Home သတင်း လူငယ်တိုင်း စိုက်ပျိုးရေးရဲ့အကျိုးကျေးဇူးတွေမြင်တက်လာအောင်ကြိုးစားချင်တဲ့ တောင်သူအမျိုးသမီး

လူငယ်တိုင်း စိုက်ပျိုးရေးရဲ့အကျိုးကျေးဇူးတွေမြင်တက်လာအောင်ကြိုးစားချင်တဲ့ တောင်သူအမျိုးသမီး

ကေခိုင်

 “ကိုယ့်ဘဝအတွက်အမာခံရပ်တည်ပေးမယ့်အရာတခုလိုချင်ရင်တော့အပင်စိုက်ရမယ်ထင်တယ်”လို့ အမျိုးသမီး တောင်သူတစ်ဦးဖြစ်တဲ့ မသိင်္ဂီခင်ကပြောပါတယ်။

 ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ဇာတိဖြစ်တဲ့ အသက်  ၂၇ နှစ်အရွယ် မသိင်္ဂီခင်ဟာ မှိုစိုက်ပျိုရေး နဲ့ သီးပင် စားပင် တွေစိုက်ပျိုးနေတဲ့အမျိုးသမီးတောင်တစ်ဦးဖြစ်တဲ့အပြင်‌ဒေသခံတောင်သူအမျိုးသမီးတွေကိုဦးဆောင်ပြီးတောင် သူ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင် နေသူတဦးဖြစ်ပါတယ်။

သူကငယ်စဉ်ကတည်းကစိုက်ပျိုးရေးနဲ့မစိမ်းခဲ့ပါဘူး၊သူတို့မိသားစုကလူဦးရေများတာကြောင့်မိသားစုဝင်တွေ စားသောက်ဖို့ ဖခင်ဖြစ်သူက သီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးခဲ့တယ်။ဖခင်ဖြစ်သူစိုက်ပျိုးခဲ့တဲ့ ဟင်းသီး ဟင်းရွက် သီးနှံတွေကို  မိသားစုဝင်တွေ လုံလုံလောက်လောက်စားသောက်ရသလို ပိုလျံတာတွေကို ရောင်းချရင်းနဲ့ငယ်ဘဝ ဖြတ်သန်းခဲ့သူပါ။

သူ့ဖခင်ရဲ့ ခြံမှာကလေးသဘာဝဆော့ကစားရင်း စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဝင်ရောက်ကူညီ လုပ်ကိုင်ပေးခဲ့ပေ မယ့်တောင်သူအလုပ်ကိုတော့စိတ်မဝင်စားခဲ့။သူသိခဲ့ ကြားခဲ့ ရတဲ့ စကားတွေမှာလည်း တောင်သူအလုပ်၊ စိုက် ပျိုးရေး အလုပ်က ပင်ပန်းတယ်၊ ပညာမတက်သူတွေလုပ်ရမယ့်အလုပ်ဆိုပြီး စိတ်ထဲစွဲထင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီ့အတွက်ကြောင့် ကျောင်းစာကိုသာကြိုးစားသင်ယူရင်းတစ်နှစ်တစ်တန်းအောင်မြင်ပြီးဘွဲ့တစ်ခုရဖို့သာကြိုးပမ်း ခဲ့တယ်လို့သူကပြောပါတယ်။

“ပြောကြာတာရှိတယ်မလား၊ စာမလုပ်ချင်ရင် နင်တို့ဖင်ထဲ ရွှံ့တပိသာဝင်တဲ့အထိ အလုပ်လုပ်ရမယ်ဆိုတာတွေ၊ တက္ကသိုလ် တက်တဲ့ချိန်ထိကို ကျောင်းပြေးရင် ဆရာမတွေက နင်တို့ရဲ့အဖေအမေတွေက လယ်ထဲဆင်း ရဲပင်ပန်း ကြီးစွာ အလုပ်လုပ်ပြီးမှ နင်တို့ကိုကျောင်း ထားရတယ်၊နင်တို့က အဲ့ပိုက်ဆံတွေကိုဒီတိုင်းဖြုန်းပစ်တာ နင်တို့ မသ နား ဘူးလား၊ဆိုပြီး သူတို့က ကောင်းစေချင်လို့ ပြောပေမယ့် ကြားရတဲ့သူရဲ့စိတ်ထဲမှာ စိုက်ပျိုးရေးလုပ်တာ အရမ်း ပင်ပန်းတာ ဆိုတဲ့စိတ်ဝင်သွားတယ်”လို့ဆိုပါတယ်။

