စစ်ပဋိပက္ခတွင်း အုပ်စုလိုက် လိင်အကြမ်းဖက်ခံရသူတဦးရဲ့ ဒုက္ခ
“ညီမဘ၀ ပျက်သလိုမျိုး နောက် နောင်လာသားသမီးတွေ ရခိုင်အမျိုးတွေ၊ သမီးတွေ အစ်မတွေ၊ ညီမတွေ ဒီလိုမျိုး မကြုံဖူးရအောင်ဆိုပြီး ညီမဆုံးဖြတ်ပြီး တိုင်လိုက်တာ။”
This author has not written his bio yet.
But we are proud to say that Mal Lun contributed 9 entries already.
“ညီမဘ၀ ပျက်သလိုမျိုး နောက် နောင်လာသားသမီးတွေ ရခိုင်အမျိုးတွေ၊ သမီးတွေ အစ်မတွေ၊ ညီမတွေ ဒီလိုမျိုး မကြုံဖူးရအောင်ဆိုပြီး ညီမဆုံးဖြတ်ပြီး တိုင်လိုက်တာ။”
“နောက်ဆုတ်မှတော့ နိုင်ငံရေးဆိုတာ ဘာလုပ်ဖို့လဲ။ ကြောက်စရာတွေ ကောင်းလာမှ ဖိအားတွေ များလာမှ မလုပ်တော့ပါဘူးဆိုရင်တော့ နိုင်ငံရေးဂုဏ်သိက္ခာက ရစရာမရှိတော့ဘူးလေ။
အခွင့်အရေးနဲ့ပတ်သက်ရင် တာဝန်ခံမှုမရှိတဲ့ ခေတ်စနစ်၊ အစိုးရအဆင့်ဆင့်မှာ ပုံမှန် နေသားတကျ ကြီးပြင်းလာသူတွေအနေနဲ့ အခြေအမြစ်မရှိတဲ့ လက်ခံယုံကြည်မှုတွေ အမြစ်တွယ်နေတာ မထူးဆန်းပါဘူး။
“ဘာမှမလိုချင်ပါဘူး ကျမရဲ့မူလအတိုင်းတော့လိုချင်တာပေါ့။ ဆုံးသွားတဲ့ သားတွေကိုတော့ လိုချင်တာပေါ့။ ဒါပေမဲ့ မကျေနပ်ရင်လည်း ဘယ်လိုလုပ်လို့ရမှာလဲ။ မရသင့်တဲ့ အရာတွေကို ကျမ မတောင့်တတော့ပါဘူး။ သားသမီးတွေ အတွက်တော့ လိုအပ်တာပေါ့။ ကျမဒါမျိုးတွေပြောရင် ကျမ မျက်ရည်ကျပါတယ်”
မင်္ဂလာနံနက်ခင်းပါလို့ မခံစားရလေအောင် အိပ်ရာကနိုးတာနဲ့ ပထမဆုံးကြားသိရတဲ့သတင်းတွေထဲမှာ “မုဒိမ်းမှု”ဆိုတာမပါတဲ့မနက်ခင်း မရှိသလောက်ဖြစ်နေတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းဟာ မုဒိမ်းမှုကို ယဉ်ပါး လာပြီလို့ ဆိုနိုင်ပါတယ်။
ဟင်္သာတမြို့နဲ့ မနီးမဝေးမှာရှိတဲ့ နိဗ္ဗာန်ကျေးရွာအုပ်စုက အမျိုးသမီးအများစုဟာ နေ့စားအလုပ်တွေနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
အချိန်အားဖြင့် ည(၈)နာရီခန့်ရှိပြီဖြစ်ပေမယ့် ပတ်ဝန်းကျင်ဟာ လှုပ်ရှားသက်ဝင်နေဆဲဖြစ်ပါတယ်။ တောင်စောင်းတွေပေါ်မှာရှိနေတဲ့ လူနေရပ်ကွက်တလျှောက်က ထမင်းဆိုင်၊ စားသောက်ဆိုင်တွေထဲမှာ လက်ဖက်ရည်သောက်ပြီး တီဗွီကြည့်နေသူ၊ ထမင်းစားနေသူ၊ ဆေးလိပ်သောက်နေသူ အမျိုးသားတွေနဲ့ ပြည့်နှက်စည်ကားနေပါတယ်။
