Home ဓါတ်ပုံ အက်ဆေး “မျှတသော အလုပ်ချိန်၊ ရှင်သန်စရိတ် လုပ်ခ” အတွက် တောင်းဆိုခဲ့ကြသော ရန်ကုန်မြို့ အလုပ်သမားထု၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား

“မျှတသော အလုပ်ချိန်၊ ရှင်သန်စရိတ် လုပ်ခ” အတွက် တောင်းဆိုခဲ့ကြသော ရန်ကုန်မြို့ အလုပ်သမားထု၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား

အခမ်းအနားတက်ရောက်လာသော စက်ချုပ်ရုံမှ အလုပ်သမားအမျိုးသမီးများ
အခမ်းအနားတက်ရောက်လာသော စက်ချုပ်ရုံမှ အလုပ်သမားအမျိုးသမီးများ
အခမ်းအနားတက်ရောက်လာသော စက်ချုပ်ရုံမှ အလုပ်သမားအမျိုးသမီးတစ်ဦး
အခမ်းအနားတက်ရောက်လာသော စက်ချုပ်ရုံမှ အလုပ်သမားအမျိုးသမီးများ
အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ စာရွက်စာတမ်းများ ဖြန့်ဝေပေးစဉ်
အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ စာရွက်စာတမ်းများ ဖြန့်ဝေပေးခဲ့သည်။
အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ စာရွက်စာတမ်းများ ဖြန့်ဝေပေးခဲ့သည်။
အရပ်ဖက်အဖွဲ့အစည်းများမှ စာရွက်စာတမ်းများ ရယူရန် တန်းစီစောင့်ဆိုင်းနေသော အလုပ်သမားများ
အရပ်ဖက်အဖွဲ့အစည်းများမှ စာရွက်စာတမ်းများ ရယူရန် တန်းစီစောင့်ဆိုင်းနေသော အလုပ်သမားများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်အိရွှေဇင်ညွှန့်မှ အမှတ် တရ စကားပြောကြားစဉ်
မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂)၊ ဒေါ်သွယ်ဇင်တိုးမှ အမှတ်တရစကား ပြောကြားစဉ်
အလုပ်သမားများမှ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေစဉ်
လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ပညာပေး သရုပ်ဖော်ပြဇာတ်ကို တင်ဆက်နေစဉ်

မယ်လွန်း။              ။

ယနေ့ မေလ (၁)ရက်နေ့တွင်ကျရောက်သော (၁၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အလုပ်သမားသမဂ္ဂများနှင့် အရပ်ဖက်လူမှုအဖွဲ့အ စည်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ စက်ရုံအသီးသီးများ အလုပ်သမားများ ထောင်ကျော် တက်ရောက်ခဲ့ကြသည်။ တက်ရောက်သူအများစုမှာ အမျိုးသမီးအလုပ်သမားများဖြစ်ကြသည်။ အခမ်းအ နားတွင် အစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များမှ အမှတ်တရစကားပြောခြင်းနှင့် အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ သရုပ်ဖော်ပြဇာတ် များ၊ သီချင်းများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးမှုဆိုင်ရာ သရုပ်ဖော်ပြဇာတ်များကို တင်ဆက်ခဲ့ကြသည်။ ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် အဓိကအားဖြင့် မျှတသောအလုပ်ချိန်နှင့် လုံ လောက်သော လုပ်ခလစာ ရရှိရေးအတွက် အလုပ်သမားများမှ တောင်းဆိုခဲ့ကြသည်။

Related Articles