Home သတင်း ပထမဆုံး မြန်မာအမျိုးသမီးသတင်းသမားများကွန်ယက် ဖွဲ့စည်း

ပထမဆုံး မြန်မာအမျိုးသမီးသတင်းသမားများကွန်ယက် ဖွဲ့စည်း

Group

ကချင်မလေး (ရန်ကုန်)။                ။

မြန်မာအမျိုးသမီးသတင်းသမားများ၏ အကျိုးကို ထမ်းဆောင်ရန်အတွက် မြန်မာအမျိုးသမီးသတင်းသမားများ ကွန်ယက်ကို သြဂုတ်လ (၁) ရက်နေ့က ရန်ကုန်မြို့တွင် ဖွဲ့စည်းလိုက်သည်။

အနယ်နယ် အရပ်ရပ်မှ ပုံနှိပ်ထုတ်ဝေသည့် သတင်းတိုက်၊ ရုပ်သံ၊ အွန်လိုင်းမီဒီယာများမှ အမျိုးသမီးသတင်း ထောက် စုစုပေါင်း (၈၀)ကျော်ဖြင့် မြန်မာအမျိုးသမီးသတင်းသမားများ ကွန်ယက်တည်ဆောက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာမီဒီယာလောကတွင် အမျိုးသမီးသတင်းသမားဦးရေ များပြားလာသော်လည်း ထိုသူများအတွက် သီးသန့် အနေဖြင့် လုပ်ဆောင်နေမှုများမှာ နည်းပါးနေခြင်းကြောင့် ယခုလိုကွန်ယက်တခုလိုအပ်ကြောင်းကို အလုပ်ရုံ ဆွေးနွေးပွဲလုပ်ငန်းကော်မတီ မအိမ့်ခိုင်ဦးက ပြောပါသည်။

အမျိုးသမီးသတင်းထောက်တွေရဲ့ ကိုယ်ပိုင်ရပ်တည်ချက်အသံတွေနဲ့ အခွင့်အရေးများကို အတူတကွ တောင်းဆိုနိုင်ဖို့၊ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောဆိုပြီး သတင်းသမားအချင်းချင်းကူညီနိုင်ဖို့ ဆုံရပ်တခုခုရှိသင့်တယ်

အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိအမျိုးသမီးသတင်းသမားများ ရင်ဆိုင်နေရသောအခက်အခဲ၊ ခွဲခြားဆက်ဆံခံ ရမှုနှင့် စိန်ခေါ်မှုများကို အချင်းချင်းနှီးနှောဆွေးနွေးဖလှယ်တင်ပြခဲ့ကြသည်။

 

Daw Yin Yin Thein

Daw Yin Yin Thein

အမျိုးသမီးသတင်းထောက်များသည် လိင်အပေါ်အခြေပြုပြီး ခွဲခြားဆက်ဆံမှု(Gender Based Violence) များကို ရင်ဆိုင်နေရပြီး သတင်းတိုက်အတွင်း အမျိုးသားနှင့်အမျိုးသမီး သတင်းထောက်များအား လိုက်လံရယူ စေသောသတင်းပုံစံများမှအစ ခွဲခြားခံနေရသည်ဟု အမျိုးသမီးသတင်းထောက်များက ပြောသည်။ ဥပမာ- အမျိုးသမီးသတင်းထောက်များကိုမူ ကြော်ငြာသတင်းများ၊ စီးပွားရေးသတင်းများနှင့် အနုပညာအခန်းကဏ္ဍ သတင်းများကိုသာ ရေးသားစေခြင်းမျိုးကို ဆိုလိုသည်။

သတင်းသမားများလိုအပ်သော စွမ်းရည်မြှင့်သင်တန်းများစေလွှတ်ရာတွင်လည်း အမျိုးသမီးများ စေလွှတ်မှု နည်းပါးခြင်း၊ အမျိုးသမီးများသည်မီးဖွားခွင့်၊ အိမ်ထောင်ရှိသူများမှာလည်း မိသားစုအရေးကြောင့် ခွင့်ရက်ယူမှု များခြင်းကြောင့် ရာထူးတိုးစာမေးပွဲများဖြေဆိုခွင့်မရှိခြင်း၊ အမျိုးသမီးများ၏မီးဖွားခွင့်ရက်များသည် အစိုးရသတ် မှတ်ချက်အတိုင်းမရှိပဲ တိုက်များ၏မူပေါ်လစီအရ ခွင့်ရက်တိုခြင်းများရှိနေသည်။ ရုပ်သံသတင်းကြေညာသူများ မှာလည်း အိမ်ထောင်ကျပြီးနောက်ပိုင်း ထိုအလုပ်မှ ရပ်စဲခံရမှုများလည်း ရှိနေကြောင်းသိရသည်။

