ကောကော်။ ။
“တဂျောက်ဂျောက်”အသံများထွက်ပေါ်နေသော အဆောက်အဦတခုတွင် အမျိုးသမီးငယ်လေးများသည် လက် နှစ်ဘက်ကို ရှေ့တိုးနောက်ဆုတ် စည်းဝါးတိုက်ထားသကဲ့သို့ လှုပ်ရှားနေပြီး သူမတို့၏အာရုံများကို ရောင်စုံချည် လွန်းများတွင် စူးစိုက်ထားသည်ကို တွေ့ရသည်။ သစ်သားနှင့် ပြုလုပ်ထားသော ယက်ကန်းစင်များရှိသည့် ထို ယက်ကန်းရုံမှာ စက်ရုံတခုဟုဆိုသော်လည်း ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများနှင့်တော့ ခြားနားနေပေသည်။
လက်ယက်ကန်းရုံသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် (၁၈)မိုင်ခန့်ဝေးသော “ကျားမသောက်ကျေးရွာ”၏ မြို့ပြင် တနေရာရှိ “ရွှေကျား” လက်ယက်ကန်းရုံဖြစ်ပြီး ရခိုင်အမျိုးသမီး (၇၀)ဦးဖြင့် လွန်ခဲ့သော ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဒေသခံအမျိုးသမီးများနှင့် လူငယ်များသည် အလုပ်အကိုင်ရှားပါးမှုကြောင့် နေရပ်ဒေသမှ စွန့် ခွာသွားကြကာ ရန်ကုန်နှင့်အခြားမြို့ကြီးများသို့ ရွေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက် အလုပ်လုပ်ကိုင် ကြရသဖြင့် ယခုလိုလက်ယက်ကန်းစက်ရုံကို တည်ထောင်ရခြင်းဖြစ်သည်ဟု စက်ရုံပိုင်ရှင်ဖြစ်သူ ဒေါ်မာမာအေး က သူမ၏ရည်ရွယ်ချက်ကို ပြောပြသည်။
“ကျမတို့ရခိုင်က အဆင်းရဲဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အနောက်ကျဆုံးပြည်နယ်ဖြစ်နေတယ်။ အလုပ်အကိုင်လည်း အရမ်းကို ရှားပါးတော့ သူများဒေသမှာသွားပြီး အလုပ်သွားလုပ်ကြရတယ်။ ဒုက္ခအမျိုးမျိုးကိုလည်း ရင်စီးပြီးခံရ တယ်။ အဲဒါတွေကို ကျမအနေနဲ့ ဘယ်လို ကူညီထောက်ပံ့နိုင်မလဲဆိုပြီး အုတ်တချပ်၊ သဲတပွင့်အနေနဲ့ ပါဝင်လို့ရ အောင် ဒီလက်ယက်ကန်းစက်ရုံကို ထောင်တာပါ῎
ယက်ကန်းခတ်သည့်ပညာကို ဆရာများနှင့် စနစ်တကျ အခမဲ့သင်ကြားပေးကာ အလုပ်သမများအနေဖြင့် ယခု ယက်ကန်းရုံတွင် အလုပ်မလုပ်တော့လျှင်လည်း သူတို့၏ဒေသများတွင် တနိုင်လက်ယက်ကန်းလုပ်ငန်း ဆက် လက်လုပ်နိုင်ပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အဆင့်ရောက်သည်အထိ ကူညီသွားမည်ဟု ဒေါ်မာမာအေးက ပြောသည်။
