Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၂၀ ရက်မှ ၂၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသောCDMဆရာမအပါဝင်နိုင်ကျဥ်း၂ဦးကိုချင်းပူးပေါင်းတပ်များကယ်ထုတ်

ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ရတဲ့ CDM ကျောင်းဆရာမအပါအဝင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ချင်းပူးပေါင်းတပ်ဖွဲ့တွေကကယ်ထုတ်ခဲ့တယ်လို့ တွန်ဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

CDM မူလတန်းပြဆရာမ ဒေါ်ဝုန်ဟွဲကိမ်နဲ့သူ့ရဲ့ဖခင်ကို စစ်ကောင်စီကလာရောက်ဖမ်းဆီးခဲ့ပြီးနောက်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)၊ ၅၂(က) တို့နဲ့စွဲချက်တင်ကာတွန်းဇံမြို့စစ်ခုံရုံးမှထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။

Source – Mizzima

ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဈေးလျော့ပြီး လေလံပြန်တင်ဖို့ ပြင်ဆင်

တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ဘီ လီယံ၃၀လျော့ပြီး လေလံကြမ်းခင်းစျေးသစ်ကို တင်လိုက်တာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက လက်ခံမခံကို လာမယ့် မေ ၃၁ ရက်နေ့မှာ ပြန်လည်ကြားနာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့မှာ လေလံတင် ရောင်းချဖို့ ကမာရွတ်တရားရုံးက အမိန့် ချမှတ်ခဲ့ပြီး လေလံတင် ရောင်း ချခဲ့ပေမယ့် ဝယ်မယ့်သူ မရှိခဲ့ပါဘူး။

ဒါကြောင့် ဦးအောင်ဆန်းဦးက မူလခေါ်ထားတဲ့လေလံစျေး ၃၁၅ ဘီလီယံကနေ ဘီလီယံ ၃၀ လျှော့ခဲ့တာဖြစ်တယ်။

လေလံသဘောတရားအရ အခုသတ်မှတ်လိုက်တဲ့ စျေးသစ်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်မယ်ဆိုရင် အဆင့်ဆင့် တရားရုံးတင် ကန့်ကွက်နိုင်ပါသေးတယ်။ လေလံကိစ္စနဲ့ပတ်သတ်လို့ အကျဉ်း ကျ ခံ နေ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်လောက်သိရှိထားလဲ ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ တရား ရုံးနဲ့နီးစပ်သူတဦး အဆိုအရကတော့ လေလံကိစ္စကို ဒေါ်အောင်ဆန်းစုကြည်သိရှိထားတာမရှိဘူးလို့ ပြောပါတယ်။

Source – VOA Burmese

ကျောင်းဆရာမအပါအဝင် ဒေသခံ ၇ဦးကို စစ်ကောင်စီမီးရှို့သတ်ဖြတ်ဟုဆို

စစ်ကောင်စီတပ်တွေဟာ ကျောင်းဆရာမတစ်ဦးနဲ့ ဒေသခံအမျိုးသားခြောက်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာကိုဝင်‌ရောက်စီးနင်းပြီး Yesagyo Revolution Group (YRG) စခန်းကိုလမ်းပြဖို့ခေါ်ဆောင်ပြီးနောက် ကျောင်းဆရာမတစ်ဦးနဲ့ဒေသခံအမျိုးသားတွေကိုစခန်းမှာပဲ မီးရှို့သတ် ဖြတ်ခဲ့တာဖြစ်တယ်လို့ YRG တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ကျောက်ထပ်ရွာသားတွေဖြစ်တဲ့ အသက်(၂၀)အရွယ် ကျောင်းဆရာမ ဒေါ်အေးအေးမာ၊ အသက်(၁၆)နှစ်၊ အသက်(၃၀)၊ အသက်(၅၀)၊အသက်(၅၅)နှစ်အရွယ်အမျိုးသားတွေဖြစ်ပါတယ်။

Source – Mizzima

အမျိုးသမီးရဲမေများ ပါဝင်သည့် CDF- Daai အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

အမျိုးသမီးရဲမေတွေပါဝင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဦး – ဒိုင် (CDF-Daai) ရဲ့အမှတ်စဉ် (၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မေလ (၁၅)ရက်နေ့က CDF-Daai ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီသင်တန်းမှာ ရဲဘော်အယောက် (၅၀)နဲ့ရဲမေ အယောက် (၅၀)တက်‌ရောက်ခဲ့ပြီး သင်တန်းကာလနှစ်လကြာပါ တယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဦး-ဒိုင် (CDF-Daai) ဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝစတဲ့မြို့နယ်တွေအတွင်းက ဒိုင်ဒေသမှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

