ဒေဝီ
စစ်ကောင်စီက LGBT အကြောင်းအရာ ရေးသားထားတဲ့ စာအုပ် ၇ အုပ်နဲ့ ထုတ်ဝေသူတွေကို ညစ်ညမ်းစာပေ ထုတ်ဝေတယ်လို့ ဆိုပြီး ဇန်နဝါရီ ၈ ရက်နေ့က လုပ်ငန်းပိတ်သိမ်းပြီး တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင် ဘာလကလည်း LGBT အကြောင်းရေးသားထားတဲ့ စာအုပ် ၂ အုပ်ထုတ်ဝေခဲ့တဲ့ စာအုပ်တိုက်နဲ့ ထုတ်ဝေသူတွေ ကိုလုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုတ်သိမ်းခဲ့ပါတယ်။ လိင်တူချစ်သူတွေရဲ့ ချစ်ခြင်းအကြောင်းရေးဖွဲ့ ထားတဲ့ စာအုပ်တွေကို ညစ်ညမ်းစာပေအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး ပိတ်သိမ်းမှုတွေပြုလုပ်လာတဲ့အပေါ် Transgender တစ်ဦးဖြစ်သူ အတာနဲ့ HI ကတွေ့ဆုံမေးမြန်းချက်များကို ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ စစ်ကောင်စီက LGBTအကြောင်းအရာစာပေ ( GL–Girl Love/BL-Boy Love) စာအုပ်တွေကို ညစ် ညမ်းစာပေအဖြစ် သတ်မှတ်ပြီး ထုတ်ဝေသူတွေကို တရားစွဲဆို အရေးယူတာတွေ လုပ်လာတဲ့အပေါ် အမြင်လေး သိပါရစေ။
ဖြေ။ ။စစ်ကောင်စီက LGBT ဆိုင်ရာ အကြောင်းအရာစာအုပ်တွေ GL/BL စာအုပ်တွေကို ညစ်ညမ်းစာပေ အဖြစ်သတ်မှတ်ပြီး ထုတ်ဝေသူတွေကို အရေးယူလိုက်တယ်ပေါ့နော်။ ဒါကကျမတို့ နိုင်ငံမှာရှိနေတဲ့ စာပေလွတ် လပ်ခွင့်ကို အရင်ဆုံးချိုးဖောက်တာဖြစ်တယ်။ တဆက်တည်းမှာပဲ LGBT အခွင့်အရေး ချိုးဖောက်မှုတွေအများ ကြီးကြုံတွေရတယ်၊ GL/BL လို့ပြောရင် တချို့စီးရီးတွေမှာ မကြားဝံ့မနာသာ စကားတွေပါတယ် ပြောကြတယ်။ အဲ့ဒီလိုဆိုရင်လည်း တခြားသောစာပေ တခြားသောနိုင်ငံတွေမှာ ရှိသလို ဘယ်နှစ်နှစ်အောက်မဖတ်ရဆိုပြီး Limitation ထားတယ်ဆိုရင် အဆင်ပြေပါတယ်။ ပိတ်ပင်တာ ထုတ်ဝေတဲ့သူတွေကို တရားစွဲဆိုတာက အခွင့် အရေးကိုချိုးဖောက်မှု၊ LGBTကို လုံးဝလက်မခံဘူးဆိုတဲ့ဟာကို လုံးဝပွင့်ပွင့်လင်းလင်း ပြနေတာဖြစ်တယ်။ တခြားနိုင်ငံတွေမှာတော့ LGBT အကြောင်းဆိုင်ရာ စာပေတွေက Limitationရှိတယ် ဘယ်နှစ်နှစ်အောက် မဖတ်ရ ဆိုတာမျိုး ရှိထားပြီးသားဆိုတော့ သူ့နိုင်ငံနဲ့ သူ့စာပေလွတ်လပ်ခွင့်ရှိတယ် ဒါပေမယ့် တခြားနိုင်ငံတွေမှာ စာရေး တဲ့အခါမှာ စည်းကမ်းရှိတယ်။ ကျမတို့ နိုင်ငံမှာ တော့ GL/BL တွေနဲ့ ပတ်သတ်ပြီး တချို့သော စာတွေဖတ်ရတာ စည်းကမ်းမရှိတာ တွေ့ရတယ်၊ ဒါတွေလည်းအများကြီးပါပါတယ်။