အမျိုးသမီးသတင်းသမားများသည် သတင်းတိုက်များ၏ ပုံစံချရာမှစပြီး သတင်းလိုက်၊ သတင်းရေးသားပြီး အချိန်အထိ အခက်အခဲများစွာ ရင်ဆိုင်ရကြောင်းကို (၅)နှစ်တာသတင်းထောက်အတွေ့အကြုံရှိသူ ပြည်သူ့ အရေးဂျာနယ်မှ မော်လေးက ပြောပြသည်။

ဆန္ဒပြပွဲတွေမှာ သတင်းသွားယူတဲ့အချိန်တွေမှာဆိုလည်း အမျိုးသားတွေက ကျမတို့ညှာတာတာမျိုးမရှိဘူး၊ သူ တို့ကလည်းသတင်းယူရတာဆိုတော့ သူတို့နဲ့အပြိုင် သတင်းယူရတဲ့အခါတွေမှာ ခက်ခဲတယ်။ ဒီလိုယူနိုင်ဖို့ လည်း ယောကျ်ားလေးတွေထက် ပိုပြီးပြင်ဆင်ရတယ်

ရေးသားပြီးသော သတင်းများကို အယ်ဒီတာများတည်းဖြတ်ရာတွင်လည်း အယုံကြည်မရှိသလို မေးခွန်းများသေချာလို့လားဆိုပြီး ထပ်ခါထပ်ခါမေးတာမျိုးမေးမြန်းခံရမှုများရှိကြောင်းပြောပါသည်။

သွားလာမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုမရှိခြင်းနှင့် ပတ်ဝန်းကျင်မှ သတင်းထောက်အမျိုးသမီးများအပေါ် မြင်သည့် အမြင်များကြောင့် သတင်းသမားအမျိုးသမီးများအတွက် အဟန့်အတား၊ မလုံခြုံမှုမျိုးကို ၂ဆဖြစ်စေကြောင်း လည်း မော်လေးကပြောသည်။ သတင်းပေးတဲ့သူတွေကလည်း အများဆုံးက အမျိုးသားများဖြစ်နေတယ်ကိုယ်တွေ သတင်းမေးတဲ့အခါ ဟုတ်လားဆိုပြီး လူကို ဟိုပုတ်၊ ဒီပုတ်လုပ်တာမျိုးခံရတယ်၊ ခံရတဲ့အပြင် ပတ် ဝန်းကျင်က နင်ကသွားမေးတာကို ခံရမှာပေါ့ဆိုတာမျိုး ဒါကအမှန်မဟုတ်ပေမယ့်လည်း လုပ်ပိုင်ခွင့်လို့ မြင် ကြပြန်တယ်

သတင်းဌာနတခုမှ အဖြစ်အပျက်တခုကို မော်လေးက အခုလို အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို နယ်ကို သတင်းသွားလိုက်ခိုင်းတယ်၊ တည်းခိုစာရိတ်ကို လုံလောက်စွာ မထောက်ပံ့ပေးတဲ့အတွက် အခန်း()ခန်းကို ၂ယောက်အတူအိပ်ရတယ်သူတို့၂ယောက် ဘယ်လိုပင် ဘာမှမဖြစ်ဘဲ အိပ်ခဲ့သည်ဟု ပြောပါစေ၊ ပတ်ဝန်း ကျင်မှ ဝေဖန်ပုတ်ခတ်မှုများစွာ ခံရကြောင်းပြန်ပြောင်းပြောပြသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ လျှပ်တပြက်ဂျာနယ်သတင်းထောက်တဦးဖြစ်ခဲ့ပြီး လက်ရှိတွင် အလွတ် သတင်းထောက်ဖြစ်သည့်ဒေါ်ယဉ်ယဉ်သိန်းမှ အမျိုးသမီးသတင်းထောက်တဦးဖြစ်သည့်အတွက် သတင်းရေး သားဖော်ပြမှုကြောင့် ခြိမ်းခြောက်ခံရမှု၊ အသရေဖျက်မှု၊ မဟုတ်မမှန်စွတ်စွဲမှုများရှိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ တိုင်တန်းခဲ့သော်လည်း တရားမျှတမှုမရခဲ့ကြောင်းပြောပြသည်။