ကျောင်းပညာရေးမှာ ဓာတုဗေဓ အထူးပြုနဲ့ဘွဲ့ရပြီးနောက် Eco Youth Camp ဆိုတဲ့ ဂေဟလူငယ် စခန်းချ သင် တန်းကိုတက်ဖြစ်ခဲ့တယ်။ဒီသင်တန်းကနေ စိုက်ပျိုးရေး လုပ်ငန်းကိုဝါသနာပါခဲ့ပြီး ၊မှော်ဘီကစိုက်ပျိုးရေးခြံ တစ်ခုမှာ အခြေခံစိုက်ပျိုးရေး သင်တန်းကို ဆက်ပြီးတက်ရောက်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

 အခြေခံစိုက်ပျိုးရေးသင်တန်းတက်ခဲ့ပြီး နေရပ်ပြန်ရောက်တဲ့အခါ စိုက်ပျိုးရေးလုပ်ငန်းကို အကောင် အထည် ဖော် ဖြစ်ခဲ့တယ်။မိခင်ဖြစ်သူ အမွေပေးခဲ့တဲ့ ခြံမှာပဲ နှစ်ရှည်ပင်သီးနှံတွေစိုက်ပျိုးသလို၊ နေ့စဉ် ဝင်ငွေ ရဖို့  မှိုစိုက် ပျိုးရင်း အခြားဟင်းသီးဟင်းရွက် သီးနှံတွေကိုပါတွဲဖက်စိုက်ပျိုးတာ၊ ကြက်၊ဝက်မွေးမြူတာ တွေပါ လုပ်ဆောင် ခဲ့ပါတယ်။

 စိုက်ပျိုးရေးလုပ်ငန်း စတင်ဖို့ဆုံးဖြတ်လိုက်ချိန်က အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံ ကြည်မှုလည်း နည်းသလို၊ သူ့ကိုယုံကြည်သူတွေလည်းမရှိခဲ့တာတွေကြုံရတယ်လို့ပြောပါတယ်။

ကိုယ်တိုင်က ဓာတုဗေဒအထူးပြုနဲ့ဘွဲ့ရသူဖြစ်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းစတင်တဲ့အခါ အစကနေပြန် လေ့ လာသင်ယူခဲ့ရတယ်။စိုက်ပျိုးရေးနည်းစနစ်တွေ၊ ပိုးမွှားပြသနာ ၊အပင်တွေရဲ့ လိုအပ်ချက်တွေ ၊ဓာတုလျှော့ချ ရေး နည်းလမ်း တွေ စသဖြင့် အများပြားလေ့လာရတဲ့အခါ တခါတရံ စိတ်လျှော့ချင်တဲ့ အခိုက်အတန့်တွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

 ဒါပေမယ့် စိတ်ကို ပြန်လည်တင်းကာ အခက်အခဲ မှန်သမျှကို နားလည်တက်ကျွမ်းသူတွေထံ ချဉ်းကပ် ပြီး ဖြေ ရှင်း အကောင်အထည်ဖော်ခဲ့ရာမှာ သူ့ခြံလေးက ဟင်းသီးဟင်းရွက်အသီးအနှံ၊ နှစ်ရှည်ပင်တွေ၊ ပန်းပွင့်တွေ ဝေဝေဆာဆာနဲ့ သီးပွင့်နေကြသလို ကိုယ်တိုင်စားရုံ သာမက စီးပွားဖြစ်ရောင်းချတာတွေပါ လုပ်ဆောင်နိုင်ခဲ့ တယ်လို့သူကဆက်ပြောပါတယ်။

