အမျိုးသမီးများကို ဖခင်ကဖြစ်စေ၊ ခင်ပွန်းကဖြစ်စေ၊ စောင့်ရှောက်ရမည်၊ အကာအကွယ်ပေးရမည်ဆိုသည့် အယူအဆမှ ဇနီးနှင့်သမီးများကို ဆုံးမခွင့်၊ ပဲ့ပြင်ခွင့်ရှိသည်ဟု ယုံမှတ်မှားမှု အားကောင်းလာပြီး အစဉ်အလာ အရ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည်။
အိမ်တွင်းအကြမ်းဖက်မှုများမှာ များသောအား ဖြင့် ထိုသဘောတရားကို အခြေခံပြီး အမျိုးသားများက အမျိုးသမီးများအပေါ် ကိုယ်ထိလက်ရောက်ရိုက်နှက် အကြမ်းဖက်မှုများကို လုပ်ရိုးလုပ်စဉ်အဖြစ် လုပ်ဆောင်လာကြခြင်းဖြစ်သည်။ တဖက်တွင်လည်း လူမှုအသိုင်း အဝိုင်းအနေဖြင့် တရားမျှတမှုရှိစေရန် လုပ်ဆောင်ပေးရမည့်အစား “လင်နဲ့မယား၊ လျှာနဲ့သွား” “အရိုးကွဲ အောင်ရိုက်မှ အသည်းစွဲအောင်ချစ်” “ကြားသုံးကြားမဝင်နဲ့” စသောဆိုရိုးစကားများကိုသာ ခေတ်အဆက် ဆက် လက်ကိုင်ထားပြီး အားပေးအားမြှောက်လုပ်ကြခြင်းဖြင့် ယနေ့အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ခေါင်းစဉ်အောက်မှ အိမ်တွင်းအကြမ်းဖက်မှုပြဿနာသည် မြန်မာနိုင်ငံ၏ ဥပဒေပြုရေးနှင့် တရားမျှတရေး စားပွဲ ပေါ်သို့ မေးခွန်းထုတ်မှုအပြည့်ဖြင့် ရောက်ရှိလာသည်။
ထိုအခြေခံစဉ်းစားမှုများမှ အမျိုးသမီးများကို အကာအကွယ်မဲ့သူ၊ အကူအညီမဲ့သူ၊ အားနွဲ့သူများအဖြစ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်၍ရသည်ဆိုသည့်အမြင်အထိ ရောက်ရှိလာသည်ကို နိုင်ငံတော်အဆင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များကို လေ့လာကြည့်လျှင် တွေ့မြင်နိုင်သည်။ ကာအိန္ဒြေဖျက်ဆီးမှု၊ လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ ကာမလိမ်လည်မှု၊ မုဒိမ်းမှုစသော စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် ရာဇဝတ်မှုများကိုကြည့်လျှင် နောက်ကွယ်မှ အမျိုးသမီးများကို အနိုင်ကျင့်ခွင့်ရှိသည်ဟူသော ထင်မှတ်မှားမှု များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
စစ်ပွဲများတွင် အကြမ်းဖက်ခံကြရသော အမျိုးသမီးများ၏ဖြစ်စဉ်များကို ပြန်လေ့လာလျှင်လည်း အမျိုးသမီးများ အပေါ် အနိုင်ကျင့်ခွင့်ရှိသည်ဆိုသည့်အမြင်နှင့်အတူ စစ်သားများမှ လုပ်ဆောင်သည့် လိင်အကြမ်းဖက်မှု၊ မုဒိမ်း မှုတို့သည် စစ်အနိုင်ရရေးအတွက် တဖက်နှင့်တဖက် စိတ်ဓာတ်ရေးရာအရ ထိုးနှက်သည့်သဘောဖြင့် လုပ် ဆောင်သောနည်းလမ်းတစ်ခုလည်း ဖြစ်နေတတ်သည်။ နိုင်ငံတကာရှိ စစ်ပွဲများတွင် အမျိုးသမီးများသည် ထို သို့အဖြစ်ဆိုးများနှင့် ရင်ဆိုင်ကြရသဖြင့် စစ်ပွဲအတွင်း အမျိုးသမီးများကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတ ကာ သဘောထားများ၊ သဘောတူညီချက်များ ထွက်ပေါ်လာခြင်းက သက်သေပြနေသည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)သည် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံ တကာ သဘောတူညီချက်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ဆယ်စုနှစ်ပေါင်း(၇၀)ကျော် လက်နက်ကိုင် ပဋိပက္ခနှင့် စစ်ပွဲများကြားမှ တိုင်းရင်းသူအ မျိုးသမီးများ၏ ဘဝဖြတ်သန်းမှု မှတ်တမ်းမှတ်ရာများသည် အသွင်ကူးပြောင်းရေးကာလတရပ်တွင် ခိုင်ခိုင်မာ မာထွက်ပေါ်လာဦးမည်မှာ သေချာသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး လိုအပ်ချက် များကြားတွင် နှစ်ဖက်စစ်ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်နေရုံဖြင့် ပြည်သူလူထုမှ လိုအပ်နေသော တရား မျှတမှုများ အလိုအလျောက်ရရှိလာမည် မဟုတ်ပေ။ ဤကဲ့သို့ မဆောင်ကျဉ်းပေးနိုင်လျှင် စစ်မှန်သော ဒီမို ကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသော အစိုးရတစ် ရပ်ပေါ်ထွန်းရေးဆိုသည်လည်း အိတ်ပေါက်နှင့် ဖားကောက်ရန်ပြင်ဆင်သကဲ့သို့သာ ဖြစ်နေပေမည်။ ယခုကဲ့ သို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြပ်အတည်းဖြစ်နေချိန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အစပြန်ကောက်နေရချိန်၊ အပစ်မရပ်နိုင်သေးသော ဒေသများတွင် လူထုအပေါ်သက်ရောက်မှုကြီးသောစစ်ပွဲများ တကျော့ပြန်လည်လာ ချိန် မိမိတို့အနေဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ အပြီးတိုင် တိုက်ဖျက်ရေးအိပ်မက်ကိုတော့ မဆုံး နိုင်အောင်သာ ဆက်မက်နေကြရပေဦးမည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021