Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

 မတ်လ ၁၇ ရက်ကနေ ၂၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာ တွေ ကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။ 

မြန်မာမှာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပိုမြင့်တက်လာကြောင်း ကုလကိုယ်စားလှယ် တင်ပြ

စစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှု၊ ရွာတွေကို လေကြောင်းတိုက်ခိုက်မှု၊ ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမြင့်တက်လာတယ် လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးက ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီထံ အစီရင်ခံစာတင်ပြခဲ့တယ်လို့ ဂျီနီဗာကုလသမဂ္ဂရုံး (UNOG) က မတ်လ ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။မြန်မာနိုင်ငံကပြည်သူတွေဟာ ၂၀၂၅ ခုနှစ်မှာ အဓိက စိန်ခေါ်မှုနှစ်ရပ်နဲ့ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာစစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ မြင့်တက်လာတာနဲ့အတူ နိုင်ငံတကာက ထောက်ပံ့ကူညီမှု တွေရုတ်တရက် ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။ ဒီလိုအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ပံ့ကူညီမှု ကိုရုပ်သိမ်းလိုက်တာက မြန်မာပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပိုဆိုးရွားသွားစေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။

Source – RFA

ကျောင်းသားကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် ထွက်ပြေးနေသည့် အင်းတကော်က ကျောင်းဆရာ ဖမ်းမိ

ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ G7 ကျောင်းသားတယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှု သံသယနဲ့ တရားစွဲ ခံထားရပြီး ထွက်ပြေးနေတဲ့ နိုင်သာယာ အလယ်တန်းကျောင်းခွဲက လက်ထောက်မူလတန်းကျောင်းဆရာကိုမတ် လ ၁၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လတ်တလောမှာ ကျောင်းဆရာ ဦးအောင်သူဝင်းကို အင်းတကော်နယ်မြေရဲစခန်းက စစ်ဆေးနေပြီး ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ် ဆိုတာကို ရဲစခန်းဘက်က ပြောဆိုတာမရှိသေးဘူးလို့ သိရပါတယ်။

အင်းတကော်မြို့နယ်၊ မြိုင်သာယာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းဆရာ ဦးအောင်သူဝင်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတယ်ဆိုပြီး ကျောင်းသား၊ ကျောင်းသူတွေက ဖေဖော်ဝါရီ ၁၅ ရက်မှာ မိဘတွေကို ပြန်ပြောပြ ကြ တာပါ။

Source – DVB

ထီးလင်းတွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ဒေသခံအမျိုးသမီး ၃ ဦး အပါဝင် ၄ ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အလယ်ဘန်းရွာကို စစ်ကောင်စီတပ်က မတ်လ (၂၀) ရက်နေ့အစောပိုင်းက ဂျက် ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး သုံးဦးအပါဝင် ဒေသခံ လေးဦး ထိခိုက်သေဆုံးသွားပြီး လူ နေအိမ် ၄၀ ကျော် ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ထီးလင်းမြို့နယ် (ပကဖ) ထံမှ သိရပါတယ်။

ထီးလင်းမြို့နယ်အရှေ့ခြမ်း၊ အလမ်းဘန်းရွာသို့ ဒေသခံပြည်သူတွေ အိမ်မောကျနေချိန် ဗုံးသီး ၁၈ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးသီးသုံးလုံးမကွဲဘဲ ကျန်ရှိကာဒေသခံ ၂၄ဦး ထိခိုက်ဒဏ်ရာရသွားတယ် လို့သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈၀ ကျော် အဘိုးအိုနဲ့ ၇၀ ကျော် အဘွားအို၊ ဆယ်ကျော်သက်အရွယ် အမျိုး သမီးနှစ်ဦးပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် လေးလုံးမီးလောင်ကာ ၁၂ လုံးအလုံးစုံပျက်စီးခဲ့ပြီး ၄၀ ကျော် အမိုး ပွင့်ကာပျက်စီးသွားကြောင်း ၊ နွား၊ ဝက် တိရစ္ဆာန် ၁၀ ကောင်ကျော် သေဆုံးကာ အကောင် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Source – Mizzima

