Home သတင်း အမျိုးသမီးများရွေးကောက်ပွဲဆိုင်ရာအသိလိုအပ်ဆဲဟုသုတေသနစာတမ်းဆို

အမျိုးသမီးများရွေးကောက်ပွဲဆိုင်ရာအသိလိုအပ်ဆဲဟုသုတေသနစာတမ်းဆို

Sai Ye Kyaw Swar Myintကချင်မလေး။           ။

အမျိုးသမီးများသည် ရွေးကောက်ပွဲမဲထည့်ခြင်း၊ နိုင်ငံတော်သမ္မတကို မည်ကဲ့သို့ရွေးကောက်တင်မြောက်ခြင်း စသဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အသိပညာအားနည်းနေကြောင်းကို သုတေသနအစီရင်ခံစာတစောင် တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသိပညာပေးဆွေးနွေးပွဲတက်ရောက်မှု၊ မဲပေးမှုတွေမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ နည်းနေတာကိုတွေ့ရတယ်ဟု သုတေသန ပြုလုပ်ခဲ့သည့် ယုံကြည်ရသောရွေးကောက်ပွဲ များပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) မှ စီမံကိန်းမန်နေဂျာကိုဟန်စိုးထွန်းက ပြောပါ သည်။

ရွေးကောက်ပွဲအပေါ် လူထုသဘောထားအမြင်နှင့် အစိုးရအသစ်အပေါ် မျှော်မှန်းချက်များဆိုသည့် သုတေ သနစာတမ်း(အစီရင်ခံစာ)ကို PACE အဖွဲ့က ဇူလိုင်လ နှောင်းပိုင်းတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများသည် အမျိုးသားများထက် နိုင်ငံရေးတွင် စိတ်ပါဝင်စားမှုလျှော့နည်းနေမှုရှိကြောင်း စာတမ်းက ဖော်ပြခဲ့သည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘယ်လောက်စိတ်ဝင်စားသလဲဆိုတဲ့မေးခွန်းမှာ ၁၆%က အလွန် စိတ်ဝင်စားပြီး၊ ၄၂%က အတိုင်းအတာတခုအထိ စိတ်ဝင်စားကြတယ်၊ သိပ်စိတ်မဝင်စားတာက ၁၈%လောက် လုံးဝ စိတ်ဝင်စားဘူးဆိုတာ ၁၅% စစ်တမ်းမှာ တွေ့ရတယ်ဟု ကိုဟန်စိုးထွန်းက ပြောသည်။ အဲဒီထဲမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် နိုင်ငံရေးကို ပိုစိတ်ဝင်စားကြတယ်

နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်သည့် မဲထည့်ခြင်း၊ ရပ်ရွာဆွေးနွေးပွဲများတက်ရောက်ခြင်းတို့တွင် အမျိုးသမီးများမှာ မအားလပ်ခြင်းကြောင့် ပါဝင်မှု မပြုနိုင်ကြခြင်း ဖြစ်သည်ဟု PACE အဖွဲ့၏အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာ မြင့်က ပြောသည်။

သုတေသနစာတမ်းကို ကျေးရွာစုစုပေါင်း(၁၈၇)ရွာ၊ လူဦးရေ(၁၈၁၄)ဦးကိုအခြေခံကာ နိုင်ငံတကာအသိအမှတ် ပြု ကျပန်းနမူနာကောက်ယူမှုနည်းလမ်းဖြင့် ပြုစုခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး ၄၉ %နှင့် အမျိုးသား ၅၁ %ကို လူတွေ့တွေ့ဆုံမေးမြန်းထားပြီး အားလုံးက ၁၈နှစ်နှင့် ၁၈ နှစ်အထက်ရှိတဲ့ သူတွေပါလို့ ကိုစိုင်းရဲကျော်စွာမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Samplechart