“လူသားတွေရှိနေသမျှ အဝတ်အထည်ဆိုတာ မရှိလို့မဖြစ်ဘူး၊ အထည်အလိပ်ကဏ္ဍက ကျယ်ပြန့်တယ်၊ နက် ရှိုင်းတယ်၊ ဒါတွေကို ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ပုံဖော်ထိုးဖောက်နိုင်ရင် သူတို့တွေအတွက် အောင်မြင်နိုင် တယ်ဆိုတာကို မျှော်လင့်ပြီး မျိုးဆက်သစ်တွေအတွက် လုပ်ပေးသွားမှာပါ” ဟု ဒေါ်မာမာအေးက သူမ၏ ယက် ကန်းပညာလက်ဆင့်ကမ်းသွားမည့် စိတ်ကူးကို ပြောပြသည်။
ရခိုင်ပြည်နယ်၏ အခြားဒေသများထက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော စစ်တွေမြို့တွင် လုပ်ငန်းတည် ထောင်ထားသောကြောင့် မိဘဆွေမျိုးများနှင့် သိပ်မဝေးသော ကိုယ့်ဒေသအတွင်းတွင်ပင် အလုပ်လုပ်ရသည့် အတွက် ပိုမိုအဆင်ပြေသည်ဟု သူမက ပြောသည်။
῝ပြီးတော့ ဒီမှာက နေမကောင်းလို့ အလုပ်နားချင်လည်း ရတယ်၊ ဥပုဒ်နေ့ဆို ပိတ်ပေးတယ်၊ အခါကြီးရက်ကြီး၊ တနင်္ဂနွေဆိုလည်း ပိတ်ပေးတော့ သူတို့လည်း အိမ်ပြန်လို့ရတာပေါ့ ῎ဟု ပြောပြသည်။
῝တခြားစက်ရုံမှာဆိုရင် နေမကောင်းရင် လစာဖြတ်တယ်။ ဒီမှာက အဖြတ်မခံရဘူး၊ ကျန်းမာရေးကြောင့် နေမ ကောင်းရင် အိမ်ပြန်လို့ရတယ်။ နေကောင်းလို့ ပြန်လာရင် ကိုယ့်အထည်ကိုယ် ပြန်ခတ်လို့ရတယ်῎ဟု ရွှေကျား ရခိုင်လက်ယက်ကန်းမှ ရခိုင်ရိုးရာအထည်များကို လက်နှင့်ဒီဇိုင်းပုံဖော်ပေးသော အလုပ်သမားတာဝန်ခံ မခိုင်ရည် မွန်စိုးကလည်း လက်ယက်ကန်းစက်ရုံ၏ အခြေအနေကို ပြောပြသည်။
လက်ယက်ကန်းစက်ရုံမှထုတ်လုပ်သော ရိုးရာအထည်များကို နိုင်ငံတကာအဆင့်အထိ ထိုးဖောက်နိုင်ရန် ရည် ရွယ်ထားသည်ဟု ဒေါ်မာမာအေးက သူမ၏မျှော်လင့်ချက်ကြီးမားပုံကိုလည်း ပြောပြသည်။
သို့သော် သူမအတွက် ကြီးမားသောစိမ်ခေါ်မှုမှာ စက်ရုံအတွက် နည်းပညာနှင့် ရင်းနှီးမြှပ်နှံမှုပဲဖြစ်သည်။ နည်း ပညာအတွက် တဖြည်းဖြည်းသင်ယူသွားမည်ဖြစ်ပြီး ယခုလည်း မြန်မာပြည်တွင်ပင် သင်ယူလျက်ရှိကာ ပစ္စည်း ကိရိယာများကို မြန်မာပြည်ထဲမှပင် မှာယူလျက်ရှိသည်ဟု ပြည်တွင်းဖြစ်ကို အသုံးပြုလည်ပတ်နေသော အခြေ အနေကို လည်း ရှင်းပြသည်။
῝အခုအသုံးပြုနေတဲ့ ယက်ကန်းပစ္စည်းတွေက ရခိုင်ဒေသမှာ ဘာမှမရှိဘူး၊ ရွှေဘိုအမရပူရဖက်ကနေ မှာရတယ်῎
ယက်ကန်းတွင် အသုံးပြုရန်အတွက် နှစ်(၈၀)ချည်များကို အိန္ဒိယမှ မှာယူကာ စက်ပစ္စည်းသစ်သားများကိုတော့ အထက်မြန်မာပြည်၊ ရွှေဘိုဘက်မှ မှာယူရရှိသည်။ အထည်ပေါ်တွင် အပွင့်အခက်ဒီဇိုင်းများကို လက်နှင့် ပုံဖော်ရ သည့်အတွက် လက်ဝင်ပြီး ဝမ်းဆက်တစုံကို အနည်းဆုံး(၃)ရက်အထိ ယက်လုပ်ရကာ အပွင့်တပွင့်ကို (၄၅) မိနစ်ခန့်အချိန်ပေးရသည်။
