Home မေးမြန်းခန်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM )နှင့်တွေ့ဆုံမေးမြန်းခြင်း

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM )နှင့်တွေ့ဆုံမေးမြန်းခြင်း

အင်တာဗျူး

ဒီနေ့မေလ (၁)ရက်နေ့က ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပါတယ်။ ကမ္ဘာနဲ့အဝှမ်းက အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကို တောင်းဆိုခဲ့ရာကနေ အောင်ပွဲရခဲ့တာ နှစ်ပေါင်း ၁၃၄ နှစ် ရှိခဲ့ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံက အလုပ်သမားတွေကတော့ အစိုးရအဆက်ဆက် မှာ အလုပ်သမား အခွင့်အရေးအတွက် တောင်းဆိုနေ ရဆဲဖြစ်ပါ တယ်။စစ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်အလုပ်သမားတွေအခြေအနေနဲ့ပတ်သတ်ပြီးသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ Solidarity of Trade Unions Myanmar -STUM မှအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒါရိုက်တာဒေါ်မျိုးမျိုးအေးနဲ့ HI ကတွေ့ဆုံမေးမြန်းထားပါတယ်။

Q.အရင်ဦးဆုံး ပြည်တွင်းက စက်ရုံအလုပ်ရုံ​ အမျိုးသမီး​လုပ်သား​တွေ အ​ခြေအ​နေ​လေး​ပြောပြ​ပေးပါဦး၊ စစ် အစိုးရ လက်ထက်မှာ အလုပ်သမားအခွင့်အ​ရေး​တွေ ဘယ်​လောက်ထိချိုးဖောက်ခံ​နေရပါသလဲ။

A.   အလုပ်သမားအခွင့် အရေးချိုးဖောက်တယ်ဆိုတာက အခုမှတော့ မဟုတ်ဘူး၊ခေတ်အဆက်ဆက် အလုပ်ရှင် တွေ ကျုးလွန်လာခဲ့တာ၊ အခုမှ ချိုးဖောက်မယ်ဆိုပီးလုပ်ကြတာတော့ မဟုတ်ပါဘူး၊ ကျွန်မကို အလုပ်ရှင်က တရားစွဲခဲ့တာ NLD လက် ထက်၂၀၁၇မှာခုထိရင်ဆိုင်နေရဆဲပါ၊ ပြောချင်တာကအလုပ်ရှင်တွေမှာ အထာ၊ ထား တာမရှိဘူး၊ဘယ်ခေတ်မဆို ကျူးလွန်တတ်သူက ကျူးလွန်ပါတယ်၊ ချိုးဖောက်တယ်။ စစ်အစိုးရလက်ထပ်မှာလည်း မြင်သာအောင်ပြောရရင်တော့ power ပြတာပေါ့၊ လုပ်ငန်းရှင်တွေက အလုပ်သမား အခွင့်အရေး ချိုးဖောက်ပြီးရင် အပြစ်ပေးမခံရဖို့ကို အာဏာရှိသူရဲ့ အရိပ်ပြေးခိုကြတယ်။ စက်ရုံမှာ လက်နက်ကိုင်အဖွဲ့တွေကို ဟန်ရေးပြခိုင်းသလို အလုပ်သမားတွေရဲ့အဆောင်တွေကို ဧည့်စာရင်း ပုံစံနဲ့သွားတယ်၊STUM အနေနဲ့ အဲ့ဒီ နှစ်မျိုးစလုံးကို ဖြေရှင်းတာနဲ့မှတ်တမ်းတင်တာ ၂မျိုး လုပ်ပါတယ်၊ တစ်ချို့ပြသနာတွေကဖြေရှင်းလို့ ရတာရှိပေမယ့်တစ်ချို့ပြသနာတွေက မှတ်တမ်းတင်ထားရပါတယ်။

