ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ရန်ကုန်က အစားအသောက်ပို့သူ အမျိုးသမီးများ
“ အော်ဒါပို့တဲ့အခါ လူပြတ်တဲ့နေရာတွေမှာတချို့ကကားပေါ်ကနေစတာတွေရှိတယ်။ ပင်ပန်းနေပြီလား ကားနဲ့လိုက်ပို့ပေး မယ် အဲ့လိုတွေစတဲ့ ကားသမားတွေရှိတယ်။ ညဘက်တွေ ၇ နာရီ ၈ နာရီ ပစ္စည်းပို့ရင်လည်း လူပြတ်တဲ့နေရာရောက်ရင် အမြန်နင်းရတာရှိတယ်”