စက်ရုံမှ ယက်ကန်းအလုပ်သမတဦးဖြစ်သည့် မခိုင်ဇာအေးက စက်ရုံအတွင်းမှာပင် အဆောင်နေပြီး အလုပ်လုပ်ရ သူဖြစ်သည်။ သူမသည် တတိယတန်းအထိသာ ပညာသင်ကြားခဲ့ရပြီး တခြားနေရာတွင် အလုပ်လုပ်ပါက သူမ အတွက် နေစရာအခက်အခဲရှိသည်ဟု ဆိုသည်။ ပြည်တွင်းလုပ်ငန်းရှင်နှင့် အလုပ်အတူတွဲလုပ်ရသည့်အတွက် လည်း ယခုနေရာသည် သူမအတွက် ပိုမိုအဆင်ပြေသည်ဟု ပြောသည်။
῝ကျမတို့ အလုပ်လုပ်နေတဲ့အချိန်မှာ ကျန်းမာရေးကြောင့် တခုခုဖြစ်ရင် အဆောင်မှာ ပြန်နားနေလို့ရတဲ့အတွက် အဆင်ပြေတယ်၊ စိတ်ချမ်းသာတယ်။ ကျမကြားဖူးတာက တခြားမြို့ကြီးစက်ရုံတွေမှာဆို ကိုယ့်အထက်ကခေါင်း ဆောင်တွေ ဆူတာဆဲတာရှိတယ်၊ အခုက အလုပ်ရှင်ကိုယ်တိုင်က ဆေးခန်းပြပေးတယ်၊ လစာလည်း မဖြတ်ဘူး῎
ယက်ကန်းပိုင်ရှင် ဒေါ်မာမာအေးသည် အလုပ်သမတွေအပေါ် သူမ၏စီးပွားဖက်အဖြစ်သာ သဘောထားပြီး အလုပ်ကျွမ်းကျင်သော ဝန်ထမ်းမရှိလျှင် အောင်မြင်သောအလုပ်ဆိုတာ မဖြစ်လာနိုင်ဟု သူမယုံကြည်ချက်ကို ပြောပါသည်။
῝ကျမစက်ရုံမှာဆိုရင် အလုပ်ရှင်နဲ့အလုပ်သမား စိတ်ဓာတ်မထားစေချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းတခု ဖြစ်ဖို့ အလုပ်သမားတွေမရှိရင် မဖြစ်ဘူး၊ ရင်းနှီးမြှပ်နှံတဲ့သူတွေက ဘယ်လောက်ပဲ အရင်းအနှီးရှိရှိ ဒီအလုပ် သမားတွေ မရှိရင် အလုပ်လုပ်လို့ မရဘူး῎
ရန်ကုန်မြို့မှ အထည်ချုပ်စက်ရုံများတွင် စက်ရုံအလုပ်သမားများ မကြာခဏဆန္ဒပြမှုများရှိလာပြီး လုပ်ခလစာ မလောက်ငှခြင်း၊ အကြောင်းမဲ့အလုပ်ထုတ်ခြင်းများ၊ အလုပ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ မရရှိခြင်း၊ အလုပ်သမားများ၏ အခွင့်အရေးများကို အလုပ်ရှင်မှ မလိုက်နာခြင်းတို့ကြောင့် ဖြစ်သည်။
ရခိုင်ဒေသတွင် ရခိုင်အမျိုးသမီးအများစုမှာ အိမ်တွင်းလက်ယက်ကန်းအလုပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ ဒေသအတွင်းနည်းပညာကို အကောင်အထည်ဖော်ပေးနိုင်သူရှိပါက စက်ရုံ၊ အလုပ်ရုံများကို ပိုမိုဖွင့်လှစ်လာနိုင်မည်ဖြစ်ပြီး ဒေသခံအမျိုးသမီးလူငယ်များသည် တနယ်တခြားသို့ ရွေ့ပြောင်း အလုပ်လုပ်ရန် မလိုတော့ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။