Q.အမျိုးသမီးအလုပ်သမားတွေအ​ပေါ် အခွင့်အ​ရေးချိုး​ဖောက်မှုအများဆုံးက ဘယ်လိုလုပ်ငန်းခွင်​တွေပါလဲ၊ ဘယ်လိုအ​ခြေအ​နေ​တွေနဲ့ချိုး​ဖောက်ခံ​နေရပါသလဲ

A.  အများဆုံး ချိုးဖောက်ခံရတဲ့ sector ဆိုပီးဆွဲထုတ်ပြဖို့ကတော့ခက်ပါတယ်။ လာမတိုင်ဘဲ ငြိမ်ခံတတ်တဲ့ လူ့ အသိုင်းအဝိုင်းက ရှိနေဆဲပါ၊ သိရတာက အသံထွက်တဲ့ နေရာတွေလောက်ဘဲသိရတာ၊ ရှိနေမှာပါ sector အစုံမှာ အချိုးဖောက်ခံရမှု ပုံစံမျိုးစုံနဲ့၊ တရားဥပဒေ ရဲ့ အရှေ့မှာ တရားမျှတမှုရဖို့အတွက်တောင်းဆိုဖို့ အခက်အခဲ ရှိမှာပါ။ အမျိုးသမီးအလုပ်သမားတွေ အနေနဲ့ ကြုံတွေ့ရတာကတော့ နံပါတ် (၁) လုံခြုံရေး၊ နံပါတ်(၂) လုပ်ခလ စာနည်းပါးမှု၊ နံပါတ်(၃) ကတော့ GBV( Gender Based Violence-ကျား/မ အခြေပြုအကြမ်းဖက်မှု) case တွေပါ။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရတာတွေထဲမှာ GBV caseတွေ ရှိပါတယ်။Abuse လုပ်ခံရတာတွေ ကိုနားမလည်ကြတာပါ၊ပြောရရင် ကိုယ့်လက်အောက်က ဝန်ထမ်း ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့အချိုးမျိုးနဲ့ အလုပ်သမတွေ အပေါ်မှာ ကိုင်တာ၊ဖက်တာ၊သားပြော မယားပြော ပြောတာ၊မက်လုံးပေးပီး ကာမ ရယူတာအမျိုးစုံတယ်၊ ကာယကံရှင်က တရားခွင်ကို ဆက်မတက်ချင်တော့ လာပြောပြတဲ့ အဆင့်မှာဘဲပြီးသွားတယ်၊ ဆက်ပြီးတော့ ကျူးလွန်သူကို အရေးယူတဲ့အဆင့်ထိ မလုပ်နိုင်သေးတာတော့ ရင်နာရတယ်၊ တစ်ချို့ ကိုယ်ဝန်ဖျက်ချတာ တွေအထိရှိတယ် မိဘတွေကိုယ်တိုင်က မတိုင်ချင် ဘူးဆိုတော့လည်း ခံပြင်းမိတယ်။

 Q.အလုပ်သမားအခွင့်အ​ရေးချိုး​ဖောက်ခံရတဲ့အမျိုးသမီး​တွေကို​ ဘယ်လိုတွေကူညီဖြေရှင်းပေးနေပါသလဲ။

  A. ကူညီတာကတော့လိုအပ်တာကူညီပေးပါတယ်၊ အလုပ်ဖြုတ်ခံရတာဆိုရင် တစ်မျိုး၊ တရားရုံးရင်ဆိုင်ရတာဆိုရင် တစ်မျိုး၊အဆောင်ခမရှိတာ၊ နေရပ်ပြန်ဖို့ခက်ခဲတာ၊ ဥပဒေ သိချင်တာ သူတို့ ဘာလိုလို့ အကူအညီတောင်းတာလဲ၊ အဲ့ဒါကိုတွေကိုကြည့်ပြီး ကူညီဆောင်ရွက်ပေးပါတယ်။

  Q, STUM အဖွဲ့အ​နေနဲ့​ရော ဒီကာလအတွင်းမှာ အလုပ်သမားအခွင့်အ​ရေးချိုး​ဖောက်ခံရမှု ဘယ်နှစ်မှု​​ဖြေရှင်း​ပေးနိုင်ခဲ့ သလဲ။

