Photo Essay
စိုးရိမ်ပူပန်မှု၊ ခံနိုင်ရည်ရှိမှုနှင့် ဝမ်းနည်းမှုတို့နှင့်အတူ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး၏ အနီးကပ်ပုံ
ယင်းဓာတ်ပုံသည် ဒုက္ခသည်စခန်းတစ်ခု၏ နောက်ခံကားချပ်ကိုနောက်ခံထား၍ အခက်အခဲများကြားတွင်သူမ၏ ခွန်အားကိုဖမ်းယူထားသည်။ ဤပုံသည် ပိုကြီးသောအကျပ်အတည်း၏ နောက်ကွယ်မှ ကိုယ်ရေးကိုယ်တာဇာတ်လမ်းများကိုအလေးပေးကာ အက်ဆေး၏ အသံကိုဖော်ပြနိုင်မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားရှိဒုက္ခသည်စခန်းတခု၏မြင်ကွင်း
ကျယ်ပြောလှသောတဲများနှင့် အမိုးအကာများသည်များပြားလှသော ရွှေ့ပြောင်းဒုက္ခသည်များနှင့် စခန်းများရှိ နေရေးထိုင်ရေး ခက်ခဲမှုကို မီးမောင်းထိုးပြနိုင်သည်။
ရိုဟင်ဂျာအမျိုးသမီးတစ်စုရေဗူး (သို့)ပစ္စည်းများသယ်ဆောင်ကာ လမ်းလျှောက်လာနေကြပုံ
ဤပုံသည် မကြာခဏ ကြမ်းတမ်းသောအခြေအနေများတွင် ၎င်းတို့၏မိသားစုအတွက်ရေနှင့် ထောက်ပံ့ရေးအတွက်တာဝန်ရှိသော အမျိုးသမီးများ၏ နေ့စဉ်ရုန်းကန်မှုများကို အလေးပေး ဖော်ပြနိုင်မည်။
ကျဉ်းမြောင်းတဲ့လမ်းနေရာတွေပေါ်မှာ အထုပ်အပိုးတွေဆွဲကလေးကြီး/ငယ်များနှင့်အတူဆွဲပြီးပြေးနေတဲ့ပုံ
အပြစ်မဲ့ကလေးငယ်များ၏ မျက်နှာများ၊ မိခင်၏ပင်ပန်းနွမ်းနယ်နေသည့်အမူအရာနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီးနား မလည်နိုင်တဲ့အခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ပြသနိုင်သည်။
ယာယီအမိုးအကာတစ်ခုတွင်ကလေးနှင့် မိခင်တစ်ဦး၏ ကြည်နူးဖွယ်ကောင်းသော်လည်း ဝမ်းနည်းစရာပုံ
အပြစ်မဲ့ကလေးငယ်၏ မျက်နှာများ ရိက္ခာဝေနေတာကိုယူနေတာမျိုး ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အခြေအနေပေါ် လွင်စေသည်။
ယာယီကျောင်းတက်နေသည့် ကလေးငယ်တချို့ ပုံ
ဤပုံသည် ပညာရေး၏အရေးပါမှုကိုအလေးပေးဖော်ပြပြီး စခန်းတွင်းရှိကလေးငယ်များ မိန်းကလေးများနှင့် အမျိုးသမီးများအတွက် အကန့်အသတ်ရှိသော အခွင့်အလမ်းများ ပါဝင်သည်။
လက်နက်ကြီးများကျရောက်မှု ပဋိပက္ခမြင်ကွင်းထဲကမှ အသက်ရှင်ကျန်ရစ်တဲ့အမျိုးသမီးနှင့် ပျက်စီးဆုံးရှုံးမှု အပိုင်းအစ ကြေကွဲဖွယ်မြင်ကွင်းကို ဖော်ပြနိုင်ပြီး လက်ရှိအခြေအနေကို မီးမောင်းထိုးပြနိုင်သည်။
အမျိုးသမီးများသီးသန့် ဆေးကုသမှုခံယူနိုင်သည့်ဒုက္ခသည်စခန်းတွင်းတစ်နေရာပုံ
ဤဓာတ်ပုံတွင် အကြမ်းဖက်မှု (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုမှလွတ်မြောက်သွားသော အမျိုးသမီး၊ မိခင်များအတွက် စောင့်ရှောက်မှုပေးနေတဲ့နေရာ အဆောက်အဦးပါဝင်သည်။
