ခင်ဘုန်းမို့
တာလပတ်စတွေမိုးထားတဲ့အဆောက်အဦးငယ်လေးထဲမှာအပ်ချုပ်စက်တစ်လုံး၊အထည်တချို့နဲ့အတူအမျိုး သမီးတစ်ဦးအလုပ်များနေပါတယ်။
အမျိုးသမီးဟာအထည်ရဲ့ပေါက်ပြဲနေတဲ့နေရာတွေကိုဖာထေးရင်းအာရုံစူးစိုက်စွာနဲ့အလေးထားကိုင်တွယ်ချုပ် လုပ်နေတာပါ။သူချုပ်လုပ်နေတဲ့အထည်တွေကတော့ယူနီဖောင်းတွေပဲဖြစ်ပါတယ်။
ဒီယူနီဖောင်းတွေကသာမာန်ရုံးတွေကျောင်းတွေရဲ့ ယူနီဖောင်းတော့မဟုတ်ပါဘူး။ တော်လှန်ရေးမှာအရေး ပါတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းတွေပါ။
စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အမျိုးသမီးတွေဟာ နေရာပေါင်းစုံ ၊ဘက် ပေါင်း စုံကနေပါဝင်ခဲ့ကြပါတယ်။လက်ရှိအချိန်ထိလည်း တော်လှန်ရေးရဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း (၆၀)ဝန်းကျင်ရှိတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောဆိုထားပါတယ်။
အမျိုးသားတွေနဲ့တန်းတူလက်နက်ကိုင်တိုက်ပွဲဝင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းကြတဲ့အခါမှာလည်း အမျိုးသမီးတွေဟာခြေလှမ်းနောက်မကျခဲ့ပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအဖြစ်တာဝန်ထမ်းဆောင်ဖို့ စစ်သင်တန်းတွေတက်ကာ ရှေ့တန်းတိုက်ပွဲတွေ မှာတာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီးတွေရှိသလိုတပ်ဖွဲ့ရဲ့လိုအပ်တဲ့နေရာတိုင်းမှာတာဝန်ကျေတဲ့အမျိုးသမီးရဲ ဘော်တွေလည်းရှိပါတယ်။
တပ်ဖွဲ့မှာအရေးကြီးတဲ့ယူနီဖောင်းတွေစီမံရတာ၊ရှိပြီးသားယူနီဖောင်းတွေ ပေါက်ပြဲရင်ချုပ်လုပ်တဲ့တာဝန်တွေ ကို အမျိုးသမီးရဲမေတွေက တာဝန်ယူလုပ်ကိုင်ကြပါတယ်။
ဒီအထဲမှာကျောင်းသားလက်ရုံးတပ်တော်၊ဗဟိုဌာနချုပ်နယ်မြေရဲ့ကုန်ထုတ်လုပ်မှုတာဝန်ခံအဖြစ်တာဝန်ထမ်း ဆောင်နေတဲ့ရဲမေမယ်နှင်းဘုံတယောက်လည်းပါဝင်ပါတယ်။
ရဲမေမယ်နှင်းဘုံဟာစစ်အာဏာမသိမ်းခင်ကရန်ကုန်မြောက်ဥက္ကလာမြို့နယ်အထည်ချုပ်စက်ရုံတစ်ခုမှာအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။