မုံရွာမှာ တစ်ရက်ထဲအမျိုးသမီး ၈ ဦး ပေါ်တာဆွဲဖမ်းဆီးခံရ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တစ်ရက်ထဲ)မှာ စစ်ကောင်စီက စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အမျိုးသား ၄၀ ဦးနဲ့ အမျိုး သမီး ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ပဉ္စမမဏ္ဍိုင်အဖွဲ့- PMCSG က ပြောပါတယ်။

PMCSG က စစ်တမ်းကောက်ယူထားတဲ့ နေပြည်တော်၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး ၄ ခုမှာ ၂၀၂၄ ခုနှစ် စက်တင် ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

၆ လအတွင်း ကောက်ယူထားတဲ့ စစ်တမ်းအရ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီး ၁၉၈ ဦးအပါအဝင် အရပ် သား ပြည်သူ စုစုပေါင်း ၁၉၆၀ ဦးဖမ်းဆီးခံထားရပါတယ်။

Source – HI

တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအမျိုးသမီးလုပ်သားစေလွှတ်

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့ အမျိုးသမီး လုပ်သားအပါအဝင် မြန်မာလုပ်သား ၁၂၄ ဦး ကို မတ်လ ၁၉ ရက် စေလွှတ်ခဲ့တယ်လို့ ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးကထုတ်ပြန်ပါတယ်။

အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်နဲ့ စေလွှတ်တဲ့ မြန်မာလုပ်သားသစ်မှာ  ကုန် ထုတ်လုပ်သား ၅၈ ဦး၊ သစ်တောလုပ်သား ၂၅ ဦး၊ ဆောက်လုပ်ရေးလုပ်သား ၁၉ ဦး ၊ဝန်ဆောင်မှုလုပ်သား ၇ ဦး (အမျိုးသမီး ၁ဦး) နဲ့  စိုက်ပျိုး/မွေးမြူရေးလုပ်သား ၁၅ ဦး  စုစုပေါင်း လုပ်သားသစ် ၁၂၄ ဦးဖြစ်တယ်လို့သိရ ပါတယ်။

ဝန်ဆောင်မှု လုပ်သားအဖြစ် သွားရောက်တဲ့ အမျိုးသမီးလုပ်သားမှာ မြန်မာနိုင်ငံမှ EPS စနစ်ဖြင့်ပထမဆုံး တောင် ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရရှိသူဖြစ်တယ်လို့ သိရပါတယ်။

Source – Myanmar Labour News

စစ်ဝါဒီနှင့် ဖိုဝါဒီကြီးစိုးနေမှု ထိန်းကျောင်းရန် အမျိုးသမီးများသာမက ဦးဆောင်သူအမျိုးသားများတွင်လည်း အဓိကတာဝန်ရှိဟုဆို

စစ်ဝါဒီနဲ့ ဖိုဝါဒီတို့ ကြီးစိုးလွှမ်းမိုးနေမှုတွေ ရေရှည်မဖြစ်အောင် ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းရန် လိုအပ် နေ ပြီး ဒီအတွက်အမျိုးသမီးတွေသာမက ဦးဆောင်သူအမျိုးသားတွေမှာလည်း အဓိကတာဝန်ရှိတယ်လို့ စစ်ရေး လှုပ်ရှားသူနဲ့ နိုင်ငံရေး သုတေသီတို့က ထောက်ပြပြောဆိုကြပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မတ် ၁၅ ရက် ကပြုလုပ်သည့် “Gender ရေးရာနဲ့ အမျိုးသမီးလှုပ်ရှားမှုအပေါ် သူတို့အမြင်” အွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲမှာ စစ်ရေးလှုပ်ရှားသူနဲ့ နိုင်ငံရေး သုတေသီတို့က ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

