ဟင်္သာတမြို့နဲ့ မနီးမဝေးမှာရှိတဲ့ နိဗ္ဗာန်ကျေးရွာအုပ်စုက အမျိုးသမီးအများစုဟာ နေ့စားအလုပ်တွေနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
စက်မှုလယ်ယာစိုက်ပျိုးရေးစနစ် မထွန်းကားမီာလကတော့ လယ်ယာပိုင်ဆိုင်မှုမရှိကြတဲ့ အမျိုးသမီး တွေဟာ ကောက်စိုက်ခြင်း၊ ကောက်ရိတ်ခြင်း စတဲ့နေ့စားအလုပ်တွေနဲ့ ဝမ်းရေးကို ဖြေရှင်းကြရပါတယ်။
စက်မှုလယ်ယာစနစ် ထွန်းကားပြီးနောက်ပိုင်း ငွေကြေးတတ်နိုင်သူ လယ်ပိုင်ရှင်တွေအနေနဲ့ စက်ယန္တရား တွေကို ပိုမိုအသုံးပြုလာတဲ့အခါမှာတော့ နေ့စားအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးသမီးတွေ ဟာ အလုပ်လက်မဲ့တွေ ဖြစ်လာကြပါတယ်။
အချို့က ဟင်္သာတမြို့အပါအဝင် အခြားမြို့နယ်တွေမှာ သွားရောက်လုပ်ကိုင်ကြသလို အချို့ကတော့ လယ် ကွင်းအနီးအနားက အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးရောင်းပြီး နေ့တဓူဝ စားဝတ်နေရေးကို ဖြေရှင်းကြပါတယ်။
မြွေဟောက်၊ မြွေပွေးတို့လို အဆိပ်ပြင်းတဲ့မြွေတွေ ပေါများတဲ့အတွက် ဟင်းသီး ဟင်းရွက်ရှာရင်း၊ လယ်တောထဲဆင်းရင်း ပိုးထိပြီး သေဆုံးသူတွေလည်း များတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံအမျိုးသမီးတွေကတော့ ရွာရဲ့မနီးမဝေးမှာ လုပ်ကိုင်စားသောက်နိုင်မယ့် အလုပ်အကိုင်၊ အခွင့် အလမ်းတွေကို အစိုးရက ဖန်တီးပေးဖို့ မျှော်လင့်နေကြပါတယ်။
- စစ်ပဋိပက္ခတွင်း အုပ်စုလိုက် လိင်အကြမ်းဖက်ခံရသူတဦးရဲ့ ဒုက္ခ - 27/07/2020
- ရဲရဲတောက် သံမဏိနှလုံးသားပိုင်ရှင် ဒေါ်ဝင်းမြမြ - 25/07/2020
- အမျိုးသမီးရေးလှုပ်ရှားသူတွေ ညံ့သေးတယ် - 11/06/2020