြောဆိုသည်။

အမျိုးသမီးများက နိုင်ငံရေးကိစ္စရပ်များကို ဦးစားမပေးပဲ အမျိုးသမီးရေးကိုသာ ဦးစားပေးနေသည်ဆိုသည့် မိုင်ဂျာယာန်အစည်းအဝေးအပြီး ထွက်ပေါ်ခဲ့သည့် စွပ်စွဲချက်များကို ယိင်းဟန်ဖက လက်မခံပဲ ပယ်ချခဲ့သည်။

“ကျမတို့ကို တန်းတူဆက်ဆံပေမဲ့လည်း တခါတလေမှာ ကျမတို့တွေကို နိုင်ငံရေးအတွက် အရေးတကြီး ဆွေးနွေးနေချိန်မှာ အမျိုးသမီးအရေးက ဒီအချိန်မှာ မလိုသေးဘူးလို့လည်း တချို့မြင်ချင်မြင်လိမ့်မယ်။ ဒါပေမဲ့ ကျမတို့ကတော့ မမှုဘူး။ ဒီနိုင်ငံရေးနဲ့စစ်ရေးကြောင့် ဓါးစာခံဖြစ်တာ ဘယ်သူလဲဆိုတာ ခေါင်းဆောင် တွေကို သိစေချင်လို့ ထထပြောနေရတယ်လေ။ ကျမတို့ အဲဒါနဲ့ပတ်သက်ပြီး စိတ်ဓါတ်မကျပါဘူး” ဟု သူက ပြောပါတယ်” လို့ပြောပါတယ်။

၎င်းတို့ဟာ WLB တစ်ခုတည်းအတွက် ရပ်တည်တာမဟုတ်ဘဲ အမျိုးသမီးထုတရပ်လုံးအတွက် ရပ်တည်နေ တာဖြစ်တယ်။ နေရာတိုင်း၊ အဆင့်တိုင်းမှာ အမျုးိသမီးတွေပါဝင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ် လို့ ယိင်းဟန်ဖက ပြောပါသေးတယ်။

“မြန်မာပြည်မှာ လူဦးရေထက်ဝက်ကျော်ဟာ အမျိုးသမီးဖြစ်နေတာရယ်၊ အမျိုးသမီးတွေက စစ်ပဋိပက္ခ အပါ အဝင် အခြားသော ပဋိပက္ခတွေရဲ့ အဓိက ဓါးစာခံဖြစ်နေခဲ့ရလို့ အခုလက်ရှိငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ တွေအပါအဝင် ဆုံးဖြတ်ချက်ချတဲ့အဆင့်တိုင်း၊ ကဏ္ဍတိုင်းမှာ မဖြစ်မနေပါဝင်ဖို့ အရေးကြီးပါတယ်”

 

Related Articles