ပဋိပက္ခမဖြစ်မီယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရဝတ်ပြုကိုးကွယ်ခြင်းပြုနေသောအမျိုးသမီးတစ်ဦးပုံ
ဤပုံတွင် ရိုးရာ၀တ်စားဆင်ယင်မှုဖြင့် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးရဲ့ပဋိပက္ခမဖြစ်မီ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရဝတ်ပြုကိုးကွယ်ခြင်းစသည့် နေ့စဥ်လုပ်ဆောင်မှုတွင် ပါဝင်နေသည့် အမျိုးသမီးကိုပြသထားသည်။ ၎င်းသည် ဆုံးရှုံးသွားသောအရာကိုပြသသည့် ဆန့်ကျင်ဘက်နှင့် အကြောင်းအရာကို ပေါင်းထည့်ထားသည်။
စစ်ရှောင်စခန်းတွင်းတရားမျှတမှုအတွက် တိတ်တဆိတ်ဆန္ဒပြခြင်း (သို့) ထောက်ခံအားပေးနေသည့် အမျိုးသမီး တစ်စု၏ အားကောင်းသည့်ပုံ
ဤပုံသည် ၎င်းတို့၏ အခက်အခဲကိုအာရုံစိုက်ရန်နှင့် ဖိနှိပ်ခံရမှုများကြားမှ ၎င်းတို့၏အခွင့်အရေး ရပ်တည်မှုအတွက်ခံနိုင်ရည်ရှိမှုကို အာရုံစိုက်ရာအခန်းကဏ္ဍကိုပြသနိုင်သည်။
လိုအပ်ချက်များကို လက်ခံစောင့်ဆိုင်းနေသည့်အမျိုးသမီးများနှင့် ကလေးငယ်များပုံ
ဤပုံသည် မရှိမဖြစ်လိုအပ်မှုများကိုလက်ခံစောင့်ဆိုင်းနေသည့်အမျိုးသမီးများနှင့် ကလေးငယ်များကို အာရုံ စိုက် နိုင်ပြီး ဆက်လက်မှီခိုနေရမှုနှင့် စိတ်ပျက်အားငယ်မှုကို ညွှန်ပြနိုင်သည်။
မွေးကင်းစကလေး (သို့) မိခင်တစ်ဦး၏ ပြုစုစောင့်ရှောက်ခြင်းခံရသည့် မျှော်လင့်ချက်ပုံ
ရုန်းကန်နေရသော်လည်း၊ ဘဝသစ်မွေးဖွားခြင်းသည် မျှော်လင့်ချက်၊ ခံနိုင်ရည်ရှိမှုနှင့် ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ဆန္ဒ၏သင်္ကေတတစ်ခုဖြစ်သည်။
ဤဖော်ပြပါပုံတစ်ပုံစီသည် ယနေ့ မြန်မာနိုင်ငံ (ရခိုင်) ပြည်နယ်တွင်း ဖြစ်ပေါ်နေတဲ့အခြေအနေ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းများကြားတွင် ရိုဟင်ဂျာ အမျိုးသမီးများ၏ ခံနိုင်ရည်ရှိမှု၊ အားနည်းချက်နှင့် ခွန်အားတို့ကိုပုံဖော်ထားသည့် ဆောင်းပါးကောင်းတစ်ပုဒ်ကဲ့သို့ ပြောပြနိုင်မည်ဖြစ်သည်။
နေ့စဉ်မြင်ကွင်းများ၊ အခက်အခဲများနှင့် မျှော်လင့်ချက်အခိုက်အတန့်များကို ပေါင်းစပ်ထားခြင်းဖြင့် ၎င်းတို့ရဲ့ အတွေ့အကြုံ၊ အတိမ်အနက်ကို ကြည့်ရှုသူအားလုံး၏စိတ်ကိုဆွဲဆောင်သွားနိုင်ပြီး ချန်လှပ်ထားခြင်းခံနေရတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းအရာတစ်ခုချင်းစီကို မီးမောင်းထိုးပြပေးနိုင်ပါသည်။