







ကောကော်။
ကယားပြည်နယ်အတွင်းရှိ ရိုးရာဓလေ့ကို သက်ဝင်ယုံကြည်ကြသော ကယားလူမျိုးစုတို့သည် မင်္ဂလာ ဧည့်ခံပွဲမတိုင်ခင် တရက်အလိုတွင် ဆွေမျိုးများကို ဖိတ်ကြားကာ သတို့သမီးနှင့် သတို့သားတို့၏ အနာဂတ် အတွက် ရှေးလူကြီးများက ဝက်ကလီစာဗေဒင်ဖြင့် ဟောပေးကြသည်။ သတို့သမီးနှင့် သတို့သားတဖက်စီ က ဆွေမျိုးဧည့်သည်အရေအတွက်အပေါ် မူတည်ပြီး ဝက်ကို သတ်ကြရသည်။
ဝက်ပေါ်သူ(ဝက်ကိုလှီးဖြတ်သူ) သီးသန့်ရှိကာ သတို့သမီးနှင့် သတို့သားအတွက် တိုင်တည်ပြီး ဝက်ကလီ စာ၊ ဝက်အသဲများကို ဗေဒင်ကြည့်ကြသည်။ ဝက်အသဲနှင့် ကလီစာများ အနာအဆာမရှိ၊ လတ်လတ် ဆတ်ဆတ်ဖြစ်နေလျှင် အိမ်ထောင်ကို ထိန်းသိမ်းနိုင်ခြင်း၊ လုပ်ငန်းများအောင်မြင်တိုးတက်နိုင်ခြင်းတို့ ဖြစ်လာမည်ဖြစ်ပြီး မွေးဖွားလာမည့် သားသမီးများလည်း ကြီးပွားတိုးတက်မည့် အလားအလာများရှိသည်ဟု ဆိုကြသည်။
ထို့နည်းတူ သတို့သားအတွက်လည်း ဝက်၏ အသဲကလီစာများကိုထုတ်ကာ အနေအထားကို ကြည့်ပြီး လုပ်ကိုင်လေရာ လုပ်ငန်းများနှင့် အိမ်ထောင်သာယာနိုင်ခြင်း အခြေအနေတို့ကို ဟောပြောပေးကြသည်။ ဝက်၏ ခန္ဓာကိုယ်ကျောကုန်းပေါ်တွင် အလွှားလိုက် ဦးခေါင်းအထိ လှီးဖြတ်ထားပြီး သတို့သမီးနှင့် သတို့ သားတို့၏ မိဘများက ဝက်လည်မှ အပေါ်အဆီကျောကုန်းအထိ အတူတူလှန်ကြရသည်။ ဦးခေါင်းအရေပြား လှန်သည့်အခါ အနေအထားမှားခြင်း၊ လှန်နည်းမမှန်ခြင်းတို့ဖြစ်ပါက အိမ်ထောင်ထူထောင်ကြမည့် သားသမီးများ အဆင်မပြေဖြစ်တတ်သည်ဟု မှတ်ယူကြသည်။
သတို့သမီးနှင့် သတို့သားတို့မိဘများမှာ ဝက်အရေခွံမလှန်ခင်တွင် ဝက်ပေါ်သူကို ငွေသား (၅၀၀၀)ကျပ် အခကြေးငွေအဖြစ် အရင်ပေးမှသာ အရေခွံလှန်ခွင့်ပြုသည်။ ကိစ္စများပြီးချိန်တွင် ဝက်အကောင်ကို အတုံး သေးများဖြစ်အောင် ခုတ်ကြပြီး လာသမျှဧည့်သည်၊ ဆွေမျိုးတို့ကို အိမ်ပြန်လက်ဆောင်အဖြစ် တယောက် တတုံးစီ ပေးကာ ကယားထမင်းထောင်းများနှင့် ကယားခေါင်ရည်တို့ကို တိုက်ကျွေးလေ့ရှိကြပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021