အမျိုးသမီးအများစုက အကယ်၍ အခွင့်အရေးတစုံတရာ ရရှိခဲ့မယ်ဆိုရင် ရပ်ရွာဆိုင်ရာဆွေးနွေးပွဲ၊ လက် မှတ်ရေးထိုးတောင်းဆိုမှုတွေနဲ့ မဲပေးခြင်းဆိုင်ရာ၊ ပြည်သူ့နီတိဆိုင်ရာပညာပေးပွဲတွေကို ပါဝင်ရန် အမျိုးသား တွေထက်ပိုပြီး စိတ်ကူးရှိကြတယ်

ဖြေဆိုမှုများအရ ရွေးကောက်ပွဲဖြစ်စဉ် ကောင်းမွန်လာစေရန် မဲဆန္ဒရှင်စာရင်း၊ မဲစာရင်းများပြုစုခြင်းကို တိုး တက်ကောင်းမွန်လာမှုအတွက် ပြင်ဆင်ရန်လိုပြီး မဲမသမာမှုများနှင့် ကော်မရှင်၏ ဖွဲ့စည်းပုံ၊ ခန့်အပ်တာဝန် ပေးပုံအပြင် ကော်မရှင်အဖွဲ့ခွဲများကိုလည်း ပြင်ဆင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သုတေသနစစ်တမ်းအရ ၄၀% က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြုပြင်ပြောင်းလဲမှုလုပ်ရန် လိုအပ်သည်ဟု ဖြေကြားခဲ့ကြသော်လည်း အမျိုးသမီးများသည် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို သိပ်မသိ ကြပါဟုအစီရင်ခံစာတွင် ဖော်ပြထားသည်။

PACE အဖွဲ့မှ လာမည့် ၂၀၂၀ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် ပြည်သူ့နီတိသင်တန်းများတွင် အစိုးရနှင့်ဆက်စပ်သောလုပ်ငန်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအပြင် အစိုးရအဖွဲ့အစည်း ဆိုင်ရာအကြောင်းအရာများ ပိုမိုထည့်သွင်းရေးဆွဲသင်ကြားရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် အခန်းကဏ္ဍကို ပြည်သူများ ပိုမိုသိရှိလာစေရန် လွှတ်တော်ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မဲဆန္ဒရှင် စာ ရင်းနှင့် ကော်မရှင်ဖွဲ့စည်းပုံအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည် ဆောင် ရွက်ရန်နှင့် ပြည်သူ့နီတိသင်တန်းများကိုအမျိုးသမီးများ၊ လူငယ်များနှင့် ကျေးလက်ဒေသနေ ပြည်သူများ အ လွယ်တကူ ပါဝင်ခွင့်ရစေမည့်အချိန်၊ နေရာ၊ အခြေအနေများကို ဖန်တီးပေးရန်လိုအပ်ကြောင်းကို လုပ် ဆောင်သွားသင့်းကြောင်း အကြံပြုထားသည်။

မြန်မာနိုင်ငံရှိ ခန့်မှန်းခြေလူဦးရေ(၂၀၀၄ခုနှစ် သန်းခေါင်စာရင်းအရ) သန်း (၅၀၂၇၂၃၆၄) ဦးရှိသည့်အနက် အရွယ်ရောက်ပြီးသူဦးရေ (၃၃၁၂၆၁၁၇)ဦးရှိသည်။ လူဦးရေထက်ဝက်ခန့်သည် အမျိုးသမီးများဖြစ်သည်။ ယခုခွဲခြမ်းစိစစ်မှုအတွက် တွေ့ဆုံမေးမြန်းမှုကို လူဦးရေ (၁၈၁၄) ဦးနှင့် လုပ်ဆောင်ထားသည်။ သို့သော်လည်း စစ်တမ်း၏ မှားယွင်းနိုင်ခြေ +/- ၂.၇ ရာခိုင်နှုန်းသာရှိပြီး ၉၅ ရာခိုင်နှုန်းက ယုံကြည်စိတ်ချအဆင့်ရှိကြောင်း ပြောဆိုထားပါသည်။

 

 

 

Related Articles