မေး။ ။ LGBT အကြောင်းဆိုင်ရာစာပေတွေကို စစ်ကောင်စီက ညစ်ညမ်းတယ်လို့ ဆိုတဲ့အသုံးအနှုန်းအပေါ် ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ LGBT အကြောင်းဆိုင်ရာ စာပေတွေကို စစ်ကောင်စီက ညစ်ညမ်းတယ်လို့ ပြောတဲ့အပေါ် မှာတော့ LGBT တွေကို သူတို့အနေနဲ့လက်မခံဘူး၊ LGBTတွေ မရှိဘူးလို့ ပြောင်ပြောင်တင်းတင်း တုံပြန်လိုက်တယ်လို့ မြင်တယ်။ ဒါပေမယ့် တချို့သောစာအုပ်တွေမှာတော့ လိင်ပိုင်းဆိုင်ရာအသားပေး ကိစ္စရပ်တွေရေးသားထားတာတွေ့ ဖူးတယ်။ အဲ့ဒီလိုစာအုပ်မျိုးတွေဆို ဘယ်အရွယ်တွေမှာ ဘယ်လိုလူတွေမဖတ်ရဘူးဆိုတဲ့ instruction ပါမနေ ဘူး၊ဒါကတော့ လိုအပ်တယ်ပေါ့နော်၊စစ်ကောင်စီက ညစ်ညမ်းတယ်လို့ပြောတဲ့အပေါ် မှာတော့ ကျမတို့ LGBT တွေကို ညစ်ညမ်းတယ် လက်မခံဘူးလို့ ပြောလိုက်တာလို့ မြင်တယ်။
မေး။ ။ လူကြီးမိဘအချို့ကလည်း GL/BL အကြောင်းလိုမျိုး ရုပ်ရှင်၊စာပေတွေကို လူငယ်တွေ ကြည့်ရှု့ ဖတ် ကြတဲ့အခါ စိုးရိမ်တာတွေရှိတော့ ဒီလိုစာပေတွေက လူငယ်တွေအကြား ဘယ်လောက်အတိုင်းအတာထိ ရှိသင့် တယ်လို့ ယူဆပါသလဲ။
ဖြေ။ ။လူကြီးမိဘတွေက GL/BL ရုပ်ရှင်၊စာပေတွေကို လူငယ်တွေ ကြည့်ရှု့ဖတ်တဲ့အခါ စိုးရိမ်တာ တွေရှိပါတယ်။ GL/BL စာပေတွေဆိုတာ စိုးရိမ်စရာဖြစ်လာတယ်လို့ပြောကြတယ်၊ မိသားစုတွေအနေနဲ့ ဖြစ် ကောင်းဖြစ်နိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သောမိဘ၊ အသိုင်းအဝိုင်းတွေက ကိုယ့်သားသမီးကို LGBT မဖြစ်စေချင်ကြဘူး။ ဒါကြောင့်ထိန်းကျောင်းသွန်သင် ဆုံးမကြတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံမှာ sesxual orientation(လိင်စိတ်တိမ်းညွတ်မှု)က မထွန်းကားဘူး၊ ဒါတွေနဲ့ ပတ်သတ်ပြီးတော့လည်း အများကြီး advocac (စည်းရုံးမှု) လုပ်ဖို့လိုတယ်၊ ဒီဗီဒီယိုတွေစာပေတွေကိုတော့ အသက်အရွယ် အပိုင်းအခြားတခု