Home Tags Posts tagged with "တော်လှန်ရေး"
Tag:

တော်လှန်ရေး

  • ကလေးတွေဟာတောတွင်းနေရာမှာပညာသင်ကြားနေတာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျန်းမာကြံခိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ခုလိုသင်ကြားပေးနေတာလို့ သူမကဆိုပါတယ်။ ကလေးတွေပျော်စေချင်တယ်။ ပျော်ရွှင်ဖို့လည်းလိုတယ်။ ပြီးတော့အဖွဲ့နဲ့ပေါင်းစည်းပြီးညီညာစွာလုပ်ဖို့လည်းလိုတယ်။ အကကအများကြီးကို သက်ရောက်မှုရှိတယ်”လို့သူမကပြောပါတယ်။

  • တော်လှန်ရေးအတွက်အားတက်သရောဆောင်ရွက်ပေမယ့်အလှူငွေရှာရခက်တာလည်းအမြဲကြုံနေရတာတွေရှိသလိုသူမတို့ကိုယ်တိုင်အလှူသွားခံတဲ့အခါမှာဆဲဆိုခံရတာ၊သူတောင်းစားလိုဆက်ဆံတဲ့လူတွေနဲ့လည်းကြုံတွေ့ရတာတွေရှိတယ်လို့ပြောပါတယ်။

  • “ ၉၆ ၉၈ မျိုးဆက်အင်အားစုတွေထဲမှာ သူ့လိုအမျိုးသမီးကရှားတယ်။ သူက နိုင်ငံရေးကို တောက်လျောက် လုပ် လာတာ အခုနွေဦးတော်လှန်ရေးအထိ တကယ်ကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လုပ်ခဲ့တယ်။ အာဇာနည်တွေ ထဲမှာဆိုရင် အမျိုးသမီး အာဇာနည်တစ်ဦးပါ။”

  • “ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ မညာတမ်း၊ မညှာတမ်းပါဝင်ပြီး အဆုံးသတ်ကြဖို့လိုတယ်။ အဲ့ဒါကြောင့် တတ်နိုင်တဲ့ဘက်က ပါဝင်ပေးဖို့ မပါရသေးရင်လည်း ခုကစပြီးပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”

  • “လေ့ကျင့်ရေးမှာ အမျိုးသား၊ အမျိုးသမီးအားလုံးအတူတူလေ့ကျင့်ရတယ်။ ဒါပေမဲ့ရှေ့တန်းလွှတ်ရင် အမျိုးသားတွေပဲ လွှတ် တယ်။ အမျိုးသမီးတွေကျတော့ အန္တရာယ်များလို့ စိုးရိမ်လို့ဆိုပြီးမလွှတ်ဘူး။ အဲ့တော့ ကျမတို့ဘယ်လောက်လုပ်နိုင်လဲဆိုတာ သူတို့မသိတော့ဘူးလေ။”

  • “ ဒီတော်လှန်ရေးကိုအရှုံးမပေးချင်လို့ လက်နက်ကိုင်တဲ့လူမှ တော်လှန်‌ရေးလုပ်တာမဟုတ်တဲ့အတွက်ကြောင့် ကျွန်မဒီဟာကို ဆက်လက်ပြီးထမ်းဆောင်နေတာဖြစ်ပါတယ်။ ထပ်ပြီးထိခိုက်မိမှာတော့စိုးရိမ်တယ်။ ဒါပေမယ့် ပြည်သူရဲဘော်အတွက်ဆိုတဲ့ စိတ်ကိုအဓိကထားပြီး တာဝန် ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။”

  • “ ကျွန်မမှာအခုဖြစ်ချင်တဲ့ ဆန္ဒပေါ့။ ဘာတွေလုပ်ချင်လဲ ဆန္ဒနှစ်ခုရှိတယ်။ ကို‌မောင်ကျော်ကို ပြန်တွေ့ရမလားဆိုတဲ့ မျှော်လင့် ချက်နဲ့ အကျဉ်းကျခံနေရတဲ့သူတွေရဲ့ ထောင်တံခါးကိုဖွင့်ပေးချင်တယ်။ အားလုံးလွတ်လပ်တဲ့လေကိုရှူရှိုက်ပြီးတော့ လွတ် လပ်တဲ့ဘဝမှာရှင်သန်စေချင်တယ်။”

  • “တော်လှန်ရေးပြီးရင်ဘာဖြစ်ချင်လဲမေးရင် ကိုယ့်အိမ်ကိုယ် အေးအေးချမ်းချမ်းနေချင်တာပဲရှိပါတယ်။”

  • ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကတော့ “မလင်းလင်းက အခုအချိန်ထိ လမ်းတွေပေါ်မှာ ဆက်လက် တော်လှန်နေဆဲ ဟစ်ကြွေးနေဆဲ အမျိုးသမီးခေါင်းဆောင်တွေထဲက တစ်ယောက်ပါပဲ။”လို့ မှတ်ချက်ပြုပါတယ်။

Newer Posts