မယ်လွန်း။ ။ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရဲ့ တောင်ပေါ်ကျေးရွာတရွာဖြစ်တဲ့ ငူသွဲလဲကယားကျေးရွာမှာ အမျိုးသမီး အများစုဟာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ တောတောင်ရှုခင်း၊ တောင်ယာစိုက်ခင်းတွေနဲ့ လှပပေမယ့် ရေရှားပါးလွန်းတဲ့ဒဏ်ကို မိုးရာသီကလွဲပြီး နှစ်စဉ်နှစ်တိုင်းမှာ ကြုံတွေ့နေကြရပါတယ်။ တောင်ယာလုပ်ငန်းအပြင် အိမ်တွင်းအလုပ်တွေကိုပါ အဓိကတာဝန်ယူရတဲ့ ကယားအမျိုးသမီးတွေရဲ့ နေ့တဓူဝအလုပ်တွေထဲမှာ ရှားပါးလှတဲ့သောက်သုံးရေရရှိဖို့ နေ့စဉ် ရေခပ်ရတဲ့ တာဝန်ကလည်း မသေးပါဘူး။ အမျိုးသားတွေလည်း ဝိုင်းဝန်းကူညီခပ်ပေးကြတာရှိပေမယ့် အများစုမှာ အမျိုးသမီးတွေသာ အဓိက တာဝန်ယူကြရပါတယ်။ အရင်က သောက်သုံးရေရရှိဖို့အတွက် ရွာကနေ ၁-၂ နာရီကြာ ဝေးကွာတဲ့နေရာကို သွားရောက်ပြီး ရေခပ် ကြရပေမယ့် အခုေတော့ ရွာအနီးက ဂူငယ်လေးတခုကို ရှာဖွေတွေ့ရှိပြီးနောက်မှာ မိုးတွင်းကာလက ဂူထဲ အောင်းနေတဲ့ ရေအကြွင်းအကျန်တွေကို သုံးရေအဖြစ် တရွာလုံး အသုံးပြုလာခဲ့ပါတယ်။ ရေအနည်းအကျဉ်းသာဖြစ်လို့ တရက်တာ […]
မယ်လွန်း။ ။ သစ်ပင်တွေအုံးဆိုင်းနေတဲ့ ခဲခင်းလမ်းတနေရာမှာဖြစ်ပါတယ်။ ပါတိတ်ထမီ ခပ်လတ်လတ်ကို ဝတ်ဆင်ထားပြီး ပလိုင်းလေးကို စလွယ်သိုင်းလွယ်ထားတဲ့ အမျိုးသမီးကြီး တဦးဟာ စတီးလ်လက်ကိုင်တုတ်ဟောင်းကို လက်တဖက်တချက်စီ အားပြုကိုင်ရင်း ခြေထောက်တဖက် တည်းနဲ့ မညီညာတဲ့ လမ်းကျဉ်းလေးအတိုင်း တရွေ့ရွေ့လျှောက်လာနေပါတယ်။ “ကိုယ်လုပ်လိုက်တာနဲ့ ပြန်ရလိုက်တာ မတန်ဘူး” နေ့စဉ်ဝင်ငွေအတွက် တောထဲမှာ ဝ, ဥရှာရင်း မိုင်းနင်းမိလို့ ခြေထောက်တဖက် ပေးလိုက်ရတဲ့ အသက် (၆၀) အရွယ် ဒေါ်အုန်းမြင့်က ပြောလိုက်တာပါ။ “ငါတိုသွားပြီ.. ငါဒုက္ခိတဖြစ်ပြီဆိုပြီး သူများတွေလာကြည့်ရင် ငိုတယ်။ သူများတွေက ပြောတယ် မငိုနဲ့၊ တော်သေးတယ်၊ ခြေထောက်ပဲထိလို့၊ မျက်စိမဖြစ်လို့ တော်သေးတယ်ပေါ့။ မျက်စိဖြစ်ရင် လုံးလုံးကန်း သွားပြီ၊ ဘာမှမလုပ်တတ်တော့ဘူးလေ” လို့ သူမက ပြောပါတယ်။ မုန်းဒေသမှာ ဒီလိုကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူက ဒေါ်အုန်းမြင့်တယောက်တည်း […]
အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။