῝လက်ရှိမှာက ကျမတို့ဆီမှာ အမျိုးသားလူငယ်တွေဆို နိုင်ငံခြားကို အလုပ်ထွက်လုပ်နေကြတယ်၊ အမျိုးသမီးတွေ ဆိုလည်း ရန်ကုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေဆီ သွားအလုပ်လုပ်နေကြတော့ လူငယ်တွေဆိုတာ ရှိကို မရှိကြ တော့ဘူး῎
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသမီး လုပ်သားများမှာ စိန်ခေါ်မှုများကို ပိုမိုရင်ဆိုင်ကြရပြီး အမျိုးသားများထက် ပိုမိုနည်းပါးသည့်လုပ်အားခကို ရရှိကြ သည်ဟု ဖော်ပြထားသည်။ ရခိုင်လူ့အဖွဲ့အစည်းအတွင်းတွင် အလုပ်အကိုင်ရရှိရေးအတွက် အမျိုးသမီးများသည် အမျိုးသားများထက်ပိုပြီး ပြည်နယ်မှထွက်ခွာနေကြရသလို ပြည်နယ်အတွင်းမှ အမျိုးသားများ ရွေ့ပြောင်းထွက်ခွာ မှုများကြောင့် ကျန်ရှိခဲ့သော အမျိုးသမီးများက လုပ်ငန်းတာဝန်များကို ပိုမို ထမ်းဆောင်နေကြရသည်။
ကာလကြာရှည်စွာ တည်ငြိမ်အေးချမ်းမှု မရှိခြင်းနှင့် အကြမ်းဖက်မှု အခြေအနေများ၊ အလုပ်အကိုင်အခွင့်အ လမ်းကင်းမဲ့သည့်အခြေအနေများကြောင့် ပြည်နယ်အတွင်းရှိ ရခိုင်နှင့် အခြားလူမျိုးများသည် မိမိတို့၏နေရပ်ကို စွန့်ခွာပြီး တခြားဒေသများသို့ ထွက်ခွာသွားခြင်းကြောင့် ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီးတွင် အလုပ်သမား ရှားပါးမှု ပြဿနာကို ပေါ်ပေါက်စေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်နယ်အတွင်းရှိ ပညာတတ်များ၊ လုပ်ငန်းကျွမ်းကျင်ပြီး အတွေ့အကြုံရှိသည့် လုပ်သားအင်အား များသည်လည်း တခြားအရပ်များသို့ သွားရောက်ပြီး အလုပ်အကိုင် ရှာဖွေကြခြင်းကြောင့် ပြည်နယ်အတွင်းတွင် ဦးနှောက်ယိုစီးမှု ပြဿနာ (Brain Drain) ကိုပါ ရင်ဆိုင်နေကြရကြောင်း ရခိုင်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်း များ၏ တင်ပြမှုများလည်းရှိနေသည်။
ရခိုင်ပြည်နယ်တွင် လုပ်သားအင်အားခန့်ထားနိုင်သော လုပ်ငန်းကဏ္ဍများသည် အခြားပြည်နယ်နှင့် တိုင်းဒေသ ကြီးများထက် နည်းပါးနေသေးသည်။ ပြည်နယ်အတွင်း အစပျိုးတည်ထောင်စဖြစ်သော အထည်ယက်လုပ်ငန်း စက်ရုံများကို အစိုးရအနေဖြင့် တိုးချဲ့ပေးမည်ဆိုပါက ပြည်နယ်အတွင်းရှိ လူငယ်များအားလုံးအတွက် အသက် မွေးဝမ်းကြောင်း အခွင့်အလမ်းသစ်များ ပိုမိုပေါ်ထွန်းလာမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021