အရင်အစိုးရက ဌာနဆိုင်ရာတွေနဲ့ပေါင်းလုပ်စားနေတဲ့ မီဒီယာသမားတွေက မဟုတ်တာတွေ လုပ်ခဲ့တာ တွေရှိတယ်၊ ဒေသတွင်းမှာဖြစ်နေတဲ့ သတင်းအမှန်တွေကို ဖော်ပြနေတော့ သူတို့က အစ်မကို ဟန့်တားချင်ကြ တယ်

 “သူတို့အေကြာင်းတွေပေါ်မှာစိုးလို့၊ အစ်မက သူတို့အတွက် ခလုတ်ကန်သင်းဖြစ်နေတာဆိုတော့ အစ်မကို သတင်းမရေးနိုင်အောင်ရှင်းပစ်ချင်တော့၊ သတင်းချစ်သူဆိုတဲ့အကောင့်နဲ့ အစ်မက မဟုတ်မမှန် သတင်းဖြန့် တယ်ပေါ့လောလောလတ်လတ်ဖြစ်နေသည့် အဖြစ်အပျက်လေးကိုအစ်မက မီဒီယာဗန်းပြပြီး အလှူခံနေတာ၊ ငွေတောင်းစားနေတယ်ဆိုပြီး နာမည်တပ်ပြီးစွတ်စွဲတယ်၊ အစ်မမလုပ်တဲ့အတွက် အစ်မကိုယ်ကျင့်တရားကို ထိခိုက်တယ် ဒါကြောင့် တရားဥပဒေကနေပြီး ဖြေရှင်းပေးဖို့ တိုင်တယ်ပြောပြပါသည်။

Daw Nan Phyu Phyu Lin

Daw Nang Phyu Phyu Lin

သူမအနေဖြင့် အဆိုပါအမှုကို (၂၃)ရက်၊ ဇူလိုင်လတွင် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ပုဒ်မဖြင့် အင်းတော်ရဲ စခန်းသို့ သွားရောက်တိုင်တန်းခဲ့သည်။ သို့သော် ရဲစခန်းမှ အချိန်ဆွဲမှုရှိပြီး သူမအား အစ်မအမှုက ဖြစ်နိုင် လို့လား၊ တရားခံရှာပေးနိုင်လား၊ တရားခံဘယ်သူပါလို့ ပြနိုင်သလားဆိုပြီး မေးမြန်းမှုတွေသာ ရင်ဆိုင်နေ ပုံသတင်းချစ်သူအကောင့်ဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့ကလည်းဆိုတာလည်းသိတယ် ဒါပေမယ့် ဒီကောင် ပါဆိုပြီး နားရွက်ဆွဲလက်ဆုပ်လက်ကိုင်ပြလို့မရတာလို့ပြောပါသည်။

လက်ရှိမီဒီယာဥပဒေသည်ပင်လျှင် ထိထိရောက်ရောက် အကာအကွယ်ပေးမှုမရှိဘူးလို့ သူကဆိုပါသည်။

အလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် လက်ရှိမြန်မာနိုင်ငံရှိအမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း အသီးသီးနှင့် လက်ရှိပူးပေါင်းလုပ်ဆောင်နေသော စွမ်းရည်မြှင့်သင်တန်း၊ မူဝါဒလုပ်ငန်းစဉ်နှင့် ၂၁ပင်လုံ(သို့) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွင် အမျိုးသမီးများလှုပ်ရှားဆောင်ကိုလည်း CARE MYANMAR NGO အဖွဲ့အကြံပေးအရာရှိနန်းဖြူဖြူလင်းမှ မိတ်ဆက်ဆက်တင်ပြပေးခဲ့သည်။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃၂၀၂၂) NSPAWတွင် အမျိုးသမီးနှင့် မီဒီယာဆိုပြီး ကဏ္ဍ၂ခုအနေနဲ့ ပါပါတယ် ဒါပေမယ့်စိတ်မကောင်းစရာက အမျိုးသမီးနှင့် မီဒီယာမှာ အရပ်ဖက်လူ့အဖွဲ့အစည်း လုပ်နိုင်စွမ်းက တအားနည်းနေပါတယ် ဆက်ပြီး အမျိုးသမီးသတင်းသမားများနှင့် အမျိုးသမီး အဖွဲ့စည်းများကြား စည်းခြားနေသည့်အသွင်မဖြစ်စေရန်   အမျိုးသမီးကွန်ယက်များကိုလည်း သူမ အနေဖြင့် ပြောကြားပြီး ကိုယ်တွေရဲ့လှုပ်ရှားမှုတွေကို သတင်းလာယူရုံသက်သက်မဟုတ်ပဲနဲ့ မျှတမှု ကိုလိုလားတဲ့၊ လွတ်လပ်မှုကို လိုလားတဲ့ ဒီညီအစ်မတွေဟာ ကျား၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့် အ၀ ရရှိရေးမှာ အတူတူပူးပေါင်းဆောင်ရွက်သွားဖို့မျှော်လင့်ပါတယ်ဟုပြောပါသည်။

