သန့်ရှင်းထွန်း
မောင်တောမြို့ပေါ်က နီးစပ်ရာကျေးရွာတွေကို ခိုလှုံလာကြတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့မိသားစုတွေဟာအဆိုပါကျေးရွာတွေမှာ နေထိုင်စားသောက်ရေးအဆင်မပြေမှုတွေကြောင့် ဆွေမျိုးများရှိတဲ့ရွာတွေကိုပြောင်းရွေ့ နေထိုင်လာကြပါတယ်။
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးနေတဲ့ မောင်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ မြို့ခံတွေကို အာရက္ခတပ်တော် (AA)က အခုလအစောပိုင်းကစပြီး ကယ်ထုတ်နေတာဖြစ်ပါတယ်။
ကယ်ထုတ်လာတဲ့ မိသားစုဝင်တွေဟာ လတ်တလောမှာ နီးစပ်ရာကျေးရွာတွေမှာ ယာယီနေထိုင်ခဲ့ကြပေမယ့် အဲ့ဒီရွာတွေမှာ စစ်ဘေးရှောင်တွေနဲ့ ပြည့်နှက်နေတာကြောင့် နေထိုင်စရာ နေရာမရှိတာ၊ အစားအစာရှာမရတာတွေကြောင့် ဆွေမျိုးရှိတဲ့ ရွာတွေကိုပြန်လည် ပြောင်းရွေ့နေကြတာလို့ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“ဆွေမျိုးတွေရှိတဲ့နေရာမှာ စားသောက်ရေး ပိုအဆင်ပြေမလားဆိုပြီး ပြောင်းကြတာပါ။ မနေ့တည်းက ထမင်းမစားရတာနှစ်ရက်ရှိပါပြီ” လို့ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကပြောပါတယ်။
လက်ရှိမောင်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ လူပေါင်းနှစ်သောင်းကျော်ကို AA က ဘေးလွတ်တဲ့နေရာတွေကို ကယ်ထုတ်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတချို့ပေးနေပေမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးမလုံလောက်မှုတွေကြုံတွေ့နေရတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025