







မယ်လွန်း။ ။
လွန်ခဲ့သော ၂၀၀၄ ခုနှစ်မှ စတင်ကာ ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော အထက်ပေါင်းလောင်း ဆည် စီမံကိန်းကြောင့် ဆည်အနီးတဝိုက် နေထိုင်ကြသော ကျေးရွာပေါင်း (၂၃)ရွာသည် ၂၀၁၃ ခုနှစ်တွင် သတ်မှတ်ထားသော လျော်ကြေးငွေများဖြင့် ပေါင်းလောင်းဒေသရှိ အခြားရေလွှတ်ရာသို့ နေရာပြောင်း ရွှေ့ခဲ့ကြရသည်။ ပြောင်းရွှေ့ခံရသော ကျေးရွာများထဲတွင် ကယန်းလူမျိူးများမှာ လူနည်းစုဖြစ်ကြသည်။
စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် ပြောင်းရွှေ့ခံရသူ ရွာသူရွာသားများသည် နေရာသစ် တွင် အိမ်ဆောက်ရန် မြေတကွက်၊ အိမ်တလုံးနှင့် လျှပ်စစ်မီး ရရှိကြသော်လည်း အများစုမှာ စိုက်ပျိုးမည့် မြေနေရာမရှိသည့်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးကာ အစာရေစာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
ရွာအများစုမှာ လုံးဝရေအောက်ရောက်သွားခဲ့ပြီး ရေမမြုပ်သော်လည်း ရေလွှမ်းမိုးနိုင်ချေရှိသောကြောင့် ပြောင်းရွှေ့ခံခဲ့ရသည့် လုံကဲကျေးရွာမှ ကယန်းလူမျိုးများလည်း ထိုအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးခဲ့ကြသည့် ကယန်းအမျိုးသမီးများသည် နေ့တဓူ၀ ဟင်းစား ရရန် အတွက် ရွှေ့ပြောင်းရွာသစ်မှ ရွာဟောင်းရှိရာသို့ စက်လှေဖြင့်လည်းကောင်း၊ စက်လှေစရိတ် အသွားအပြန် ကျပ်(၄၀၀၀)မပေးနိုင်သူအဖို့ ခြေလျင်ဖြင့် အသွားအပြန် (၄ – ၅)နာရီကြာသွားရကာ အလေ့ကျပေါက်သည့် ဟင်းရွက်များ၊ ငါးများ ရှာဖွေပြီး ရာင်းစားခြင်း၊ အိမ်နီးနားချင်းများသို့ ဝေမျှယူခြင်းများ ပြုလုပ်ကြသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021