 “မန်းကျည်းပင်ဆိုလည်း အညွှန့်တွေ ခူးရောင်းမလား အများကြီးပဲ၊ သံပုရာသီးဆိုလည်း ဝယ်စားစရာမလိုဘူး၊ ကိုယ့်ကုန်ကျစရိတ်ကို ချွေတာမှန်းမသိချွေတာနေတာပေါ့၊ ထွက်ငွေတွေမရှိအောင်လုပ်ပေးနိုင်တယ်”လို့ ပြော ပါတယ်။

သူ့ခြံလေးက စီးပွားဖြစ် စိုက်ပျိုးရေး၊မွေးမြူရေး သာမက လူငယ်တွေနဲ့ အမျိုးသမီးတောင်သူတွေအတွက်စိုက်ပျိုးရေးနည်းလမ်းတွေ မျှဝေဖလှယ်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

မသိင်္ဂီခင်က ဒေသတွင်းက အမျိုးသမီးတောင်သူ (၂၀)နီးပါးကို ဦးဆောင်ပြီး တောင်သူတွေနဲ့အတူ လိုအပ်ချက်၊ အခက်အခဲ တွေ မျှဝေပြီး၊သဘာဝ မြေသြဇာ၊ ဘိုကာရှီ လုပ်နည်းတွေကို လုပ်ဆောင်တာ၊ တောင်သူတွေ လို အပ်တဲ့ နည်းပညာ တွေကို တက်ကျွမ်းသူတွေနဲ့ချိတ်ဆက်ပေးတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေရဲ့အခက်အခဲကိုပိုမြင်ရတယ်၊ အမျိုးသားမရှိဘဲ ရပ်တည်ရတာ၊ ကိုဗစ်ဖြစ်တဲ့ အချိန်မှာလည်းအစားအသောက်ပြသနာ အများကြီး မြင်ရတဲ့အချိန်မှာ စပြီးတော့ ထဲထဲ ဝင်ဝင် လုပ် ဖြစ်သွားတာ” လို့သူကဆိုပါတယ်။   

တောင်သူအမျိုးသမီးတွေနဲ့ စကားပြောတဲ့အခါတိုင်း တောင်သူတွေရဲ့ အခက်အခဲတွေကိုကြားရပါတယ်၊ တောင် သူ တွေက စိုက်ပျိုးကြပေမယ့်လည်း ပိုးမွှားအခက်အခဲ ၊ရာသီဉတုပြောင်းလဲမှုကြောင့် စိုက်ပျိုးထား တဲ့ အပင် တွေ ထိခိုက်ပျက်စီးတာတွေနဲ့ ငွေရေးကြေးရေးအခက်အခဲ တွေကိုရင်ဆိုင်ကြရတယ်လို့ဆိုပါတယ်။

အထူးသဖြင့်အာဏာသိမ်းပြီးနောက်ကစ စီးပွားရေးကျဆင်းမှုတွေကြောင့်ပို ကြပ် တည်း ကြတဲ့အပြင် တောင်သူ တွေ အတွက် စိုက်ပျိုးရေးချေးငွေတွေ မရရှိတော့တဲ့အခါ တောင်သူတွေမှာ စိုက်ပျိုး ဖို့ ပိုလို့ခက်ခဲကြပါတယ်။

ဒါ့အပြင် သူတို့ဒေသနဲ့အနီးဝန်းကျင်က စိုက်ပျိုးတောင်သူတွေရဲ့ သီးနှံတွေကို ဖားကန့်၊တနိုင်း စတဲ့ဒေသတွေကို အဓိက ထားရောင်းချရတဲ့အခါ နိုင်ငံရေအခြေအနေတွေကြောင့် သွားလာရခက်ခဲတာ ကြုံလာရတဲ့အချိန် အခါမျိုး ဆိုစိုက်ပျိုးသီးနှံတွေမရောင်းချနိုင်ဘဲတောင်သူတွေမှာထင်သလောက်ဝင်ငွေမရတာလည်းကြုံရတယ်လို့ဆိုတယ်

သူမစိုက်ပျိုး‌ရေးလုပ်ဖို့စတင်ချိန်မှာ ကိုဗစ်ဖြစ်တာနဲ့ တိုက်ဆိုင်နေပြီး ကိုဗစ်ကပ်ရောဂါကြောင့်လည်း တောင်သူ ဘဝက ဒီအထိခရီးပေါက်လာတာလို့ဆိုပါတယ်၊ကပ်ရောဂါကြောင့်အပြင်မထွက်ရတဲ့ကာလတွေမှာ အပင်တွေ ပို စိုက်ပျိုးနိုင်ခဲ့သလို၊ဓာတုမြေသြဇာတွေသုံးစွဲနေတဲ့တောင်သူတွေကိုလည်းသဘာဝနည်းလမ်းအတိုင်းစိုက်ပျိုးဖို့ စည်းရုံးနိုင်ခဲ့တယ်လို့ဆိုပါတယ်၊

 ”အဲ့ဒီကာလကဓာတ်မြေသြဇာတွေ လည်း စျေးမြင့်တဲ့အချိန်ဆိုတော့ စျေးကြီးပေးပြီး ဝယ်မနေနဲ့ ကိုယ်တိုင်လုပ်လို့ရတယ်။ဘာလို့သူများအားကိုးမှာလည်းအကုန်အကျခံမှာလည်းဆိုရင်းယုံကြည်မှုရလာတယ်”လို့မသိင်္ဂီခင်ကဆိုပါတယ်။

ဒါပေမယ့်တောင်သူအများစုကဓာတုဆေးဝါးတွေ ဓာတ်မြေသြဇာတွေကို သုံးစွဲနေကျဖြစ်တာကြောင့် သဘာဝ နည်းလမ်းတွေအသုံးပြုဖို့ စည်းရုံံးရတာလည်းအခက်အခဲတစ်ခုပါ။

သူနဲ့အတူ တောင်သူအမျိုးသမီး တစ်ဦးတို့ ဦးဆောင်ပြီး သဘာဝနည်းလမ်းတွေ နဲ့ လုပ်ဆောင်တဲ့အခါ ကျန်တောင် သူတွေလည်း လိုက်ပါအသုံးပြုလာကြသလို အခုချိန်ထိ လက်မခံသေးတဲ့တောင်သူတွေလည်း ရှိနေဆဲလို့ဆိုပါတယ်။

“ကိုယ်က မကောင်းပါဘူးပြောလည်း သူတို့တသက်လုံး သုံးနေကြဆိုတော့ မစွန့်လွှတ်နိုင်ဘူး၊ သြဂဲနစ်ထဲကို စုံပစ် ဝင်ပြီး လုပ်မယ်ဆိုလည်း သူတို့ပတ်ဝန်းကျင်က မလုပ်ဘူးဆိုရင် အဲ့ဒီကဝင်လာတဲ့ဆိုးကျိုးတွေက နှစ်ဆလောက် ခံရတော့လက်မခံဘူး”လို့ မသိင်္ဂီခင်က ပြောပါတယ်။

သူ့ခြံလေးကိုကလေးတွေစိုက်ပျိုးရေးပညာလေ့လာလို့ရတဲ့နေရာလေးတစ်ခုအဖြစ်လည်ဖန်တီးချင်ပြီးမြို့ပြဒေသ ကကလေးတစ်ချို့က စိုက်ပျိုးရေးနဲ့ဝေးကွာနေသလို နေ့စဉ်စားသုံး နေတဲ့ ဟင်းသီးဟင်းရွက် သီးနှံတွေအကြောင်း ၊ မြေဆီလွှာ၊ ပိုးမွှားတွေအကြောင်း မသိရှိတဲ့အတွက် အပင်တွေ မျိုးစေ့တွေ အကြောင်း သိ‌အောင် လေ့ လာ ဖို့ လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