စစ်အာဏာသိမ်းတော့ မတရား၊ဖိနှိပ်မှုတွေကို နဂိုကတည်းက ဆန့်ကျင်သူတစ်ဦးဖြစ်တာကြောင့် အလုပ်သမား သမဂ္ဂတွေစီစဉ်တဲ့ သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့တယ်။ပြောက်ကျားသပိတ်တွေမှာလည်းပါဝင်ခဲ့ပြီး ထောက် ပို့ အဖြစ်လည်းဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူတွေကို အကြမ်းဖက်၊ဖမ်းဆီးသတ်ဖြတ်တာတွေကို မြင်ရကြားရပြီး မိတ်ဆွေ၊သူငယ်ချင်းတွေ ကိုဆုံးရှုံး လိုက်ရတဲ့အခါမှာ လက်နက်ကိုင်ဖို့တွန်းအားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
“အကြမ်းဖက်စစ်တပ်က လူထုကို လက်နက်ပြချိန်းခြောက်၊ သတ်ဖြတ်မှုတွေဆက်တိုက်လုပ်လာတဲ့အတွက် ဖက်စစ်စစ်တပ်ကိုတော်လှန်ရာမှာ လက်နက်ကိုင်လမ်းစဥ်နဲ့မှပဲ တော်လှန်ရေးအောင်မြင်မယ်လို့ယုံလို့ပါ”လို့ ရဲမေ မယ်နှင်းဘုံက လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ပုံကိုပြောပါတယ်။
တောထဲမှာစစ်သင်တန်းတက်ဖို့ ဆုံးဖြတ်တဲ့အခါ ပထမဆုံးအခက်အခဲက မိသားစုက အမျိုးသမီးဖြစ်တဲ့အတွက် သဘောမတူခဲ့ပါဘူး။သူ့ရဲ့ခံယူချက်ကတော့ မိန်းမဖြစ်စေ၊ယောကျာ်းဖြစ်စေ ခေတ်ရဲ့တာဝန်ကို ထမ်းဆောင် ရ မယ်၊လက်ရှိလူ့အဖွဲ့အစည်းကသတ်မှတ်ထားတဲ့ကျား၊မမညီမျှမှုတွေကိုချိုးဖြတ်ရမယ်၊ခေတ်ရဲ့တာဝန်ကိုထမ်း ဆောင်ရင်းကျား၊မညီမျှမှုမရှိတဲ့ သတ်မှတ်ချက်တွေကိုချိုးဖြတ်ပြီး တော်လှန်ရေးတာဝန်ကို ထမ်းဆောင် မယ် ဆို တဲ့စိတ်နဲ့ ဒီလမ်းကိုရွေးချယ်ခဲ့ပါတယ်။
၂၀၂၂ခုနှစ်စက်တင်ဘာလမှာစစ်သင်တန်းတက်ရောက်ခဲ့ပြီးသင်တန်းမှာအမျိုးသားတွေနဲ့တန်းတူကြိုးစားလုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့တပ်ကပေးတဲ့လေ့ကျင့်ရေးတွေမှာ မိန်းကလေးမို့လျှော့ပေးတာ၊ ယောကျ်ားလေးမို့ပို ပေးတာ မျိုး မရှိဘူး။ မိန်းမဖြစ်စေ ယောကျ်ားဖြစ်စေ ပေးတဲ့လေ့ကျင့်ရေးတွေကို အပြည့်အဝလိုက်လုပ်ရတယ်။ ရုပ်ပိုင်းဆိုင် ရာအရအခက်အခဲအချို့တော့ရှိပေမယ့်ယောကျာ်းလေးနဲ့တန်းတူစစ်သင်တန်းတတ်ရတော့သူတို့တွေနဲ့တူတူ လိုက်လုပ်နိုင်အောင်ကြိုးစားရတယ်”လို့ပြောပါတယ်။
စစ်သင်တန်းဆင်းပြီးနောက်မှာတော့ တပ်ဖွဲ့ရဲ့လိုအပ်ချက်အရရော နဂိုကတည်းက ဝါသနာပါခဲ့ပြီး အသက်မွေး ဝမ်းကျောင်းအဖြစ်လုပ်ကိုင်ခဲ့တဲ့စက်ချုပ်ပညာကိုအသုံးချဖို့အကြောင်းဖန်လာပါတယ်။မဟာမိတ်တွေဆီမှကျောပိုးအိတ်ချုပ်နည်း သင်ယူလေ့လာခဲ့ရပါတယ်။
