သျှန်ကီခမ်း။ ။
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်လို့ပြောလိုက်လျှင် အမြင့်ပေရှစ်ထောင်ကျော်ရှိ တောင်ဇလပ်ပန်းများပွင့်ရာ တောင်ဖြစ်တဲ့ လွယ်မုဲင်းတောင်တန်းကြီးကို ပြေးမြင်မိကြမှာပါ။ မဲနယ်တောင်ခြေတစ်လျှောက်မှာ ဒေသခံများက ရှေးဟောင်းအိမ်တွေနဲ့ နေထိုင်ကြပါတယ်။
ဒေသခံအများစုဟာ တောင်ခြေရင်းမှာ နေထိုင်ကြရတာကြောင့် လယ်ယာဆိုတာမရှိပါဘူး။ တောင်ယာလုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုကြတာပါ။ ယခင်မှာ တောင်ပေါ်တွေမှာ ဘိန်းခင်းတွေနဲ့ ပြည့်နှက်နေတာပါ။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး ဗဟိုအဖွဲ့နဲ့ ကုသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မူခင်းဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းပြီး အစားထိုးသီးနှံစိုက်ပျိုးမှုကို ပြုလုပ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဒေသခံအများစုဟာ ဘိန်းအစား ထောပတ်၊ ကော်ဖီ၊ သနပ်ဖက်၊ ပန်း၊ ပန်းကော်ဖီစတဲ့ သီးနှံကုန်စိမ်းတွေ ကို စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုလာပါတယ်။ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးလာတဲ့အထဲမှာ ပန်းတစ်မျိုး ဖြစ် တဲ့ ပန်းတိမ်ငိုပန်းလည်း အပါဝင်ပါပဲ။
ပန်းထိမ်ငိုရရှိဖို့ အဆင့်လိုက်စိုက်ပျိုးရပြီး ခူးဆွတ်ရတာ အတော်လေးတော့ ပင်ပန်းလှပါတယ်။ တောင်ပေါ်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ပန်းစိုက်ပျိုးပုံကို ဆက်လက်လေ့လာကြည့်ရအောင်။
ထောပတ်ပင်၊ ကော်ဖီပင်၊ သစ်မွှေးပင်တွေကြားထဲမှာ ပန်ထိမ်ငိုပန်းတွေကို စိုက်ပျိုးထားတဲ့ပုံပါ။ မြေကွက်တစ်ကွက် တည်းမှာပဲ အပင်ပုမျိုးဖြစ်တဲ့ ကော်ဖီပင် စိုက်သလို အပင်ရှည်ဖြစ်တဲ့ ထောပတ်ပင်ကိုလည်း စိုက်ပျိုးစိုက်ပျိုးကြပါတယ်။
နှစ်ရှည်တွေကြားထဲမှာ ကျန်ရှိတဲ့ မြေအလွတ်တွေကို ပန်းတွေ၊ ကော်ဖီထုတ်၊ ကော်ဖီပန်းတွေကို စိုက်ပျိုးကြပါတယ်။ ပန်းထိမ်ငိုပန်းဟာ အနည်းဆုံး နှစ်နှစ်စိုက်မှ ဈေးကောင်းရတာပါ။ သူဟာ ဥမျိုးတစ်မျိုးဖြစ်ပါတယ်။
တောင်ပေါ်ဒေသ အမျိုးသမီးတွေဟာ မြေကိုပေါက်ပြားဖြင့် တူးဆွပြီး မျိုးစေ့ချလို့ အပင်ထွားလာပြီး အပွင့်များ ပွင့်လာပြီ ဆိုရင် ဆူးခွတ်ကြပါတယ်။