Source – DVB

မြိတ်တွင် စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲခံရ၊ အမျိုးသမီးအပါအဝင် ၆ ဦးကိုဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ မြိတ်နဲ့ တနင်္သာရီမြို့နယ်တို့ရှိ ကျေးရွာနှစ်ရွာမှာစစ်ကောင်စီတပ် ရိက္ခာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်အမျိုးသမီးတဦးအပါအဝင် ဒေသခံခြောက်ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။

မေ ၂၀ ရက်နေ့ မနက်ပိုင်းက မြိတ်မှ တနင်္သာရီဖက်ကိုတက်လာတဲ့ စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတခုက လသာရွာအနီး မိုင်းဆွဲတိုက်ခိုက်ရာ မြိတ်မြို့ရှိ လသာရွာနဲ့ တနင်္သာရီမြို့နယ် ရမ်းဖိုရွာကျေးရွာတို့က အမျိုးသမီးတဦးအပါဝင် ဒေသခံ ခြောက်ဦးကို စစ်ကောင်စီတပ်က လမ်းပေါ်တွင် ရိုက်နှက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံ ခြောက်ဦးဟာ မြို့ပေါ်သို့ စျေးဝယ်ရန် ထွက်လာသူတွေ၊ ရာဘာခြံအလုပ်သမားတွေနဲ့ ကျေးရွာနေ ဒေသခံပြည်သူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – Mizzima

ကလေးမှာ မိခင်နှင့်သမီးဖြစ်သူနှစ်ဦး ဖမ်းဆီးခံရပြီး ဆိုင်ကိုပါ ချိပ်ပိတ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွပ်ချက်နဲကလေးမှာစားသောက်ဆိုင် တစ်ခုကို ချိတ်ပိတ်လိုက်သလိုဆိုင်ပိုင်ရှင်သားအမိကိုလည်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင်မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေး မြို့ခံတစ်ဦးက ပြောပါတယ်။

သူတို့ကို ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒ.က.စ) မှာ ဖမ်းဆီးစစ်ဆေးနေတာလို့ သူက ဆိုပါတယ်။

Source – RFA Burmese

ရေစကြိုမြို့ပေါ်နေ အငြိမ်းစားဆရာနှင့် ဆရာမ အသတ်ခံရမှု စစ်ကောင်စီတပ် လက်ချက်ဟုဆို

အငြိမ်းစား ကျောင်းဆရာကြီးနဲ့ ကျောင်းဆရာမကြီးကို သတ်ဖြတ်သွားသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဖြစ်တယ်လို့ ရေစကြိုပကဖက သတင်းထုတ်ပြန်ပါတယ်။

ရေစကြိုမြို့၊ အမှတ် ခုနှစ်ရပ်ကွက်၊ စာတိုက်ရုံးတောင်ဘက်မှာနေထိုင်တဲ့ အငြိမ်းစားကျောင်း ဆရာကြီးနဲ့ ဆရာ မကြီးတို့နေအိမ်ကို မေလ(၁၈)ရက်ပိုင်းက လူတစ်စုဝင်ရောက် ရှာဖွေ မွှေနှောက်ကာ ဓားနဲ့ထိုးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေစကြိုမြို့နယ်ပကဖက စုံစမ်းစစ်ဆေးခဲ့ရာ ရေစကြိုမြို့မရဲစခန်းမှ ရဲနဲ့ ခလရ ၂၅၇၊ ၂၅၈မှ စစ်သား စုစုပေါင်း ၁၃ဦးခန့်က ကျူးလွန်တာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

Source – Myanmar Press Photo  Agency

စဥ့်ကူးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သက်ကြီးရွယ်အို ဇနီးမောင်နှံထိမှန်ပြီး အဘွားအို သေဆုံး

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သက်ကြီးရွယ်အို ဇနီးမောင်နှံ ထိမှန်ပြီးဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မေလ ၂၃ ရက် ညနေက စဥ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဟင်္သာဖိုအုပ်စု၊ မြေနုကျေးရွာသို့ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မြေနုကျေးရွာနေ (၇၈)နှစ် အရွယ် အဘိုးအိုတစ်ဦးနဲ့ဇနီးသည် (၇၂)နှစ်အရွယ် အဘွားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဇနီးဖြစ်သူ အဘွားအိုမှာမူ ဒဏ်ရာပြင်းထန်ရကာ သေဆုံးခဲ့တယ်လို့သိရပါတယ်။

Source – People’s Spring

Author:

Related Articles