သူတို့တပ်မှာသယ်ယူရတဲ့လမ်းကြောင်းခက်ခဲတဲ့အတွက် ယူနီဖောင်းတွေကို အစအဆုံး ချုပ် ရတာ မဟုတ်သေး ဘဲဘပ်တံဆိပ် တပ်တာ၊စစ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တဲ့စစ်သုံးကျောပိုးအိတ် Equipment (ကျည်ဘောက် နှင့် ဗုံးသီးထည့်တဲ့အိတ်တွေပါတဲ့ အပေါ်ဝတ်) တွေ ကိုယ်တိုင်ချုပ်တယ် လို့ဆိုပါတယ်။
ဒါ့အပြင် ရဲဘော်တွေရဲ့ ပြဲသွားတဲ့ ယူနီဖောင်းတွေအပြင် ပေါ့ပေါ့ပါးပါးဝတ်တဲ့ အင်္ကျီ၊ ဘောင်းဘီတွေပြဲရင်လည်း ချုပ်ပေးဖြစ်တယ်လို့ ရဲမေ မယ်နှင်းဘုံကပြောပါတယ်။
ယူနီဖောင်းတွေကို ရဲဘော်၊ရဲမေ ခွဲခြားသတ်မှတ်ထားတာမရှိပေမယ့် ရဲဘော် ရဲမေတွေရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သင့်တော်အဆင်ပြေအောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း လုပ်ပေးရပါတယ်။
ဒီလိုယူနီဖောင်းချုပ်တဲ့တာဝန်တွေကိုတော့ ရဲမေ မယ်နှင်းဘုံနဲ့ တခြားရဲမေငါးဦးက အဓိကတာဝန်ယူချုပ်ပေးနေ ကြပါတယ်။ နောက်ပိုင်းမှာ စစ်ဦးထုပ်နှင့်ယူနီဖောင်းတွေကို ကိုယ်တိုင်ချုပ်နိုင်ဖို့အထိ ပြင်ဆင်နေပါတယ်။
“equipment စချုပ်ရမယ့် ညကအိပ်မပျော်ခဲ့ဘူး။ အသစ်အဆန်းချုပ်ရမှာရယ်၊ ရဲဘော်တွေက ကျွန်တော် တို့ ချုပ်ပေးလိုက်တဲ့ စစ်ဝတ်တန်ဆာတွေ တပ်ဆင်ပြီး ရှေ့တန်းထွက်ကြမှာဖြစ်တဲ့အတွက် တာဝန်တရပ်အနေနဲ့ထမ်း ဆောင်ဖို့ရော၊ ကိုယ့်ရဲ့ စိတ်ခံစားချက်အရရော ပျော်လွန်းပြီး အိပ်မရခဲ့တယ်”လို့အမှတ်တရ ကိုပြောပြပါတယ်။
တပ်ဖွဲ့ရဲ့ယူနီဖောင်းဆိုတာရဲဘော်တစ်ယောက်အတွက်အဓိကကျပြီးအမြတ်တနိုးတန်ဖိုးထားဝတ်ဆင်ရတဲ့အရာ လည်းဖြစ်ပါတယ်။
“ရဲဘော်တွေရှေ့တန်းထွက်တဲ့အခါ ကျွန်တော်တို့ချုပ်ပေးထားတဲ့ ကျောပိုးအိတ်တွေ၊ Equipmentတွေ ဝတ်ဆင် ထားတာတွေ့ရတော့ ကိုယ်တတ်ထားတဲ့ ပညာရပ်နဲ့ တော်လှန်ရေးကိုအထောက်အပံ့ ဖြစ်စေတာ ဝမ်းသာဂုဏ် ယူ မိပါတယ်”လို့သူကဆိုပါတယ်။
ရဲမေမယ်နှင်းဘုံလိုပဲ တပ်ဖွဲ့တစ်ခုလုံးရဲ့ ယူနီဖောင်းတွေကို စီမံပေးနေသူကတော့ ထားဝယ်ခရိုင်အမှတ်(၁) တပ် ရင်းမှာ ယူနီဖောင်း၊စစ်လက်နက်နဲ့ ချပ်ဝန်တန်ဆာဌာနမှာ တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲမေမွှေးပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတော့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတိုင်းမှာ ရဲမေမွှေးတစ်ယောက်တက်တက်ကြွကြွ ပါ ဝင်ခဲ့တယ်။ ဆန္ဒပြမှုတွေမှာပါဝင်တဲ့အတွက် နာမည်ထွက်သွားတော့ စစ်သားတွေရဲ့ဝင်ရောက်ရှာဖွေမှုကို ခံခဲ့ရ တယ်။ မိတ်ဆွေသူငယ်ချင်းတွေအိမ်၊တောထဲ၊ဘုရားတွေပေါ် ရှောင်တိမ်းနေထိုင်ခဲ့ရတယ်။ မိသားစုကိုစိတ်ပူတဲ့ အတွက် အိမ်မှာမနေနိုင်တော့ပဲထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
“မတ်လ ၁၂ ရက်နေ့ မနက်လေးနာရီခွဲမှာ ရင်ခွင်ထဲတိုးအိပ်နေတဲ့လေးနှစ်ကျော် သားငယ်လေးကို အသာလေးဆွဲ ထုတ်ပြီး နောက်ကျောကနေသိမ်းဖက်ပြီးအိပ်ပျော်နေတဲ့ ရှစ်နှစ်ခွဲအရွယ်သမီးကိုနှိုးပြီး မှာစရာရှိတာလေးတွေ တိုးတိုးတိတ်တိတ်မှာပြီး မေမေခဏလေးပဲ အခြေအနေတွေအေးရင်ပြန်လာခဲ့မယ်ပြောပြီး ထွက်လာခဲ့တယ်”လို့ ရဲမေမွှေးကပြောပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတာကို လက်နက်အားကိုးနဲ့အနိုင်ကျင့်ကြတဲ့အတွက် လက်နက်နဲ့ပြန်တိုက် ယူမှရ တော့မယ်ဆိုတဲ့စိတ်နဲ့လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ဖြစ်ခဲ့တယ်။
အခြေခံစစ်သင်တန်းတက်ပြီးတက်ထားတဲ့ စက်ချုပ်ပညာလေးနဲ့ရဲဘော်တွေကို ထမင်းချက်ကျွေးမယ်ဆို တဲ့ဆုံး ဖြတ်ချက်နဲ့ စပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၂၀ပေါင်ရှိတဲ့ ခန္ဒာကိုယ်ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တဲ့အခါမှာတော့ တော်တော်လေးခက်ခဲခဲ့ ပါ တယ်။မခံချင်စိတ်နဲ့ ဇွတ်အတင်း လက်နက်ကိုင်ချင်နေပေမယ့် အတူတူသင်တန်းတက်မယ့် ရဲဘော်ရဲဘတ်တွေ ဆရာတွေ ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးရိမ်တာရယ် သင်တန်းလိုက်မနိုင်မှာစိုးတာရယ်နဲ့ တော် တော်လေး ဆုံးဖြတ်ရ ခက်ခဲခဲ့တယ်လို့ ရဲမေမွှေးကဖွင့်ဟပြောပါတယ်။
နောက်ဆုံးသင်တန်းမှာသင်ခန်းစာလိုက်မနိုင်ရင် ထမင်းပဲချက်ကျွေးမယ်ဆိုပြီး နောက်ဆုံး ဆုံးဖြတ်ချက်အတည် ပြုလိုက်ပါတယ်။
စစ်သင်တန်းစတက်တော့ခန္ဓာကိုယ်အဝလွန်နေတာကြောင့်ဒိုက်မထိုးနိုင်တာ၊PTပြေးမနိုင်တာ၊အမောခဏခဏ ဖောက်တာ၊မူးလဲတာစတာတွေကြုံတွေ့ရပါတယ်။