 “အဓိကကလေးတွေကနေ ပြောင်းရမှာ၊ ကလေးတွေကနေစပြီး စိုက်ပျိုးရေးကို မြင်တက်အောင်၊ သူတို့လေး တွေကစပြီး လာကြည့်လို့ရအောင်”လို့ဆိုပါတယ်။

လက်ရှိမှာတော့ သူဉီးဆောင်နေတဲ့ အမျိုးသမီးတောင်သူအဖွဲ့နဲ့အတူ ‌ဒေသရင်းမျိုးစေ့စုစည်းထိန်းသိမ်းတဲ့ မျိုးစေ့ ဘဏ်လုပ်ဆောင်တာ၊ မြေကြီးအိမ်လုပ်ဆောင်တာ၊ ဘိုကာရှီပြုလုပ်တာတွေကို နည်းပညာတွေ မျှဝေပြီး လုပ် ဆောင်သွားဖို့ရှိ တယ်လို့ဆိုတယ်။

ကိုယ်တိုင်တောင်သူအဖြစ်အသက်မွေးဝမ်းကြောင်းပြု စိုက်ပျိုးတော့မှ စိုက်ပျိုးရေးရဲ့ အနှစ်သာရတွေကိုနား လည် သဘောပေါက်လာသလို၊ ကိုယ်စိုက်ပျိုးထားတဲ့ အပင်တွေကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ရတယ်လို့ ပြောပါ တယ်။

ဒီအတွက်လည်း သူနဲ့အနီးဝန်းကျင်က နီးစပ်တဲ့သူတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ ကောင်းကျိုးတွေ ဝေမျှသလို ကိုယ်တိုင် စိုက်ပျိုးဖို့လည်း အမြဲတစေတိုက်တွန်း‌လေ့ရှိပါတယ်။

 “စိုက်ပျိုးရေးလုပ်၊ စိုက်ပျိုးရေးက date မကုန်ဘူး၊ အမြဲတမ်းupdateဖြစ်တယ် ၊အခုမှ လုပ်ရင် မမှီဘူးထင်တဲ့ သူတွေ လည်း ရှိတော့ အပင်တပင်စိုက်ရင် ၄၅ရက်ပဲကြာတယ် စားလို့ရနေပြီဆိုတာပြောဖြစ်တယ်”လို့သူက ဆိုပါတယ်။

 စိုက်ပျိုးရေးလုပ်ဖို့ ရှက်ခဲ့တဲ့သူကနေ တောင်သူအဖြစ် ဂုဏ်ယူစွာလျှောက်လှမ်းနေတဲ့ မသိင်္ဂီခင်က စိုက်ပျိုးရေးရဲ့ ကောင်းကျိုး တွေကိုယ်တိုင် ခံစား နေရသူဖြစ်တဲ့အတွက် တောင်သူဘဝကိုကျေနပ်ပြီး၊ လူငယ်တွေ တောင်သူ အမျိုးသမီးတွေ များများ ပေါ်ထွက်စေချင်တယ်လို့ သူကဆိုပါတယ်။

 “ကိုယ်သွားနေတဲ့လမ်းကြောင်းက ကောင်းတယ်။ ကျန်းမာရေးအရကြည့်မလား၊ ငွေရေးကြေးရေးအရ ကြည့်မ လား ၊ဘယ်ကိုကြည့်ချင်လဲ သူများနဲ့တန်းတူနေလို့ရတယ် ၊ကိုယ့်ဘဝကြီးက စိတ်ကျေနပ်မှုရှိတယ်၊ဒီတိုင်း ပဲဆက် သွားမယ်လို့ သူကပြောပါတယ်။

Author:

Related Articles