စဉ်းစားဆုံးဖြတ် နိုင်တဲ့ အသက်အရွယ်အပိုင်းအခြားမှ ကြည့်သင့်တယ်ဆိုပြီး အသက် ၁၈ နှစ် အောက် မကြည့်ရဆိုတာမျိုး သတ် မှတ်ပေးနိုင်ရင် အဆင်ပြေတယ်။ လူကြီးမိဘတွေအနေနဲ့လည်း စိုးရိမ်နေပေမယ့် လူငယ်တွေကြားထဲ ခိုးပြီး ကြည့်ကြတဲ့ဟာမျိုးဖြစ်ရင် မဖြစ်သင့်ဘူးပေါ့နော်။ ဆုံးဖြတ်နိုင်တဲ့ အခြေအနေမျိုး ရောက်တယ်ဆိုရင်တော့ ကိုယ် တိုင်ဆုံးဖြတ်ခွင့်နဲ့ ဖတ်ရှု့ခွင့်တွေ ရှိပါတယ်။
မေး။ ။LGBT စာပေ၊ရုပ်ရှင်တွေကို လူငယ်တွေအတွက် အများစိုးရိမ်သလို ကန့်သတ်မှုတွေထားသင့်သလား။
ဖြေ။ ။ LGBT စာပေဖတ်တာက လူငယ်တွေများတော့ ကန့်သတ်မှုတွေ ထားသင့်သလားဆို ကန့်သတ်မှုတွေ ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်အရွယ်သတ်မှတ်ချက် အဓိကလိုအပ်ပါတယ်။ စာရေးသား သူ တွေဘက်ကလည်း လိုရာဆွဲရေးတာမျိုးမဟုတ်ဘဲ မှန်ကန်တဲ့အချက်အလက် ပုံစံမျိုးကိုပဲရေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေအနေနဲ့ ဖတ်ရှုပြီးတဲ့အခါ role model ယူကြတယ် idol ထားကြတယ်။ စာအုပ် တွေ ရုပ်ရှင်တွေကြည့်ပြီးရင် သူတို့ဘဝတွေကို imagine(ပုံဖော်) လုပ်ကြတယ်။ ကျမတို့ငယ်ငယ်တုန်းကလည်း လွန်းထားထားတို့ ဂျူးတို့ ဖတ်ပြီးသွားရင်လည်း စိတ်ကူးယဉ်ကြတာကိုး GL/BL ဖတ်ရှု့တဲ့ အခါမှာလည်း ကိုယ့် ကိုယ်ကိုယ်အနေနဲ့၊ ကိုယ်မြင်နေတဲ့ တစုံတယောက်အနေနဲ့ မြင်ယောင်ပြီးတော့ဖတ်ရှု့ကြမှာပဲ ကန့်သတ်ချက် တွေကတော့ ရှိသင့်တယ်၊ရှိဖို့လိုအပ်တယ်။ အရွယ်မရောက်သေးတဲ့သူတွေ အနေနဲ့ ဆိုရင်တော့ ကျမအနေနဲ့ ဖတ် ဖို့ သိပ်အားမပေးဘူး။
မေး။ ။ဒီကာလတွေမှာ LGBT ဆိုင်ရာရုပ်ရှင်စာပေတွေ အရင်ကထက်ပိုပွင့်လင်းလာပေမယ့် တဖက်မှာလည်း စစ်ကောင်စီက ဒီလိုအရေးယူမှုတွေ ပြုလုပ်တာက ဘာတွေသက်ရောက်မှုရှိစေနိုင်သလဲ။
ဖြေ။ ။LGBT ဆိုင်ရာရုပ်ရှင်၊ စာပေတွေအရင်ကထက်ပို ပွင့်လင်းလာကြတယ်။ အရေးယူတဲ့အပေါ် သက်ရောက်မှုကတော့ ကျမတို့ နိုင်ငံမှာ LGBT ကိုလက်ခံလုနီးပါးဖြစ်လာတာပေါ့၊ တစိတ်တပိုင်း လက်ခံလာ တာကိုမြင်ရတယ်။ ဒါတွေကို ကန့်သတ်လိုက်တယ်၊ အရေးယူလိုက်တယ်ဆိုရင် ခေတ်နောက် ပြန်ဆွဲတာနဲ့ တူတူပဲ။ LGBT တွေကိုလက်မခံဘူး၊ LGBT တွေကိုကန့်ကွက်တယ် ဆိုတာက လူ့အခွင့်အရေး ချိုးဖောက်မှု ပါပဲ။ သက်ရောက်မှုအနေနဲ့ ကတော့ LGBT တွေကို တဖြည်းဖြည်းချင်းပိုမို ဖိနှိပ်လာတာမျိုး ကြုံရနိုင်တယ်။ LGBT တွေ ငါတို့နိုင်ငံမှာ မရှိဘူးဆိုတဲ့ ပုံစံမျိုး ပေါက်သွားနိုင်ပါတယ်။
မေး။ ။ အိမ်နီးချင်းနိုင်ငံတွေမှာ LGBT အခွင့်အရေးတွေ ရရှိပြီး၊ လိင်တူထိမ်းမြားမှုတွေ ရနေပေမယ့် ပြည် တွင်းမှာတော့ LGBT တွေကို ဖိနှိပ်မှုတွေရှိနေသေးတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။မှတ်ချက်ပေးချင်တာကတော့ ကျမတို့နိုင်ငံမှာ အများကြီးလိုသေးတယ်။ ဘာကြောင့်လည်း ဆိုလိုအပ်တဲ့ အသိပညာပေးမှုတွေ၊ advocacy တွေ မြန်မာပြည်သူလူထုတွေမှာမရှိသေးဘူး၊ သူများနိုင်ငံမှာ လက်ထပ်ခွင့် တွေရနေပြီဆိုတာ ဘာကြောင့်ရသလဲဆို သူတို့နိုင်ငံ ပြည်သူလူထုတွေအကုန်လုံးက ဒါတွေကဘာကြောင့် အရေး ကြီးလဲဆိုတာ စာပေတွေမှာသင်ရတယ်။ အချင်းချင်း advocacy ပေးကြတယ်။ ကျမတို့နိုင်ငံမှာ ဒါတွေအတွက် အသိပညာပေးတဲ့ အဖွဲ့အစည်းတွေ နည်းသေးတယ်။ လုပ်ဆောင်နေတဲ့ သူတွေလည်းအရမ်းနည်းတယ်၊ အဲ့ဒါ ကြောင့်ထိထိရောက်ရောက် မရှိဘူး။ အဲ့ဒီအတွက် ကျမတို့အနေနဲ့ အများကြီးလုပ်ဖို့ လိုသေးတယ်။ တန်းတူ အခွင့် အရေး လက်ထပ်ခွင့် လိုချင်တာကို အများကြီးလုပ်ပြီး ပြည်သူလူထုတွေ လက်ခံနိုင်တဲ့ အင်အားရှိတဲ့တနေ့ ရောက်ရင်တော့ ရပါလိမ့်မယ်။
မေး။ ။ စစ်ကောင်စီအုပ်စိုးတဲ့ကာလမှာ LGBT တွေအပေါ် တခြားဘယ်လိုဖိနှိပ်မှုတွေ ကြုံနေရပါသလဲ။
ဖြေ။ ။စစ်ကောင်စီကြီးစိုးတဲ့ကာလမှာ LGBT တွေကို ဖိနှိပ်မှုကတော့အဖက်ဖက်ပါပဲ၊ စစ်ကြောရေးဆိုတဲ့ အခန်းကဏ္ဍပဲ ကြည့်ကြည့်ပါ။ အများကြီးနှိပ်စက်တယ်၊ လူမဆန်စွာပဲ ရက်စက်စွာ ပြုမှုနေထိုင်ကြတယ်၊ ကျမတို့ LGBT တွေကို စစ်ကောင်စီကမလိုလားဘူး၊ လက်မခံဘူးဆိုတာ ပြောင်ပြောင်တင်တင်းပြနေတာပဲ၊ အဲဒီတော့ ခွဲခြားဆက်ဆံမှုတွေကတော့ အစစအရာရာကြုံနေရမှာပဲ၊ ခေတ်နောက်ပြန်ပြီး အရင်တုန်း ဖိနှိပ်ခဲ့တဲ့ ဖိနှိပ်မှုတွေ အတိုင်းပြန်ဖြစ်လာပါလိမ့်မယ်။