“ပြင်းပြတဲ့ဆန္ဒနဲ့ခံယူချက်ကြောင့်ဆရာတွေနဲ့စီနီယာအကိုတွေအမတွေမောင်လေးတွေရဲ့ ဂရုစိုက်မှုအားပေးမှု သင်တန်းသား၊သင်တန်းသူတွေရဲ့ ဖေးမကူညီမှုနဲ့အဲဒီအခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်”လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်( ၁) တပ်ရင်း စတည်ထောင်တော့ ရဲမေမွှေး အခြေခံစစ် ပညာသင်တန်းအပတ်စဉ်(၄)သင်တန်းဆင်းပွဲအပြီးအလွန်ကြီးတဲ့ XXX ဆိုဒ်ယူနီဖောင်းတွေရောက်လာခဲ့ပါတယ်။
အဲ့ဒီအချိန်ရဲမေမွှေးလဲ တက်သည့်ပညာမနေသာဆိုတဲ့အတိုင်း ယူနီဖောင်းဆိုတာ သပ်သပ်ရပ်ရပ်နဲ့ ချပ်ချပ် ကပ် ကပ်လေးဖြစ်စေချင်တဲ့ ဆန္ဒကြောင့် စက်ချုပ်တက်တယ်၊တာဝန်ယူချုပ်ပေးချင်တယ်ဆိုပြီးခွင့်တောင်းရာကနေ ဒီနေ့အချိန်ထိ ရဲမေမွှေးတာဝန်ယူဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ရဲမေမွှေးက မတော်တဲ့ယူနီဖောင်းအသစ်တွေကို ပြုပြင်ချုပ်လုပ်တာ၊ယူနီဖောင်း အပေါက်အပြဲတွေ ၊ပုခတ်အပြဲ ၊သေနတ်ကြိုး၊ကျည်ကြိုး၊ Equipment အပြဲ၊ကျောပိုးအိတ်အပြဲတွေ ကိုအဓိကတာဝန်ယူချုပ်ပေးပါတယ်။
စက်နဲ့ချုပ်လို့မရတာတွေကိုလက်ချုပ်အပ်နဲ့ထိုင်ချုပ်ပြီးစက်ပျက်တဲ့နေတွေဆိုလက်ချုပ်နဲ့ချုပ်ပေးရတယ်လို့ ဆိုပါတယ်။
တခြားစက်ချုပ်တတ်တဲ့ရဲမေတွေလည်းဝိုင်းကူကြပါတယ်။အရမ်းကူညီချင်ပြီးစက်မချုပ်တက်တဲ့ရဲမေတွေကို လည်း ပုခက်အပြဲလေးလောက်စက်နဲ့ချုပ်နင်းတက်အောင် ရဲမေမွှေးကသင်ပေးခဲ့တယ်လို့ပြောပါတယ်။
ရှေ့တန်းကပေါက်ပြဲပြီး ပြန်လာတဲ့ရဲဘော်တွေယူနီဖောင်းတွေများနေတဲ့အချိန် စက်ပျက်တာတို့ တစ်ခါတစ်လေ အမြန်လိုတဲ့အချိန်ခေါင်းဓာတ်မီးလေးစွပ်ပြီးညလုံးပေါက်ထိုင်ချုပ်ပေးရတာမျိုးလည်းရှိတယ်လို့ရဲမေမွှေးကဆို ပါတယ်။
“ပထမဦးဆုံး အစမ်းချုပ်ပေးရတဲ့ဆရာတစ်ယောက်က သူ့ခန္ဓာကိုယ်နဲ့ကွက်တိ ချုပ်ပေးလိုက်နိုင်လို့ ငွေ ၂ သောင်း ဆုချဖူးတာကဘဝမှာစက်ချုပ်တက်ကတည်းက ပထမဦးဆုံး စက်ချုပ်ရင်းလက်ခရဖူးတဲ့အမှတ်တရမို့ ဘဝမှာ အမှတ်တရဖြစ်ဆုံးပါပဲ။ အရမ်းပျော်ရပြီးကျွန်မရှေ့ဆက်ဒီတာဝန်ယူဖို့ဆုံးဖြတ်ချက်ခိုင်မာခဲ့တယ်” လို့ရဲမေ မွှေးက တက်ကြွစွာဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ယူနီဖောင်းလောက်ငှမှုမရှိခဲ့ပေမယ့်နောက်ပိုင်းမှာတော့အဆင်ပြေ လာခဲ့ပါတယ်။လက်ရှိမှာတော့ယူနီဖောင်းတွေကိုဝယ်ယူနေပေမယ့်နောက်ပိုင်းမှာတော့ကိုယ်တိုင်ချုပ်ပေးနိုင် အောင် ကြိုးစားနေတယ်လို့ သူကဆက်ပြောပါတယ်။