အမျိုးသမီးအဖွဲ့အစည်းများအားလည်း သူ့တို့ပြောကြားချက်ကတော့ ဂျာနယ်လစ်အမျိုးသမီးတွေမှာလည်း ခွဲ ခြားမှု၊ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်နေရပါတယ် အမျိုးသမီးအဖွဲ့လို့ပြောရင် NGOs CSOs က အမျိုး သမီးတွေကိုပဲ မမြင်ပဲ ဂျာနယ်လစ်အမျိုးသမီးတွေကိုလည်း ထည့်သွင်းပေးစဉ်းစားပေးစေချင်တယ်

အမျိုးသမီးသတင်းထောက်တွေကိုလည်းဖိတ်တဲ့အခါ သတင်းထောက်အနေဖြင့် သတင်းယူဖို့တခုတည်း မဟုတ်ဘဲ အမျိုးသမီးအခွင့်အရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ပါ ဖိတ်စေချင်ပါတယ်လို့အိမ့်ခိုင်ဦးက ပြောပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးသတင်းထောက်များ တင်ပြသွားသောအချက်များ အားလုံးမဟုတ်သော် လည်း အချို့အချက်များကို ကွန်ယက်အဖွဲ့အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု အိမ့်ခိုင်ဦး ကပြောသည်။ အလုပ်ရုံဆွေးပွဲကရလာတဲ့အချက်တွေ၊ စိန်ခေါ်မှုတွေကို စာတမ်းတစောင်ထွက်ဖို့ လုပ်ဆောင် ထားပါတယ်ထိုစိန်ခေါ်မှုများသည် အနယ်နယ်အရပ်ရပ်ကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဖြစ်ကြောင်း သူမက ဆက်ပြောပါသည်။ ထို့ပြင် အကြံပြုချက်များ ဥပမာ – သတင်းထောက်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင် သင်တန်းလိုတယ်ဆိုသည့် အချက်တွေကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ အကောင်ထည်ဖော်ဆောင် ရွက်သွားရာတွင်လည်း အားလုံးသောအမျိုးသမီးသတင်းသမားများပူးပေါင်းပါဝင်မှ ပြည့်စုံအောင် အကောင်အ ထည် ဖော်သွားနိုင်မည်ဟု မျှော်လင့်ကြောင်းပြောခဲ့သည်။

ထိုမှ ၂၀၁၄ ဇန်နဝါရီလတွင် အွန်လိုင်းတွင် လူမှုကွန်ယက်(facebook page) စာမျက်နာတခုဖွင့်ပြီး အခက်အခဲ များ ပြောဆိုခြင်း၊ သတင်းရင်းမြစ်များ၊ စာအုပ်များ ဖြန့်ဝေခြင်းများစတင်လုပ်ဆောင်ခဲ့ကြသည်။ အစည်းအဝေး များအကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးကာ (၁၆) ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၆ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် အမျိုးသမီးဂျာနယ်လစ်ကွန်ရက်အမည်ဖြင့် အဖွဲ့ဖွဲ့စည်းရန် အများပြည်သူများသို့ အသိပေး ထုတ်ကြေညာ ချက် တစောင်ထုတ်ဝေခဲ့ရာမှ ယခုလိုပထမဦးဆုံးအကြိမ် မြန်မာအမျိုးသမီးသတင်းသမား ကွန်ယက်ဖွဲ့ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

Related Articles