ပန်းတွေပွင့်ရင် အချိန်မီခူးဆွတ်ရပါတယ်။ အချိန်မီမခူးဆွတ်နိုင်ရင် ပန်းများနွမ်းသွားတာ တအားကြီး ရင့်သွားတာမျိုးဆို ရောင်းမရတော့ပါဘူး။ ဒါကြောင့် အချိန်မီခူးဆွတ်နိုင်ဖို့ လူဌားခေါ်ရတာတွေ ပြုလုပ်ရပါတယ်။ လူဌားရင် တစ်ရက်ကို ငါးထောင် ပေးရပါတယ်။
အဒေါ်ကတော့ ပန်းကောင်းလေးရဖို့ အပင်တွေကြားထဲကနေ လှတဲ့ပန်းကို ရွေးပြီး ခူးဆွတ်နေတာပါ။
တစ်ချောင်းချင်းစီ ခူးဆွတ်ပြီး တစ်နေရာတည်းမှာစုပြီး ပုံထားဖို့ ခေါက်တို ခေါက်ပြန် သယ်နေတာပါ။
“ တောင်တက်တော့ မောတယ်လေ” လို့ အဒေါ်က ကွမ်းတပျစ်ပျစ်နဲ့ ပြောပါတယ်။
ခူးဆွတ်ပြီး ထိုပုံစံတိုင်း မကျိုးမပဲ့အောင် ဂရုစိုက်ပြီး ထားထားရပါတယ်။
အစ်မတစ်ယောက်က ပန်းကို တစ်ပင်ချင်းစီရေတွက်ပြီး ထုတ်ဖို့ပြင်ဆင်နေတာပါ။ အပွင့်တွေကို ညီညာစွာထားပြီး ဂရုစိုက် ကိုင်တွယ်ရပါတယ်။
အပွင့်တွေ ပျက်စီးသွားတာမျိုးမဖြစ်အောင် ဆာလာအိတ်နဲ့ တုပ်ချီရပါတယ်။ တစ်ထုတ်ကို ပန်းအပွင့်ပေါင်း အပင်ပေါင်း သုံးရာထိ ထည့်ပါတယ်။ ထိုအထုပ်လိုက်အတိုင်း ပွဲစားတွေဆီမှာ ရောင်းချကြပါတယ်။
ပန်းပွင့် ၁၀ ပွင့် တစ်စည်းဆိုရင် မြန်မာငွေကျပ် ၄၀၀ သာ ရရှိပါတယ်။ လူတစ်ဦးက ၈ နာရီကနေ ညနေ ၄ နာရီထိ တစ်နေကုန် ခူးဆွတ်ရင်တော့ တစ်ရက်ကို အပင်ပေါင်း သုံးရာလောက်တော့ ရပါတယ်။
ယခင်အာဏာမသိမ်းခင် ကုန်ဈေးနှုန်းတွေမတက်ခင်မှာ တစ်စီးကို နှစ်ရာ၊ သုံးရာသာရတာပါ။ အာဏာသိမ်းပြီး နောက်ပိုင်း မှာတော့ တစ်စည်းကို ငါးရာထိရခဲ့ပါတယ်။ အာဏာမသိမ်းခင်မှာ တခြားကုန်ဈေးနှုန်းတွေလည်း မတက်တာကြောင့် တစ်စီး နှစ်ရာဖြင့် ရောင်းရပေမယ့် စားဝတ်နေရေးအတွက် အဆင်ပြေခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီး ပန်းဈေးနှုန်းက တက်လာပေမယ့် တခြားကုန်ပစ္စည်းတွေက ပိုမိုတက်တာကြောင့် စားဝတ် နေရေးကို ချွေတာစွာစားသောက်နေရပါတယ်။
“ ပန်းဖိုးက ဈေးကောင်းရပေမယ့် ခါတိုင်းလေးသောင်းခွဲပေးရတဲ့ ဆန်တစ်အိတ်က အခုတစ်သိန်းကျော်တယ်လေ ဘာမှ မထူးဘူး” လို့ အဒေါ်က ညီးတွားပြောပါတယ်။
တောင်ယာအလုပ်ကလွဲလျှင် တခြားအလုပ်လည်း မလုပ်ကိုင်တတ်တာကြောင့် ကုန်ဈေးနှုန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အသက်မွေးဝမ်းကြောင်းအရ ဆက်လုပ်သွားမယ်လို့ အဒေါ်က ဆိုပါတယ်။