“ရဲဘော်တစ်ယောက်မှာယူနီဖောင်းဆိုတာက အရေးပါဆုံးလို့ပြောရမှာပေါ့နော် ခြုံစရာစောင်၊ အဝတ်တန်ဆာ၊ အနွေးထည်တွေကလိုသလောက်သယ်သွားလို့မနိုင်ပါဘူး အဲတော့ ယူနီဖောင်းက ရဲဘော်တစ်ယောက် အတွက် အရေးပါဆုံးပါပဲ ယူနီဖောင်းတစ်စုံရှိရုံနဲ့ စောင် မပါလို့ရတယ် အနွေးထည်မပါလို့ရတယ်အဝတ်စားပိုမပါလို့ရ တယ်”လို့ယူနီဖောင်းအရေးကြီးပုံကို ရဲမေမွှေးကပြောပါတယ်။
အပ်ထည်တွေများတဲ့အချိန်မျိုးမနက်ရှေ့တန်းကထွက်ရတော့မယ်အချိန်အပ်ချုပ်စက်ကပျက်သွားတယ်ချုပ် စရာ တွေမပြီးလို့ထမင်းစားပါပျက်ရတဲ့အထိလည်းကြုံခဲ့ဖူးတယ်လို့ဆိုပါတယ်။
“တပ်ရင်းမှာကယူနီဖောင်းအသစ်တွေ၊ယူနီဖောင်းအပေါက်အပြဲတွေကိုချုပ်ပေးဖို့ကအမျိုးသမီးတွေရဲ့အခန်း ကဏ္ဍကအရမ်း အရေးကြီးပါတယ်။ ကျွန်မတို့တပ်ရင်းမှာ ယူနီဖောင်းပြဲတာနဲ့ချက်ချင်းလဲပေးဖို့ အဆင်မပြေပါ ဘူး။ ပြဲရင်ပြန်ချုပ်ရင်းဖာထေးရင်းနဲ့ပဲ ၃နှစ်တာကာလအထိ ဆွေးမြေ့နေလဲ တန်ဖိုးထားတုန်း ဝတ်ဆင်ထားတုန်း ဆိုတော့လေ စက်ချုပ်တဲ့အခန်းကဏ္ဍကအရေးကြီးတယ်”လို့ရဲမေမွှေးကခံယူထားပါတယ်။
ရဲမေမယ်နှင်းဘုံနဲ့ရဲမေမွှေးတို့နည်းတူ ရဲမေအဝိုင်းတစ်ယောက်လည်း နိုင်ရာအားဖြည့်နေသူတစ်ဦးဖြစ်ပါတယ်။
ရဲမေအဝိုင်းဟာ အာဏာမသိမ်းခင်က ရွာကျောင်းလေးမှာ Volunteer ဆရာမတစ်ယောက်အနေနဲ့ စာသင်ခဲ့ပြီး အိမ်မှာလဲကျူရှင်ပြပါတယ်။စာသင်ရင်းနဲ့ အဝေးသင်တက္ကသိုလ် ပထဝီမေဂျာ ဒုတိယနှစ်အထိ တက်ခဲ့ပါ တယ်။ အဲ့ဒီနောက်ကိုဗစ်ရောဂါနဲ့စစ်အာဏာသိမ်းမှုနဲ့ကြုံရတဲ့အတွက်ဆန္ဒပြပွဲတွေမှာရှေ့တန်းကပါဝင်ခဲ့ပြီးကျောင်းဆက်မတက်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။
ရဲမေအဝိုင်းက TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှာ အလှူငွေကောက်ခံပေးခြင်းနဲ့ အခြားလိုအပ်တဲ့ သတင်း ပိုင်းဆိုင်ရာတွေရော ရုံးပိုင်းတွေမှာရော နိုင်တဲ့နေရာကနေပါဝင်အားဖြည့်ပေးနေပါတယ်။
ရဲမေအဝိုင်းတို့မှာ မိသားစုကိုးယောက်ရှိပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက် တစ်အိမ်လုံးကိုဝင်ဖမ်းတဲ့ အတွက်မိသားစုတစ်စုလုံးတောခိုခဲ့ကြတာဖြစ်ပါတယ်။တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ကိုရဲမေအဝိုင်းရဲ့အကိုနဲ့မောင်တွေတည်ထောင်ထားတာဖြစ်ပါတယ်။