A. အာဏာသိမ်းပြီး ၂၀၂၁ ဇန်နဝါရီကနေ ၂၀၂၄ ဧပြီ ၂၅ အထိ (၆၆၉)မှု ဖြေရှင်းပေးထားပါတယ်။ ECစာချုပ်‌ ဖောက်ဖျက်တာ၊ အနည်းဆုံးလုပ်ခလစာကိစ္စတွေ၊ ကျားမအခြေပြု အကြမ်းဖက်တာ၊ စက်ရုံပိတ်သိမ်းတာတွေပါ ဝင်ပါတယ်။

Qလက်ရှိမြန်မာနိုင်ငံကနိုင်ငံ​ရေးနဲ့စီးပွား​ရေးအ​ခြေအ​နေ​တွေ​ကြောင့် စက်ရုံအလုပ်ရုံ​တွေ ​တော်​တော်များများ ပိတ်သိမ်းတာ​တွေကြုံ​နေရ​ပြီး အလုပ်လက်မဲ့​ပြသနာ​တွေလည်းများ​လာတယ်၊ အထူးသဖြင့်အမျိုးသမီး​တွေ​ပေါ့​နော်၊ အလုပ်လက်မဲ့ ပြသနာပိုဆိုးလာမှုက ဒီအမျိုးသမီး​အလုပ်သမားတွေအ​ပေါ် ဘယ်​လောက်ထိသက်​ရောက်နိုင်ပါသလဲ။

A. အလုပ်လက်မဲ့များတယ် ဆိုပေမဲ့ အလုပ်ကမရှိတာမဟုတ်ဘူး၊ အလုပ်တွေက စက်ရုံပေါင်းစုံက ဆက်တိုက်ခေါ်တယ်၊ လုပ်ခ လစာ နည်းပါးတာ၊ အလုပ်ရှိပေမဲ့ လစာက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် တစ်ဝက်လောက်ကွာနေတော့ အလုပ်ပြုတ်တာဘဲဖြစ်ဖြစ်၊ စက်ရုံပိတ်တာဘဲဖြစ်ဖြစ် ဒီမှာဆက်မလုပ်ချင်ကြတော့ဘူး၊ လစာကောင်းတဲ့နေရာ ထွက်လုပ်ကြတာများတော့ပြည်တွင်းအလုပ်သမားအင်အားက အတော်လျော့လာပါတယ်။ အလုပ်လက်မဲ့များလာရင် အမျိုးသမီးတွေ ရရာအလုပ် ဝင်လုပ်ကြရမယ်၊ တရားဝင်တာရော၊ မဝင်တာရောပေါ့၊ တစ်ချို့က အကြွေးစနစ်နဲ့ ပြင်ပနိုင်ငံတွေမှာ အိမ်ဖော်ထွက်လုပ်မယ်၊ တဆက်တည်းမှာဘဲ လူကုန်ကူးခံရတာ တွေကြုံရလာနိုင်တယ်။

 Q,   အမျိုးသမီးအလုပ်သမား​တွေအတွက် ဘာ​တွေ လုပ်​ဆောင်​​ပေးဖို့ ၊ကူညီ​ပေးဖို့လိုအပ်မလဲရှင်။

A. အမျိုးသမီးအလုပ်သမားတွေအတွက် ဘာလုပ်ပေးဖို့လိုမလဲဆိုရင် ဘက်ပေါင်းစုံကချွတ်ခြုံကျနေတဲ့နိုင်ငံမှာက အားလုံးလိုမှာပါ။ တခုထက်မကရှိနေနိုင်ပါတယ်။

Q .    အလုပ်သမားအ​ရေးကူညီတဲ့အဖွဲ့အစည်း​တွေ အ​နေနဲ့​ရောဘယ်လိုစိန်​ခေါ်မှု​တွေရင်ဆိုင်​နေရသလဲ။