စနစ်အရ လူငယ်တွေဟာ စစ်ဝါဒီမှ ရုန်းထွက်နိုင်တဲ့အခြေအနေမရှိသေးသလို လက်ရှိနိုင်ငံရေးသမားများက စစ် တိုက်ဖို့နဲ့ စစ်သင်တန်း တက်ရောက်ထားတာမရှိသော်လည်း ယူနီဖောင်း တကားကားဖြင့် ရှိနေတဲ့အတွက်စစ်ဝါဒီ ဖြစ်နိုင်မှုတွေဖြစ်နိုင်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကပြော ပါတယ်။

အွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲမှာ BWU တွဲဘက်အထွေထွေအတွင်းရေးမှူး -၁ မဝေဝေက Moderator အဖြစ် ဆောင်ရွက်ပြီး BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခ၊ နိုင်ငံရေး လေ့လာသုံးသပ်သူနဲ့ သုတေသီတွေဖြစ်တဲ့ ဒေါက်တာ စိုင်းကြည်ဇင်စိုး၊ စီရယ်လိုတို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

Source – ဧရာဝတီတိုင်းမ်

ထား၀ယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီး ပျောက်ဆုံးပြီးခြောက်ရက်ကြာအထိ ရှာမတွေ့

ထားဝယ်မှာ စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေပြီး ခြောက်ရက်အကြာ မတ်လ ၂၀ရက်အထိ ပြန် လည်ရှာမတွေ့သေးဘူးလို့သိရပါတယ်။ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ ရွှေဂူတံတားအနီးနေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်တင်တင်ထွေးဟာ မတ်လ ၁၅ရက်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဒေါ်တင်တင်ထွေးဟာ စိတ်ဝေဒနာခံစားနေရသည်မှာ ၁၈ နှစ် ခန့်ရှိပြီဖြစ်တယ်လို့ မိသားစုဝင် တွေထံမှ သိရပါ တယ်။ မိသားစုနဲ့အတူနေထိုင်ရန် ခေါ်လို့မရတဲ့အတွက် ရွှေဂူတံတားအနီးမှာ တစ်ယောက်တည်း နေထိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာ မိသားစုဝင်တွေက လိုက်လံရှာဖွေနေရာ အရင်ကသွားလေ့ရှိတဲ့ ဆွေမျိုးတွေထံသို့လည်း မရောက်ဘဲ ရှာမတွေ့ ဖြစ်နေတယ်လို့သိရပါတယ်။

Source – Dawei Watch

ပြန်ပေးဆွဲခံရသည့် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး နေအိမ်ပြန်ရောက်၊ ရွှေ ၂ ပိဿာဝန်းကျင်ပြန်မရသေး 

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ လူတစ်စုရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ပျောက်ဆုံးနေတဲ့ ရွှေဆိုင်ပိုင်ရှင်အမျိုး သမီးနေအိမ်ပြန်ရောက်ခဲ့သော်လည်း သူနဲ့အတူပါသွားတဲ့ ရွှေနှစ်ပိဿာမရရှိသေးဘူးလို့ သိရပါတယ်။

ရွှေဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ် စန္ဒာလင်း (ခေါ်) မိထုပ်ဟာ မတ်လ ၁၈ ရက် မနက်ပိုင်းက  လူတစ်စုရဲ့ ဖမ်းဆီး ခေါ် ဆောင်ခြင်းခံရပြီးနောက် တရက်အကြာ မတ်လ ၁၉ ရက်နေ့မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပါတယ်။

ဒေါ်စန္ဒာလင်း ဖမ်းဆီးခံရစဉ်က သူနဲ့အတူပါသွားတဲ့ ရွှေ နှစ်ပိဿာ ဝန်းကျင်ဟာလည်း လက်ရှိမှာ ရဲတပ်ဖွဲ့ ထံမှာ ရှိနေပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်လည်လွှဲအပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

Source – Mizzima

Author:

Related Articles