“မတရားမှုကိုမလိုလားလို့ကိုယ့်မျိုးဆက်ပဲနောက်ဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့တစ်မိသားစုလုံးပါဝင်နေတာတွေ ကြောင့်ဖြစ်ပါတယ်။စစ်သင်တန်းပြီးတာတော့မကြာသေးပါဘူး။လွန်ခဲ့တဲ့တစ်လလောက်ကမှစစ်သင်တန်းပြီး ထားပါတယ်”လို့ဆိုပါတယ်။
လက်နက်ကိုင်လိုက်လို့အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်။အချိန်ကြာလာတာနဲ့အမျှအခက်အခဲကိုအ ခက်အခဲလို့ မမြင်နိုင်တော့လောက်အောင်အထိ အကြမ်းခံနိုင်သွားတယ်လို့ ရဲမေအဝိုင်းက ဆိုပါတယ်။
“တစ်မိသားစုလုံးဆိုတဲ့ စိတ်တစ်ခုရော အပါအဝင်ပါပဲ။ မိသားစုက ကိုယ့်အတွက်အားဖြစ်စေပါတယ်။ လူငယ်ပီပီ ဒီလမ်းကိုရွေးလိုက်လို့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပြောင်းလဲသွား ပါတယ်”လို့ သူကဆက် ပြောပါတယ်။
အစားအသောက်၊အနေအထိုင် ပင်ပန်းဆင်းရဲမှုတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းကိုလည်း ပင်ပန်းမှုတွေ ကြားက သင်တန်းပြီးဆုံးအောင်တက်ရောက်ခဲ့ပါတယ်။
“တစ်နေကုန်ပင်ပန်းထားလဲ ညဆို အိပ်ချိန်က 6နာရီပဲရပါတယ်။ ကင်းတွေလဲ စောင့်ခဲ့ရပါတယ်။မနက်4နာရီထပြီး PTပြေးရတာတွေကလဲ အမှတ်တရာပါပဲ။ခရာသံကြားရင် ရင်တွေတုန်တဲ့အထိပါ ဖြစ်ခဲ့ပါတယ်။တကယ်လဲ ပင် ပန်းခဲ့ပါတယ်။ ပင်ပန်းပေမယ့်လဲ the way သီချင်းထဲကလို “ကိုယ်တိုင်ရွေးတဲ့ဒီလမ်း ကိုယ်တိုင် လျှောက် မယ့် ဒီလမ်း ဘာမှအကြောင်းပြချက် သိပ်မလိုဘူး”ဆိုသလိုပေါ့။အားတင်းရင်း ရှေ့ဆက်ရင်းနဲ့ပဲ သင်တန်း အချိန် တွေ ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်”လို့ရဲမေအဝိုင်းကပြောပါတယ်။
တော်လှန်ရေးအတွက် နိုင်ရာဝန်းထမ်းနေတဲ့ ရဲမေအဝိုင်းဟာ တပ်အတွက်လိုအပ်တဲ့ ယူနီဖောင်းပေါက်ပြဲတာတွေ အတွက်လည်းတာဝန်ယူလုပ်ကိုင်နေသူဖြစ်ပါတယ်။
“Uniform တွေရဲ့ အရေးပါပုံတွေက အများကြီးပါပဲ။ သာမန် ဝတ်စုံတွေထက် ကျွန်မတို့ရဲဘော်တွေအတွက် ယူနီဖောင်းက မရှိမဖြစ်ပါပဲ။ စစ်မြေပြင်သွားရတဲ့အခါမျိုးမှာလဲ အရေးပါပါတယ်။ ဒူးတွေ တံတောင်တွေ စတဲ့ နေရာတွေ မထိခိုက်ဖို့ဆို သာမန်ဝတ်စုံတွေနဲ့ အဆင်မပြေပါဘူး။ ဖိနပ်ဆိုလဲ ပွိုင့်မှ အဆင်ပြေ ပါတယ်” လို့ဆို ပါတယ်။