A. အလုပ်သမားရေးကူညီတဲ့အဖွဲ့တွေမှာလည်း အခက်အခဲမျိုးစုံရှိနေနိုင်ပါတယ်၊ STUM ကတော့ အလုပ်သမား ရေးကူညီတဲ့ အဖွဲ့ (Labour CSO/Labour NGO/Labour Rights Organization )အဖြစ်ရပ်တည် နေတာမဟုတ်ဘဲ၊စဖွဲ့ထဲက Union ဖွဲ့ခဲ့တာမို့ Union ပုံစံနဲ့ဘဲသွားနေပါတယ်၊ SAC မှာကုမ္မဏီမှတ်ပုံတင်ပီး project လုပ်ဖို့အတွက်ဖွဲ့ခဲ့တဲ့ အဖွဲ့မဟုတ်ပါဘူး။

Q.     အလုပ်သမား​တွေကို ကူညီ​ပေးရာမှာ​​ရော ဘယ်လို အ​နှောင့်အယှက်၊ အခက်အခဲ​တွေ ကြုံ​နေရပါသလဲ။

A.  အကူအညီပေးတဲ့အခါ ဘယ်လိုအနှောင့်အယှက်ရှိလဲဆိုတော့ လုပ်ရပ်ပေါ်မှာ ကွဲပြားပြီး ကြုံရပါတယ်၊ အတိုက်အခံ  လုပ်တာ၊ အာခံတာ မျိုးတွေကတော့အကန့်အသတ်ရှိတာပေါ့၊ ကျွန်မ တို့အနေနဲ့လဲ တိုးတိုး လုပ် ကြည့်ရတာပေါ့၊ ဒါမလုပ်နဲ့ လို့ ပြောတာနဲ့ ရပ်နေလို့ကတော့မရဘူး။ ဘယ်လောက်အထိရနိုင်လဲ တိုးကြည့်ပြီး လုပ်တယ်၊ ဒီနှစ်လဲ မေဒေး လုပ်ဖို့ ပြင်ထားတယ်၊ ဘယ်လိုအတားအဆီးတွေရင်ဆိုင်ရမလဲတော့ မသိသေးဘူး ပေါ့လေ။

 Q-  အခြားဖြည့်စွပ်​ပြောချင်တာရှိရင်​ပြေ​ပေးပါရှင်။

     တချို့သောသူတွေက ကျွန်မတို့ကို နားလည်မှူလွဲပြီး မေးကြတာ ပြောကြတာတွေကိုရှင်းပြချင်ပါတယ်။ STUM က အလုပ်သမားရေးကူညီတဲ့အဖွဲ့မဟုတ်ပါဘူး၊ Unionသာဖြစ်ပါတယ်၊ ILO ရဲ့ convation အရရော International Labour Standard အရရော ပြောရရင် တရားဝင်ရပ်တည် အလုပ်လုပ်ခွင့် ရှိရပါမယ် ။တည်ဆဲ အစိုးရ တရပ်ရပ်ဆီမှာ မှတ်ပုံသွား မတင်တာနဲ့တော့ တရားမဝင်အဖွဲ့မဖြစ်သွားပါဘူး၊STUM မှာ အခြေခံသမ ဂ္ဂတွေ၊ မြို့နယ်သမဂ္ဂတွေ၊ တိုင်းသမဂ္ဂတွေရှိပါတယ်၊ Project အတွက် ဖွဲ့ထားတဲ့ အဖွဲ့မဟုတ်ဘူးဆိုတာလေးဘဲ ထပ်ပြောချင်တာပါ၊ Project မှာက donor လိုအပ်ချက်ရှိတယ်၊ Donor က မှတ်ပုံတင်တောင်းရင် တရားဝင်ဖြစ်ဖို့ တခုခုတော့လုပ်ကြရတယ်ကျွန်မတို့က Union ဖြစ်တဲ့ အတွက် Union လုပ်ရမဲ့အလုပ်တွေကိုဘဲ လုပ်ပါတယ်။

Author:

Related Articles