အသစ်မှာတဲ့ယူနီဖောင်းတွေကို ရဲဘော်တွေရဲ့ခန္ဓာကိုယ်အလိုက် ပြန်ပြုပြင်တာ ပေါက်ပြဲတဲ့ ဝတ်စုံ တွေကို ပြန် ချုပ်ပေးပါတယ်။ အမျိုးသမီးရဲဘော်တွေက ချုပ်ပေးကြသလိုတချို့ ရဲဘော်တွေကကိုယ်တိုင်လည်း ချုပ်ကြတယ် လို့ဆိုပါတယ်။
“စက်ချုပ်ပေးတဲ့ နေရာတင်မဟုတ်ပဲ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ တစ်ခါတစ်လေ အမျိုးသမီးတွေဆီက ရတဲ့ အကြံဉာဏ်တွေကလဲ ရဲဘော်တွေ အဖွဲ့အစည်းတွေ အတွက်အထောက်အကူ ဖြစ်ပါ တယ်”လို့ ရဲမေအဝိုင်းကဆက်ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ နိုင်ရာဝန်ထမ်းနေတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုမေ့ထားလို့မရပါဘူး။ အမျိုးသမီး ဖြစ်ခြင်းကြောင့်ဆိုတဲ့ ခွဲခြားတဲ့အယူအဆတွေကိုချိုးဖျက်ကာ အမျိုးသမီးတွေဟာ အမျိုးသားအများ စုပါဝင်တဲ့ စစ်ရေးလုပ်ငန်းတွေမှာပါဝင်နေကြပါပြီ။
အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ စစ်သင်တန်းတွေတက်တာအပြင် တပ်ဖွဲ့အတွက်လိုအပ်တဲ့နေရာ ပေါင်းစုံကနေပါဝင်အားဖြည့်လျှက်ရှိပါတယ်။
“ တပ်ဖွဲ့ဝင်တိုင်းက စစ်ဆင်ရေးပဲထွက်လို့မရဘူး။ ရှေ့တန်းမှာ စစ်တိုက်နိုင်အောင်နောက်တန်းကနေ လိုအပ်တဲ့လ ကဏ္ဍတွေကိုပြင်ဆင်ထောက်ပံ့ပေးရတယ်။တာဝန်ချထားမှု အရ သည်တာဝန်ကိုထမ်းဆောင်ရတယ်။ အခြား ကျွန်တော်တို့ရဲ့ အမျိုးသမီးရဲဘော်တွေဆိုလည်း လေ့ကျင့်ရေး ကဏ္ဍမှာ နည်းပြဆရာမတွေ ၊ထောက်လှမ်း ရေးကဏ္ဍတွေ၊ Drone စစ်ဆင်ရေးကဏ္ဍတွေမှာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး ရဲဘော်တွေ လည်းရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အမျိုးသမီး ကဏ္ဍကအရေးကြီးတယ်၊ အမျိုးသားကဏ္ဍက အရေး ကြီးတယ်လို့ပြောဖို့ထပ် တော်လှန်ရေး တပ်သားတိုင်းရဲ့ ပါဝင်မှု၊ ကြိုးစားအားထုတ်မှုတွေကပဲ အရေးကြီးဆုံး ကဏ္ဍ လို့မြင်ပါတယ်” ရဲမေမယ်နှင်းဘုံကဆိုပါတယ်။
အမျိုးသမီးတွေအနေနဲ့စစ်ရေးအပြင်ကျရာကျရာနေရာမှာတာဝန်ကျေတဲ့အတွက်အနာဂတ်တိုင်းပြည်တည် ဆောက်တဲ့နေရာမှာအမျိုးသား၊အမျိုးသမီးခွဲခြားမှုမရှိတဲ့လူအခွင့်အရေးစံနှုန်းတွေနဲ့ပြည့်စုံတဲ့နိုင်ငံတော်သစ်တခု ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။